Pages

Wednesday, November 7, 2012

“ပျဉ်မနားမြို့နယ်၊ကင်ပွန်းတန်းကျေးရွာ တွင်းရှိလူငါးဆယ်ခန့် မင်္ဂလာဆောင်မှ အပြန် အစာအဆိပ်သင့်“


နေပြည်တော်ကောင်စီနယ်မြေ၊ပျဉ်းမနားမြို့နယ်၊ကင်ပွန်းတန်းကျေးရွာရှိ ရွာသားငါးဆယ်ခန့် ယနေ့နေ့
လည်ပိုင်း မှစတင် ၍ အစာအဆိပ်သင့် ကာအထက်လန်အောက်လျှောဝေဒနာခံစားခဲ့ရကြောင်းသ တင်းရရှိ သည်။
ရွာသားငါးဆယ်အနက်မှရွာသား၃၀ခန့်မှာပျဉ်းမနားမြို့နယ်ဆေးရုံတွင်ဆေးကုသခံယူနေပြီးကျန်ရွာသားများ
မှာမူ ပျဉ်းမနားဆေးရုံမှ ဆေးရုံအုပ်ကြီးကိုယ်တိုင်ကျေးရွာသို့လာရောက် ကုသမှုပေးနေသည် ။


ထိုကဲ့သို့ကျေးရွားတွင်းမှ ရွားသားများတပြိုင်နက် အစာအဆိပ်သင့်ခြင်းမှာ ယင်းကျေးရွာတွင်ကျင်းပသော မင်္ဂလာဆောင်တစ်ခုမှ ကျွေးမွေးသည့် အစားအသောက်များကြောင့်ဖြစ်သည်ဟုသက်ဆိုင်ရာက ကနဦး
ကောက်ချက်ချထားသည်ဟု ရွာသားတစ်ဦးက ပေါ်ပြူ လာနယူးစ်သို့ပြောသည်။

“မနက်ပိုင်းမှာမင်္ဂလာဆောင်ကျင်းပတယ်။နန်းပြားသုပ်ကျွေးတယ်။နေ့လည်လောက်ရောက်တော့ သတို
့သား၊သတို့ သမီးတွေကအစ စားခဲ့တဲ့ရွာသားတွေအဆုံး အထက်လန်အောက်လျှောတွေဖြစ်ကြတယ်။အခင်း
ဖြစ်ရာနေရာကို နေပြည်တော်ကောင်စီ ပျဉ်းမနားတာဝန်ခံ ဗိုလ်မှုးကြီးမြင့်အောင်သန်းလာရောက်ခဲ့တယ်
။”ဟုအထက်ပါရွာသားကပြောသည်။
 
 
Popular Myanmar Media:

0 comments:

Post a Comment