Pages

Wednesday, November 7, 2012

ပြည်ပရောက် လူမှုရေးအဖွဲ့များနှင့် ညီညွှတ်မှုရခဲ့သည့် (၈၈)မျိုးဆက် ထိုင်းခရီးစဉ်


၈၈ မျိုးဆက်ကျောင်းသားများ၏ ပထမဦးဆုံး ထိုင်းနိုင်ငံခရီးစဉ်၌  မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ပညာ
ရေးအတွက် ချင်းမိုင်မြို့ရှိ လူထုအခြေပြုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအား နိုင်ငံတကာအဆင့်မှီတက္ကသိုလ်များသို့တရားဝင် ဝင်ရောက်
ပညာသင်ကြားနိုင်ရေး အတွက် ဖွင့်လှစ်ထားသည့် BEAM (Bridging Educational Access toMigrants)
ကျောင်းသို့ သွားရောက်လည်ပတ်ခဲ့သည့်အပြင်ရှမ်းလူထုအခြေပြုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်
သည်။
 
BEAM ကို ကျွန်တော် ကျေးဇူးတင်ပါတယ်၊ အဲ့ဒါ ဘာဖြစ်လို့လည်း ဆိုလို့ရှိရင် ဒီ Migrant အလုပ် သမား
တွေရဲ့ ကလေးတွေရဲ့ ပညာရေးဟာ ကျွန်တော်တို့အတွက်လည်း အရေးကြီးတယ်လေ တိုင်းပြည်အတွက်
လည်း အရေးကြီးတယ်၊ အရေအတွက်အားဖြင့် ကြည့်မယ်ဆိုလို့ရှိရင် ရွှေ့ပြောင်း အလုပ်သမား အားလုံးက ၃ ဒသမ ၅ သန်းလောက် ယိုဒယားနိုင်ငံထဲမှာ ရှိနေတယ်၊ 

အဲ့ဒီထဲမှာ ၂၀ နဲ့ ၃၀ ကြား ကလေးတွေရဲ့ အရေအတွက်ဟာ ၆၀ကနေ၇၀ရာခိုင်နှုန်းရှိတယ်ဆိုတော့ သန်း
နဲ့ချီ ပြီးရှိ နေတဲ့ ဒီကလေးတွေရဲ့ ပညာရေးဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် ကျွန်တော်တို့ နိုင်ငံသား
တွေ အတွက် အလွန်အရေးကြီးတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်ဆိုတဲ့ဟာကိုကွင်းကွင်းကွက်ကွက်ကျနော်တို့ သိ
လိုက် ရပါတယ်။ ဟု ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။
 
မြန်မာ့ဒီမိုကရေစီအရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့်ထိုင်းနိုင်ငံအခြေစိုက် အမျိုး
သမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB တို့ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီမှုရရှိခဲ့ သည်ဟုလည်း သိရသည်။
 
ကျွန်တော်တို့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးအသေးစိတ်အချက်အလက်တွေညှိနှိုင်းသွားမယ်ဆိုတဲ့သဘော
တူညီချက် ကျွန်တော်တို့ ရရှိခဲ့တယ်။ အဓိကတော့ တိုင်းရင်းသားတွေ အားလုံး တန်းတူညီမျှတဲ့အခွင့်အရေး
ရရှိဖို့၊ နောက်တစ်ခုက ဒီလွတ်လပ်တဲ့ တရားမျှတတဲ့ တန်းတူညီမျှမှုပေါ်မှာအခြေခံတဲ့ ပြည်ထောင်စုစစ်စစ်
ဖြစ်ပေါ်လာဖို့အတွက် WLB နဲ့ ကျွန်တော်တို့ လက်တွဲပြီးတော့မှအားလုံးစုံပြီးတွန်းတွန်းတိုက်တိုက်လုပ်ကိုင်
ဆောင်ရွက်သွားမယ်ဆိုတဲ့သဘောတူညီချက်တွေကျွန်တော်တို့ ရခဲ့ပါတယ်။ဟု (၈၈)ခေါင်းဆောင်ကိုမြ
အေးက ပြောသည်။
 
နိုဝင်ဘာလ (၅) ရက်နေ့က(၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးနှင့် အဖွဲ့ဝင်များသည် ထိုင်း
နိုင်ငံ ချင်းမိုင်မြို့၌  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အနေဖြင့် အမျိုးသမီးအဖွဲ့အစည်း (၁၂)ဖွဲ့ပူးပေါင်းဖွဲ့စည်းထား
သည့် WLB အဖွဲ့မှ အမျိုးသမီးခေါင်းဆောင်များနှင့် (၃)နာရီ ကျော်ကြာ တွေ့ဆုံမှုအပြီး ယခုကဲ့သို့ ပြောကြား
လိုက်ခြင်းဖြစ်သည်။
 
၎င်းအစည်းအဝေးတွင် အမျိုးသမီးကဏ္ဍ တစ်ခုတည်းသာ မဟုတ်ပဲ မြန်မာပြည် ဒီမိုကရေစီ ထွန်းကား ရေး
ခေါင်းစဉ်အောက်တွင်   ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး WLB အမျိုးသမီးခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံ၌ တိုင်းရင်းသားအားလုံးပါဝင်သည့်ညီလာခံ ပေါ်ပေါက်လာစေရေးအတွက်(၈၈)မျိုးဆက်နှင့်တိုင်ပင်ခဲကြောင်း
ကိုလည်း သိရသည်။
 

မြစ်မခသတင်း

0 comments:

Post a Comment