Pages

Wednesday, November 7, 2012

အမေရိကန်သမ္မတ အိုဘားမား ပြန်လည်ရွေးကောက်ခံရခြင်းအပေါ် ပြည်တွင်းနိုင်ငံရေးသမားများ၏ သဘောထားမှတ်ချက်များ


၂၀၁၂အမေရိကန်ရွေးကောက်ပွဲတွင်လက်ရှိသမ္မတအိုဘားမားထပ်မံရွေးကောက်ခံရမှုအပေါ်မြန် မာ့နိုင်ငံ
ရေးသမားများနှင့်ပညာရှင်များကကြိုဆိုကြသည်။အိုဘားမားထပ်မံရွေးကောက်ခံရမှုမှာမြန်မာနိုင်ငံ၏ ဒီမိုက
ရေစီပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာတွင် အမေရိကန်မှ ကူညီထောက်ပံ့မှုများ ပိုမို ရရှိ လိမ့်မည်ဟု ၄င်းတို့က တူညီစွာသုံးသပ်ကြသည်။
အိုဘားမားအစိုးရမှာမန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကိုအနီးကပ်စောင့်ကြည့်နေပြီး၊တိုးတက်မှုအလိုက်
ကူညီပံ့ပိုးအားပေးမှုများကိုလည်းတိုးမြှင့်ပေးလျက်ရှိသည်။နိုင်ငံရေးပါတီများမှတာဝန်ရှိသူများ၊ ပညာရှင်များ
၏ အိုဘားမား အနိုင်ရရှိမှု အပေါ် ၄င်းတို့၏ သဘောထား မှတ်ချက်များကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးခင်မောင်ဆွေ (ဥက္ကဋ္ဌ- အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)

အမေရိကန်အစိုးရ အဆက်ဆက်ကတော့ ဘယ်ဟာမဆို သူ့အမျိုးသားအကျိုးစီးပွားပေါ်မှာပဲ ရပ်တာပေါ့။ ဒါပေမဲ့ အိုဘားမားနိုင်သွားတော့ အိုဘားမားကတော့ မြန်မာနိုင်ငံအကြောင်းကို နောက်လူတွေထက် ပိုသိတယ်။ မြန်မာနိုင်ငံနဲ့ အဆက်အဆံရှိနေပြီ။ အလုပ်တွေလည်း လုပ်နေပြီဆိုတော့ သူက ပိုအဆင်ပြေ တာပေါ့။ သမ္မတအသစ်က သမ္မတအဟောင်းထက်တော့ နိုင်ငံတကာ အခြေအနေကို ဘယ်သိနိုင်ဦး မလဲ။ နောက်တစ်ခါ မြန်မာနိုင်ငံစီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်တဲ့ဟာကို အိုဘားမားအစိုးရက ပိုပြီး ဖွင့်ေ ပးေ နပြီ။ မစ်ရွမ်းနေက ရီပတ်ဘလီကန်ကဖြစ်နေတော့ စီးပွားရေးပိတ်ဆို့မှုတွေမှာ သူတို့ဘက်က တင်း တင်းမာ မာတွေလုပ်တာရှိနေတော့ မြန်မာနိုင်ငံအတွက်ကတော့ အိုဘားမားရှိနေတာ ပိုကောင်းမယ်လို့ ယူ ဆ ရ တာပေါ့။

ဦးဥာဏ်ဝင်း (ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင်- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

ပုဂ္ဂိုလ်ရေးရွေးချယ်မှုထက် သူတို့ရဲ့ သမ္မတရွေးကောက်ပွဲကျင်းပတာကို အရမ်းသဘောကျပါတယ်။ အို ဘားမားနိုင်သွားတဲ့အတွက်သူဟာကမ္ဘာကြီးအတွက်ပိုကောင်းအောင်လုပ်နိုင်မယ်လို့ထင်ပါ တယ်။ နော က်ပြီး ရက်ပိုင်းအတွင်း မြန်မာပြည်လာဖို့လည်းရှိတော့ သမ္မတအဖြစ်နဲ့ လာတာပိုကောင်းပါ တယ်။ ကျွန်တော် တို့နိုင်ငံနဲ့ ဆက်ဆံရေးဟာလည်း သူနိုင်သွားတဲ့အတွက် ဒီထက်ပိုကောင်းလာမယ့် အခြေ အနေမှာ ရှိပါတယ်။

ဒေါ်သန်းသန်းနု (အတွင်းရေးမှူး-ဒီမိုကရက်တစ်ပါတီ(မြန်မာ))

ကျွန်မတို့က ၀မ်းသာပါတယ်။ သူက မြန်မာပြည်အတွက် ဦးဆောင်ပြီးလုပ်တဲ့ အစီအစဉ်တွေ အများကြီးရှိ တယ်လို့သိရတယ်။ 
ဒါကြောင့် လက်ရှိလူနိုင်သွားတာ ပိုကောင်းပါတယ်။ ဘယ်သူပဲနိုင်နိုင် ခုချိန် မှာ မြန်မာနိုင်ငံရေးကိုတော့ စိတ်ဝင်စားပြီး လုပ်ပေးကြမယ် ဆိုပေမယ့် လုပ်လက်စရှိတဲ့ သူက နိုင် သွားေ တာ့ ကျွန်မတို့နိုင်ငံအတွက် ပိုပြီးမြန်မြန်ဆန်ဆန် လုပ်ပေးနိုင်တာပေါ့။

ဒေါက်တာစိုးထွန်း (ပေါ်လစီရေးရာကျွမ်းကျင်သူ)

အိုဘားမား အနိုင်ရတဲ့အတွက် ၀မ်းသာတယ်။ အိုဘားမားလက်ထက်ကစပြီး မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပိုကောင်းလာတာရှိတယ်။ USAID က လုပ်မယ့်ဟာတွေလည်းရှိတယ်။ ကျွန်တော်တို့အတွက်က အိုဘား မား အနိုင်ရတာဟာ ဒါတွေကို ရှေ့ဆက်သွားမယ့်သဘောရှိတယ်လို့ ယူဆတယ်။ အိုဘားမား လက်ထက် ကျမှ မြန်မာပြည်မှာ သံအမတ်ကြီးခန့်တဲ့ကိစ္စတို့ နိုင်ငံခြားရေးဝန်ကြီး မစ္စကလင် တန်လာ တဲ့ကိစ္စ တို့ ဖြစ်ခဲ့ တဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေးက ပိုကောင်းလာနိုင်တယ်။

ဒေါက်တာအောင်ထွန်းသက် (စီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင်)

အစကထဲကအိုဘားမားကိုအားပေးတယ်။သူကဒီမိုကရက်တစ်လည်း ဖြစ် တယ်လေ။ နောက်ပြီး မြန် မာပြည် လာဖို့လည်းရှိတော့သမ္မတအဖြစ်နဲ့လာတာပိုကောင်းတာပေါ့။မြန်မာနိုင်ငံနဲ့ဆက်ဆံရေးလည်းပိုကောင်း လာ
နိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံအတွက် ၀မ်းသာစရာပါပဲ။

ဒေါက်တာမင်းဇော်ဦး (မြန်မာငြိမ်းချမ်းရေးစင်တာ အကြံပေး၊ နိုင်ငံတကာပဋိပက္ခရေးရာကျွမ်းကျင်သူ)

မြန်မာနိုင်ငံနဲ့ပတ်သက်လို့အိုဘားမားကမြန်မာအစိုးရလုပ်နေတဲ့နိုင်ငံရေးအပြောင်းအလဲကိုအမေရိကန်အ
နေနဲ့ထောက်ခံပြီးတော့ဝန်းရံပေးသွားမယ်။မြန်မာပြည်နဲ့အမေရိကန်ကြားဆက်ဆံရေးပိုပြီးေ တာ့ နွေးထွေး
လာတဲ့ဆက်ဆံရေးရအောင်လုပ်မယ်ဆိုတဲ့ဟာကအရင်ထဲကချထားတဲ့ပေါ်လစီဆိုတော့ဒီပေါ်လစီကို ပိုပြီး
တော့လုပ်လိမ့်မယ်လို့ ထင်ပါတယ်။
7day news

0 comments:

Post a Comment