Pages

Wednesday, November 7, 2012

ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်ဖော်ပြသော ဆက်သွယ်ရေး ဥပဒေကြမ်း

လျို့ဝှက်၊ညစ်ညမ်းသတင်းများဖန့်ချိလျှင်အရေးယူမည်ဟုဖော်ပြထားပြီးမည်သူမဆိုညစ်ညမ်းသောသတင်း အချက်အလက်များကို ပေးပို့ခြင်း သို့ ဖြန့်ချိခြင်း သို့ ပါဝင် ဆောင်ရွက်ခြင်း ၊သိုမှီး ထိန်းသိမ်းထားသည့် သတင်းအချက်အလက်များ တစ်ရပ်ရပ်ကိုဖြစ်စေ ၊ လျှို့ဝှက်ချက် နှင့် သက်ဆိုင်သော သတင်းအချက်အလက် တစ်ရပ်ရပ်ကိုဖြစ်စေ ပိုင်ရှင်၏ ခွင့်ပြုချက် သို့ သဘောတူညီချက် မရှိဘဲ ဝင်ရောက်ကြည့်ရှုခြင်း ၊ ရယူခြင်း ၊ ကူးယူခြင်း ၊ ထုတ်နုတ်ခြင်း ၊ပျောက်ဆုံးစေခြင်း သို့ ပေးပို့ ဖြန့်ချိခြင်း ၊ 
မူပိုင်ခွင့်ပိုင်ရှင် ၏ ခွင့်ပြုချက်မရှိဘဲ စာပေ အနုပညာ လက်ရာ ကိုဖြစ်စေ ၊ မူပိုင်ခွင့် နှင့် ဆက်နွယ်သည့် အခွင့် အရေးတစ်ရပ်ရပ်ကိုဖြစ်စေ စီးပွားရေး အလို့ငှာ မူပွားခြင်း ၊အရုပ်နှင့်အသံတို့ ကို ပေါင်း စပ်ခြင်း၊ ရောင်းချခြင်း ၊ ဖြန့်ချိခြင်း ၊ ထုတ်လွှင့်ခြင်း နှင့် ပြည်တွင်း သို့ တင်သွင်းခြင်း တို့ကို သိလျက်နှင့် တမင်တကာ ကျူးလွန်ခြင်း တို့ကို ကျူးလွန်ကြောင်းပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံရမည် ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်ဖော်ပြသော ဆက်သွယ်ရေး ဥပဒေကြမ်း၌ပါရှိသည် ။
 မြန်မာ့အလင်း

0 comments:

Post a Comment