Pages

Wednesday, November 7, 2012

လူကြီးမင်းရဲ့ မဟာလျှော့ဈေး အစီအစဉ် သစ်


လူကြီးမင်းရဲ့ မဟာလျှော့ဈေး အစီအစဉ်သစ် ထပ်လုပ်ပါပြီ။ ဒီကနေ့ နိုဝင်ဘာလ ၇ ရက်နေ့ကနေ ၁၁ ရက်
န့ထိ ကူပွန်စနစ်နဲ့ မဲနှိုက်ရောင်းချပေးသွားမှာပါ။ပြီးခဲ့တဲ့မဟာလျှော့ဈေးအစီအစဉ်မှာတော့နေပြည်တော်
၊ပျဉ်းမနားနဲ့တောင်ကြီးဆိုင်ခွဲတွေမှာတော့အောင်မြင်ခဲ့ပေမယ့်ရန်ကုန်နဲ့ တခြားနေရာတွေ အောင်မြင်မှုမ
ရှိပဲ ဖုန်းအလုံးရေ ၈၀ ကျန် ရှိနေခဲ့ တာပါ။
အခုတော့ အဲဒီ Samsung Mini ဟန်းဆက် တယ်လီဖုန်း အလုံး ၈၀ ကို ကျပ် ၅ ထောင်နဲ့ ထပ်မံ ရောင်း ချပေး ဖို့အတွက် လူကြီးမင်းဆိုင်တွေကို လာရောက်ပြီး ကူပွန်မှာ အမည်၊ နေရပ်လိပ် စာတွေ ဖြည့်
ကာပေးခဲ့ရမှာဖြစ်ပြီး မဲနှိုက်တဲ့ စနစ်နဲ့မဟာလျှော့ဈေးမဲပေါက်သူကို ရောင်းချသွားမယ့်အစီအစဉ်သစ်  ကို သတင်းစာမှာ ကြော်ငြာဖော်ပြထားပါတယ်။

မဲပေါက်သူအနေနဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှ လူကြီးမင်းဆိုင်တွေမှာ ၀ယ်ယူဖို့ အစီအစဉ် လုပ်လိုက်ပါ တယ်
။ယခင်တခေါက်ကတော့ လူကြီးမင်း ဖုန်းဆိုင်ကို မဟာလျှော့ဈေးအတွက်လာရောက်တန်းစီကြ သူတွေ က
 ဒေါသအမျက်ထွက်ခဲ့ကြပြီး လုံခြုံရေး မထိမ်းနိုင် ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး လူကြီးမင်းလည်း ရှင်းခဲ့ရပါတယ်။


irrawaddy

1 comments:

Anonymous said...

သက်သက်ပွဲခံနေတာကိုကလက်မခံနိုင်စရာပဲ..........
လုပ်ရင်တော့......အစိုးရလုပ်ပေးမှာပေါ့.........
လူကြီးမင်းကဘာမို့ လို့ ပွဲခံနေတာလဲ......
လူတွေသေဆုံး၊ဒဏ်ရာ ရအောင်လုပ်နေတဲ့လူကြီးမင်းဖုန်းဆိုင်ကလူတွေတော့
စောက်ရူးပဲ................

Post a Comment