Pages

Friday, November 9, 2012

"ပြည်ပမှ ဖုန်းဆက်သွယ်ရေး နိုင်ငံခြားကုမ္ပဏီလေးခုအား လုပ်ကိုင်ခွင့် ချပေး၊ နိုင်ငံတော်မှ ဝင်ငွေ တစ်နှစ်လျှင် ကန်ဒေါ်လာ ၉၆ သန်း ရရှိမည်"

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပြည်ပမှ ဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှု များကို နိုင်ငံခြားကုမ္ပဏီလေးခုအား လုပ်ကိုင်ခွင့်ပေး လိုက်ပြီဖြစ် ကြောင်း ဆက်သွယ်ရေးမှ သိရသည်။လုပ်ကိုင်ခွင့်ပေးလိုက်သည့် ကုမ္ပဏီများမှာ PCCW, NTT, HGC နှင့် DTACကုမ္ပဏီများဖြစ် ပြီး တစ်နှစ်စာချုပ်ချုပ်ဆိုထား ကြောင်း သိရသည်။”မြန်မာ့ ဆက်သွယ်ရေးရဲ့ ဝက်ဘ်ဆိုက်မှာ တရားဝင် ဖော်ပြထားပါတယ်။
ပြည်တွင်း ကုမ္ပဏီတွေကိုတော့ လုပ်ကိုင်ခွင့်မပေးထားဘူး။ ဒီလုပ်ငန်းရဲ့ သဘော သဘာဝ ကိုက ပြည်ပအဝင်ခေါ်ဆိုမှုတွေကို ကျွန်တော်တို့ပြည်တွင်းကို တင်သွင်းရတာဖြစ်တယ်။ ဒါကြောင့် နိုင်ငံတကာ ဆက်သွယ်ရေး ဝန်ဆောင် မှုလုပ်ငန်းကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကို သာ ပေးအပ်ရတာပါ” ဟု ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် ဦးကျော်စိုးဝင်းက ပြောသည်။ အဆိုပါ လုပ်ပိုင်ခွင့်ရရှိသော ကုမ္ပဏီများမှာ တစ်လလျှင် ကုမ္ပဏီတစ်ခုကို အမေရိ ကန် ဒေါ်လာ နှစ်သန်းနှင့် အဝင်ပေးပို့မှု မိနစ် ၁ဝ သန်းပေးသွင်း ရမည်ဖြစ်ပြီုးမ္ပဏီလေးခု ဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့်တစ်နှစ်လျှင် ကန်ဒေါ်လာ ၉၆ သန်းရရှိမည်ဖြစ် ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြန်မာနိုင်ငံသို့ တယ်လီဖုန်းအဝင် ခေါ်ဆို မှုများအတွက် နိုင်ငံတကာ ကုမ္ပဏီ ၁၇ ခုမှ အဆိုပြုထားခဲ့ပြီး ယင်းအနက် သတ်မှတ်ထား သည့် နှုန်းထားများအား ပေးသွင်းမည်ဟု ကတိပြုသည့် ကုမ္ပဏီလေးခုကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်၊း အဆိုပါ ကုမ္ပဏီများအနေဖြင့် စာချုပ်သက်တမ်း ကုန်ဆုံးပါ က နှစ် ဦးနှစ်ဖက် ညှိနှိုင်း၍ တစ်နှစ်ထပ်မံ သက်တမ်း တိုးနိုင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေး ဝက်ဘ်ဆိုက် တွင် ဖော်ပြထားသည်။ ယခင်က မြန်မာနိုင်ငံသို့ ပြည်ပမှ တယ်လီဖုန်း အဝင်ခေါ်မှု မိနစ်မှာတစ်လလျှင် ၂၆ သန်းသာရှိပြီး ဝင်ငွေမှာကန်ဒေါ်လာ ၅ သန်းခွဲ ရရှိခဲ့ကြောင်း သိရသည်။

AF Ijournal
အေးချမ်းမွန်မှ
 

0 comments:

Post a Comment