Pages

Friday, November 9, 2012

ပါတီပိုစတာ နဲ့ ရွှေပြည်သာက မြေအမှု

သတင်း နှင့် ဓာတ်ပုံ အဲမလီ ~
မြေကွက်တွေကို လိမ်လည်ရောင်းစားထားသူလို့ စွပ်စွဲခံထားရသူဟာ နိုင်ငံရေးပါတီတခုက အဖွဲ့ဝင် ဖြစ်နေတာကြောင့် ဒီအမှုကို သတိထားပြီး ကိုင်တွယ်နေရတယ်လို့ ရွှေပြည်သာမြို့နယ် ဒုရဲအုပ် အထွန်းက ပြောပြပါတယ်။ဇာတ်လမ်းအစက ဒီလိုပါ -
ရွှေပြည်သာမြို့နယ် မဲခေါင်လမ်းက ဦးစိန်လှိုင် ပိုင်ဆိုင်ထားတဲ့ မြေကွက်ထဲကို ဘုန်းကြီးကျောင်းတကျောင်းက ကျူးကျော် ဆောက်လုပ်လာတယ်၊ ဒါကို ဖယ်ရှားပေးဖို့ မအေးအေးမာကို အကူအညီ တောင်းခံခဲ့တာလို့ မြေရှင်က ပြောပြပါတယ်။



မအေးအေးမာက သူတို့ပါတီအနေနဲ့ ဒီကိစ္စမျိုးတွေကို ကူညီနိုင်ပါတယ်။ ဒီထက်ပိုပြီး ထိထိရောက်ရောက် ဖြစ်ချင်ရင်တော့ ဦးစိန်လှိုင်ပိုင်ဆိုင်ထားတဲ့ စာရွက်စာတမ်းတွေကိုတော့ သူ့ဆီ ခဏလွဲထားဖို့ ဒီမြေကွက်တွေကိုလည်း သူ့ကို ရောင်းထားပြီးကြောင်း သက်သေပြနိုင်ဖို့ ဟန်ပြအရောင်းအ၀ယ် စာချုပ်တခုမှာ သက်သေတွေနဲ့ လက်မှတ်ထိုးလိုက်ကြပါတယ် တဲ့။

အဲဒီနောက်ပိုင်း မအေးအေးမာက ပိုင်ဆိုင်မှု ပြေစာတွေကို ပြန်မပေးတော့ဘဲ မြေတကွက်ကို ၆ သိန်း ၊ ၁၂ သိန်း ၊ ၂၈ သိန်း နဲ့ ရောင်းလိုက်တယ်လို့ ဦးစိန်လှိုင်က ပြောပြပါတယ်။



 ရောင်းလိုက်တဲ့ မြေကွက်ပေါ်မှာ အိမ်တွေဆောက်ပြီး ၈၈ ပါတီ တံဆိပ် မဲဆွယ်စည်းရုံးရေး ပိုစတာကို ကပ်ထားပါတယ်။
အခြေအနေကတော့ တော်တော်လေး ရှုပ်ထွေးနေပါတယ်။
ဝိပလာရုံကျောင်းတိုက်က ဦးဇင်းတပါးကတော့ မအေးအေးမာဆီကနေ ၅၅ သိန်း နဲ့ ကျောင်းဆောက်ဖို့ ၀ယ်ခဲ့ရတယ်လို့ မိန့်ဆိုပါတယ်။

မအေးအေးမာဟာ ၈၈ ကျောင်းသားလူငယ်များပါတီဖြစ်ပြီး ရွှေပြည်သာမြို့နယ် တာဝန်ခံတဦးလို့ သိရပါတယ်။

ပါတီဥက္ကဋ္ဌဖြစ်တဲ့ ဦးရဲထွန်းကတော့ ဒီကိစ္စကို စုံစမ်းနေတုန်းပဲ လို့ပြောပါတယ်။ ပါတီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာရင်တော့ ဒီသတင်းကိုရေးသားသူတွေကို တရားစွဲဆိုသွားမယ်လို့ ပြောဆိုပါတယ်။

ရွှေပြည်သာမြို့နယ်ရဲစခန်း ဒုရဲအုပ် အထွန်းကတော့  မအေးအေးမာကို ပုဒ်မ ၄၂၀ နဲ့ အရေးယူထားတယ်၊ ဒီအမှုမှာ ပါဝင်တဲ့ သက်သေတွေကို စစ်ဆေးပြီးပြီဖြစ်တယ်၊ မအေးအေးမာကိုပဲ စစ်ဆေးဖို့ ကျန်တော့တယ်လို့ ဖြေကြားခဲ့ပါတယ်။ 



ဧရာဝတီသတငိး

0 comments:

Post a Comment