Pages

Friday, November 9, 2012

Model ခုနှစ်အလိုက် ပုံစံပြောင်းလဲမည့်ဖြစ်သော်လည်း ကားဈေးကွက်လှုပ်ခတ်မှုမရှိနိုင်


မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားမူများအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့မှ စတင်၍ လုပ်
ငန်းဆိုင်ရာ သတ်မှတ်အချက်များအရ Model ခုနှစ် အလိုက် ပြောင်းလဲဆောင်ရွက်တော့မည် ဖြစ်ကြောင်း
မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

အဆိုပါပြောင်းလဲမှုမှာ ကားဈေးကွက်အတွင်း သိသိသာသာလှုပ်ခတ်မှုမရှိနိုင်ကြောင်းကားကုမ္ပဏီမှတာဝန်
ရှိတစ်ဦးက သုံးသပ်သည်။
 
"ဒါကတော့ နှစ်စဉ်ပြောင်းလဲမှုဖြစ်နေတာပါ၊ နှစ်အလိုက်တင်သွင်းခွင့်သတ်မှတ်ပြီးသားပါ ၂၀၁၁မှာ ၉၅ အ
ထက်မော်ဒယ်တွေပဲ တင်သွင်းခွင့်ရှိတယ်၊ (၅)နှစ်သတ်တမ်းလျော့ပြီး တင်သွင်းခွင့် ရှိပြီးသားပါ ၊၂၀၁၂မှာ
ဆိုရင် ၉၆ အထက် မော်ဒယ်၊ ၂၀၁၃ မှာဆိုရင်တော့ ၉၇ အထက် မော်ဒယ်ပေါ့၊ ကားဈေးကွက်ကတော့ လှုပ်ခတ်နိုင်မှု မရှိနိုင်ပါဘူး၊ ဖြစ်နေကြပဲလေ" ဟု SAKURA Auto Auction  ကားကုမ္ပဏီမှ ကိုဇော်ဇော်
အောင်က ပြောသည်။
 
၂၀၁၃ခုနှစ် ဇန်န၀ါရီ (၁)ရက်နေ့တွင် ယာဉ်အို/ယာဉ်ဟောင်းအပ်နှံ၍ အစားထိုး မော်တော်ယာဉ် တင်သွင်း
ခွင့် လျှောက်ထားရာတွင် ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ထုတ်လုပ်သော မော်တော် ယာဉ်များ၊ ၂၀၀၈ ခုနှစ်နှင့် အထက် ထုတ်လုပ်သော 1350CC နှင့် အောက် လူစီးမော်တော်ယာဉ်ငယ်များကို ခွင့်ပြုသွားမည်
ဖြစ်ကြောင်းလည်း သိရသည်။
 
အဆိုပါ မော်တော်ယာဉ်တင်သွင်းခြင်းခွင့်ပြုချက်တွင် နိုင်ငံခြားသဘောင်္သားများ၊ နိုင်ငံခြားရေးဝန်ထမ်းများ၊
ကာကွယ်ရေး ၀န်ကြီးဌာနမှ စစ်သံဝန်ထမ်းများ၊ ပြည်တွင်းကုမ္ပဏီများ၊ဟိုတယ်လုပ်ငန်းရှင်များ၊ ပြည်ပတွင်
သွားရောက်အလုပ်လုပ် ကိုင်နေသူများသည် လူစီးမော်တော်ယာဉ် လျှောက်ထား ရာ၌ ၂၀၀၈ ခုနှစ်နှင့်အ
ထက် လူစီးမော်တော်ယာဉ်များကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 

အလားတူ တစ်ဦးချင်း နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော နိုင်ငံသားများလူစီး မော်တော်ယာဉ်တင်သွင်း
ခွင့် လျှောက်ထားရာ၌ ၂၀၀၈ ခုနှစ်နှင့် အထက်လူစီး မော်တော်ယာဉ်များကို လည်းကောင်း ၊ ၂၀၀၃ခုနှစ်
နှင့်အထက် Light Truck / Truck (တစ်တန်နှင့်အထက်) မော်တော်ယာဉ်များ၊၂၀၀၃ခုနှစ် နှင့် အထက်
ဘယ်မောင်း City Bus မော်တော်ယာဉ်များနှင့် ၂၀၀၈ခုနှစ်အထက် ဘယ်မောင်း Busမော် တော်ယာဉ်များ
ကိုလည်းကောင်း ခွင့်ပြုသွားမည်ဖြစ်သည်။
 
ထို့အပြင် ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့ထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုသော Taxi ယာဉ် များ
အတွက် ၂၀၀၈ ခုနှစ်နှင့် အထက် Taxi ယာဉ်များကို လည်းကောင်း လျှောက်ထားတင်သွင်းခွင့် ပြုမည်ဖြစ်
ပါသည်။
 
သက်ဆိုင်ရာ မော်တော်ယာဉ်အမျိုးအစားများ၏ ဆိပ်ကမ်းအရောက် အနိမ့်ဆုံးဈေးနူန်း (C.I.Fတန်ဖိုး) Model Year အလိုက်၊ Brand အလိုက်၊ အင်ဂျင်ပါဝါအလိုက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့ လုပ်ငန်း
ရှင် များနှင့် ဆွေးနွေးညှိနှိုင်းကာ အချိန်မီထုတ်ပြန်ပေးသွား မည်ဖြစ်သည်ဟုလည်း သိရသည်။

မြစ်မခသတင်း
 

0 comments:

Post a Comment