Pages

Friday, November 9, 2012

အဆိုတော် ခင်မောင်တိုး ကျန်းမာရေးအခြေအနေတိုးတက်လာဟုဆို မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့မှ တေးရေးဆရာ (ဦး)ဝင်းမင်းထွေးက ပြော ကြား

News of Myanmar
ယနေ့(၉.၁၁.၂၀၁၂)ည ၁၀နာရီ ၂၀ ၀န်းကျင် တွင် အဆိုတော် သျှီ မျှဝေသော အဆိုတော် ဦးခင်မောင်တိုး ၏ ကျန်းမာရေးအခြေအနေ ဖြစ်ပါသည်။

"ဦးတိုးကြီး ... သတိပြန်ရလာပါပြီ ...

မိသားစုနဲ့ စကားအနည်းငယ်ပြန်ပြောနိုင်လာပြီလို့ သိရပါတယ် ...

ပရိသတ်တွေမေတ္တာကြောင့်လည်းပါမှာပါ ...

ဆက်ပြီး ဆုတောင်းမေတ္တာပို့သကြပါဦးနော် ..."

အဆိုတော် ခင်မောင်တိုး ကျန်းမာရေးအခြေအနေတိုးတက်လာဟုဆို မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့၏ ပင်တိုင်အဆိုရှင်တစ်ဦးဖြစ်သော ခင်မောင်တိုး ကွယ်လွန်သွားသည့် သတင်းများသည် ရန်ကုန်မြို့ရှိ လူမှု ကွန်ရက်နှင့် အင်တာနက်စာ မျက်နှာ တို့တွင် ပျံ့နှံ့နေပြီး ၄င်သတင်းများ မှာ ကောလဟာလဖြစ်ကြောင်း တေးရေးဆရာ (ဦး)ဝင်းမင်းထွေးက ပြော ကြားသည်။ ''နိုဝင်ဘာလ ၈ ရက်နေ့ညပိုင်းမှာ ဦးခင်မောင်တိုးဆုံးပြီဆိုတဲ့ သတင်းတွေfacebook ပေါ်တက်လာ တယ်၊ ဒါတွေဟာ မှားနေတယ်၊ အခု ဦးတိုးကြီးက စင်ကာပူမှာ ဆေးကုသ မှုခံယူနေပါတယ်။ နိုဝင်ဘာ ၉ ရက် နေ့မှာရတဲ့ သတင်းတွေအရ အခြေ အနေတိုးတက်ကောင်းမွန်လာပါ တယ်'' ဟု ၄င်းကပြောသည်။ အဆိုတော်(ဦး)ခင်မောင်တိုးသည် စင်ကာပူနိုင်ငံ၌ အသည်းရောဂါဖြင့် ဆေးဝါးကုသနေသည်မှာ နှစ်လနီးပါးခန့်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ယနေ့(၉.၁၁.၂၀၁၂)ည ၁၀နာရီ ၂၀ ၀န်းကျင် တွင် အဆိုတော် သျှီ မျှဝေသော အဆိုတော် ဦးခင်မောင်တိုး ၏ ကျန်းမာရေးအခြေအနေ ဖြစ်ပါသည်။

"ဦးတိုးကြီး ... သတိပြန်ရလာပါပြီ ...

မိသားစုနဲ့ စကားအနည်းငယ်ပြန်ပြောနိုင်လာပြီလို့ သိရပါတယ် ...

ပရိသတ်တွေမေတ္တာကြောင့်လည်းပါမှာပါ ...

ဆက်ပြီး ဆုတောင်းမေတ္တာပို့သကြပါဦးနော် ..."

The Voice Weekly
 

0 comments:

Post a Comment