Pages

Friday, November 9, 2012

မိုဘိုင်းဖုန်း အင်တာနက်သုံးခများ ဒေတာစီးဆင်းမှုပမာဏအပေါ် မူတည်ကောက်ခံမည်

မိုဘိုင်းဖုန်း အင်တာနက်သုံးခများ ဒေတာစီးဆင်းမှုပမာဏအပေါ် မူတည်ကောက်ခံမည်

မိုဘိုင်းအင်တာနက် အသုံးပြုခများကို မိနစ်ဖြင့်ကောက်ခံမည့်အစား ဒေတာစီးဆင်းမှုပမာဏ (Bandwidth) ဖြင့် နိုဝင်ဘာလအတွင်း ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ "နိုဝင်ဘာလထဲမှာ အင်တာနက်သုံးစွဲခကို Volume ဆွဲတဲ့ပေါ်မူတည်ပြီး ကောက်ခံသွားမှာပါ။ Download Volume နှုန်းနဲ့ ကောက်ခံဖို့လည်း စီစဉ်နေပါတယ်။ 1MB အောက်ကို ဈေးနှုန်းတစ်မျိုး၊ 100MB ကို
 ဈေးနှုန်းတစ်မျိုးနဲ့ ကောက်ခံသွားမှာပါ။ ဈေးနှုန်းကတော့ ညှိနှိုင်းဆဲပါ" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းကပြောသည်။ လက်ရှိတွင် အင်တာနက်အသုံးပြုခမှာ တစ်မိနစ်လျှင် နှစ်
ကျပ်ကောက်ခံပြီးWCDMA နှင့် CDMA 800MHz မိုဘိုင်းများတွင်တစ်မိနစ်လျှင် လေးကျပ်နှုန်းဖြင့် ကောက်
ခံလျက်ရှိသည်။

"Bandwidth စနစ်နဲ့ကောက်ခံတာ ကောင်းတာပေါ့။ အခု နိုင်ငံတကာအဆင့်မီသွားပြီ။ အရင်က အင်တာနက်ခကို 2G ၀ယ်ထားပေမယ့် ဟန်းဆက်က 3G ရနေတယ်ဆို 2G နှုန်းနဲ့ပဲ ပေးရတယ်။ တချို့ အင်တာနက်ဆိုင်တွေဆို တစ်နေကုန် ဒေါင်းလော့လုပ်တာ။ မိုဘိုင်းဖုန်း အင်တာနက်ကို သုံးပြီးပေါ့။ အခု Volume နှုန်းနဲ့ ကောက်ခံမယ်ဆိုတော့ လိုင်းကျပ်တာတွေ အများကြီး သက်သာသွားမှာပေါ့" ဟု Barons Tele-Link Service Co.Ltd မှ ဒါရိုက်တာဖြစ်သူ ဦးဇော်မင်းဦးကပြောသည်။

မိုဘိုင်းဖုန်းအင်တာနက်အသုံးပြုခများအား နိုင်ငံတကာဈေးနှုန်းများနှင့်ညှိနှိုင်းကောက်ခံသွားမည်ဖြစ်ကြောင်း
၊ ဈေးနှုန်းများအား နိုဝင်ဘာလအတွင်း စတင်ပြောင်းလဲကောက်ခံသွားမည်ဖြစ်ပြီး ရန်ကုန်မြို့ဧရိယာအတွင်း လိုင်းကျပ်မှုများ မဖြစ်ပေါ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရ
သည်။

ကွန်ပျူတာ ပညာရှင်တစ်ဦးဖြစ်သူ ဦးရဲမြတ်သူက "ဒီလို စနစ်ပြောင်းလိုက်တာ ကောင်းတယ်။ နိုင်ငံတကာ
မှာလည်း ဒီလိုပဲ။ ဒါပေမဲ့ တစ်ခုဖြစ်သင့်တာက သုံးစွဲသူတွေကို ရွေးချယ်ခွင့်ပေးသင့်တယ်။

မိနစ်အလိုက် အဖြတ်ခံချင်တဲ့သူက မိနစ်နဲ့ဖြတ်တဲ့စနစ်ကို သုံးနိုင်အောင် လုပ်ပေးသင့်သလို ဒေတာသုံးသ
လာက် ဖြတ်မယ့် စနစ်အသစ်ကို ကြိုက်တဲ့သူကလည်း သူကြိုက်တဲ့စနစ်ကို သုံးနိုင်အောင် ရွေးချယ်ခွင့်ပေး
သင့်တယ်" ဟု သုံးသပ်ပြောကြားသည်။


7Day News

0 comments:

Post a Comment