Pages

Friday, November 9, 2012

၂၀၁၂ ခုနှစ် နိုဝင်ဘာလ(၈)ရက်နေကို မိုးထိမိုးမိရွှေလုပ်သားများ ဘဝ ဆွဲကြိုးချခံရသောနေ့အဖြစ်သတ်မှတ်


၀၁၂ ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့အား အလုပ်သမားများဘ၀ ဆွဲကြိုးချသောနေ့ဟု ရမည်းသင်း မြို့နယ်၊ မိုးထိမိုးမိ ရွှေလုပ်သားများ က သတ်မှတ်ကြောင်း ရွှေလုပ်သားများထံက သိရသည်။ကျွန်တော်တို့ လေ့လာ
စုံစမ်းကြည့်တဲ့အခါမှာ ကုမ္ပဏီတွေနဲ့ အာဏာပိုင်တွေက ပေါင်းပြီး လုပ်နေ တော့ လူ့အခွင့်အရေးတွေ ချိုး
ဖောက်နေတယ်။ 

ဥပဒေအထက်မှာ ဒီလိုလူတွေရှိနေတဲ့အတွက် ဒါတွေဟာမရှိသင့်ဘူးတစ်နိုင်ငံလုံးကိုယ်စားအနေနဲ့ ဒါလုပ်
သားတွေရဲ့လူ့အခွင့်အရေးတွေကို ဆွဲကြိုးချတာ နဲ့ အတူတူပဲဆိုပြီးတော့ ကျွန်တော်တို့က သတ်မှတ်လိုက်
တာပါ။ဟု  အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီအရှေ့ဆန္ဒထုတ်ဖော်မှု၌ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုသိန်းဇော်လွင်က ပြောသည်။
 
ရွှေလုပ်သားများမှ နိုဝင်ဘာ(၈)ရက်နေ့ နေ့လည်(၁)နာရီက ရန်ကုန်မြို့ရှိ အမျိုးကြီးပွားတိုးတက်ရေး ကုမ္ပ
ဏီအရှေ့မှ နေပြည်တော် အမှတ်(၂) သတ္တုတွင်းဝန်ကြီးဌာနသို့လမ်းလျှောက်ဆန္ဒထုတ်ဖော် ပြသနေသည်
မှာ  နိုဝင်ဘာ(၉)ရက်နေ့ နေ့လည် (၁)နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ဒရယ်ပူ ကျေးရွာသို့ ရောက်ရှိ
နေပြီဖြစ်သည်။

ရွှေလုပ်သားများအနေဖြင့် နေပြည်တော်သို့ လမ်းလျှောက်ချီတက်သည့် ခရီးစဉ်တွင် သက်ဆိုင်ရာမှ တရား
စွဲဆို မည်ဆိုပါက တရားဥပဒေချိုးဖောက်သူကို အရင်တရားစွဲဆိုမှ ရွှေလုပ်သားများကလည်း တရားစွဲခံမည်
ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာ တွင်ဦးဆောင်သူ ကိုလှိုင်မျိုးအောင်က ပြောသည်။
 
ကျွန်တော်တို့အနေနဲ့ကတော့ တကယ်တရားဥပဒေချိုးဖောက်နေတာ ဘယ်သူတွေလည်း တရား ဥပေ
ဒေချိုးဖောက်နေတဲ့ သူတွေကို အရင်တရား စွဲပေး၊ အဲ့ဒီလိုမှ ကျွန်တော်တို့လည်း တရား အစွဲ ခံမယ် ဟု  ၎င်းက ဆိုသည်။
 
ရွှေလုပ်သားများအနေဖြင့်လည်း အမျိုးကြီးပွားတိုးတက်ရေးကုမ္ပဏီအား လူ့အခွင့်အရေးချိုးဖောက်မှု များ၊ သဘာဝပတ်ဝန်းကျင် ညစ်နွမ်းမှုများ၊ သစ်တော်ပြုန်းတီးမှုများ၊ စာချုပ်ပါအချက်များကို ချိုးဖောက် သည့်
အတွက် တရားစွဲရန်ပြင်ဆင်ထားကြောင်းကိုလည်း ၄င်းတို့ထံက သိရသည်။
 
လက်ရှိအခြေအနေတွင်  ရွှေလုပ်သား(၂၂)ယောက် တစ်ဖွဲ့၊ (၁၂) ယောက် တစ်ဖွဲ့အား နှစ်သုတ်ခွဲ၍ ပုဒ်မ
(၄) ခုဖြင့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီမှ တရားစွဲဆိုထားသည်။
 
ကျွန်မတို့အနေနဲ့ ဘာမှလုပ်ပေးစရာမလိုပါဘူး။ အခုလိုလမ်းလျှောက်တယ်ဆိုတာကလည်း သူတို့ အခွင့်
အရေးပဲလေ။ ဒီကတော့ ဘာမှ လုပ်မပေးပါဘူး။ သူတို့ညှိနှိုင်းချင်ရင် ရမည်းသင်းမှာရှိတဲ့ ညှိနှိုင်းတဲ့ အဖွဲ့
ရှိပါတယ်။ ဟု အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဒေါ်နဒီလွင်က ပြောသည်။


မြစ်မခသတင်း
 

 

0 comments:

Post a Comment