Pages

Friday, November 9, 2012

ပြန်ကြားရေး ဒု ၀န်ကြီး facebook ဘယ်လို သုံးနေသလဲ


ကျွန်တော် Face Book သုံးတာနဲ့ပတ်သက်ပြီးအမြဲအမေးခံရတဲ့မေးခွန်းနှစ်ခုရှိပါတယ်။ပထမတစ်ခုကစာကို
ကိုယ်တိုင်ရိုက်သလားဆိုတဲ့မေးခွန်းပါ။ဒုတိယတစ်ခုကဒီလောက်အလုပ်များတဲ့ကြားကဘယ်အချိန်သုံး
သလဲဆိုတဲ့မေးခွန်းပါ။ နောက်ဆက်တွဲပြောတတ်တာကတော့ရုံးက၀န်ထမ်းတွေကို တာဝန်ပေးပြီးရေးခိုင်း
တာပါဆိုတဲ့ အပြော ပါပဲ။ 
ပထမမေးခွန်းနဲ့ ပတ်သက်ပြီးဖြေရရင် ကိုယ်တိုင်ရိုက်ပါတယ်။ ကိုယ်တိုင်ရိုက်ဖြစ်တဲ့အကြောင်းက လည်း ၂၀၀၀ ပြည့်နှစ်မှာ ဒုတိယဗိုလ်မှူးကြီး ဘ၀နဲ့ ဌာနတွင်း နှစ်ရှည်သင်တန်းတစ်ခုတက်ရပါတယ်။ အဲဒီ သင်တန်း မှာ ကွန်ပျူတာဘာသာရပ်ကို အခြေခံသင်ပေးသလို သင်တန်းသားများကလည်း လိုအပ်တဲ့ လုပ်ငန်းတွေလုပ်ဖို့ ကွန်ပျူတာနဲ့ အကူစစ်သည်တစ်ဦးခေါ်လာလို့ရပါတယ်။ 

ဖြစ်ချင်တော့ ကျွန်တော်က တပ်ရင်းအသစ် ဖွဲ့စည်းစဖြစ်လို့ တပ်ရင်းမှာ ကွန်ပျူတာကျွမ်းကျင်သူ တစ်ဦးပဲ ရှိတဲ့အတွက် ခေါ်သွားလို့ မရပါဘူး။ ဒါ့ကြောင့် သင်တန်းတက်ရတော့မယ်ဆိုတာ ကြိုသိတဲ့အချိန်မှာ မိုးကုတ်မြို့က AMT သင်တန်းကျောင်းမှာ အခြေခံကွန်ပျူတာ လေးပတ်သင်ပါတယ်။ 

Typing Tutor နဲ့ သင်ပါတယ်။ နောက်တော့ Win Fonts တွေနဲ့ နဲနဲသင်ပေးပါ တယ်။ ကျောင်းရောက် 
တော့ မဖြစ်မနေကိုယ်တိုင်ရိုက်တဲ့အခါ သင်တန်းကာလ ကိုးလ ပြီးတော့ အတော်လေးရိုက်တတ်လာပါ တယ်။ 

သင်တန်းဆင်းပြီး သိတ်မကြာခင်မှာ ရှမ်းပြည်တောင်ပိုင်းက အတော်ခေါင်တဲ့ ကျိုင်းတောင်းမြို့ လေးမှာ ရှိတဲ့သင်တန်းကျောင်းကိုပြောင်းရပါတယ်။ အနီးဆုံးမြို့နဲ့ မိုင်လေးဆယ် ဝေးတဲ့မြို့လို့ ခေါ်တဲ့ ရွာကြီးဖြစ် ပါတယ်။ 


အဲဒီကိုပြောင်းတော့ ဘက်ထရီအိုးကြီး၊အင်ဗာတာနဲ့ ကွန်ပျူတာ(Desk Top ) ရအောင်သယ်သွားပါ တယ်။ နောက်ပြီး အင်ကာတာစွယ်စုံကျမ်း၊ ဗြိတိန်နီးကားစွယ်စုံကျမ်းနဲ့ တစ်ခြား ပညာပေးစီဒီတွေဝယ် သွားပါတယ်။ 

ညဘက် ခြောက်နာရီကနေ ဆယ်နာရီ မီးလာရင် ဘက်ထရီအားသွင်း၊ မနက်ကျရင် ကွန်ပျူတာ လေ့ကျင့်၊ စီဒီတွေကနေ စာတွေဖတ်ပါတယ်။သင်တန်းကျောင်းဖြစ်တဲ့အတွက် စာဖတ်ချိန်လည်း ပိုရပါတယ်။ 

အဲဒီကနေပဲ စပြီး စစ်ပညာဂျာနယ်မှာ ဆောင်းပါးတွေရေးဖြစ်၊ ဆောင်းပါးတွေကို ကွန်ပျူတာနဲ့ ကိုယ့် ဘာသာကိုယ် စာစီ လုပ်ခွင့်ရခဲ့ပါတယ်။ အဲဒီမှာ သုံးနှစ်နီးပါးနေခဲ့ပြီးတဲ့နောက် ပြန်ကြားရေးကိုပြောင်းတဲ့ အချိန်မှာတော့ Word နဲ့ ကောင်းကောင်းစာရိုက်နိုင်တဲ့အခြေအနေကို ရနေပြီဖြစ်ပါတယ်။ 

အင်တာနက် ကတော့ ပြန်ကြားရေးရောက်မှ သုံးတတ်အောင် သင်ယူရတာပါ။ အခုလိုအလုပ်များတဲ့ အချိန်မှာ ဘယ်လိုများ FB သုံးလည်းဆိုရင်တော့ အိမ်မှာလည်း အင်တာနက် ရှိပါတယ်။ ရုံခန်းမှာလည်း ရှိပါတယ်။ ဖုန်းနဲ့လည်း သုံးပါတယ်။ ရုံးမှာလည်း Wi Fi တပ်ထားပြီး Ipad နဲ့လည်း သုံးပါတယ်။ အမြဲ ဖွင့်ထားပြီး နည်းနည်းအချိန် ရတာနဲ့ ၀င်ကြည့်ပါတယ်။ 

တစ်နေ့ တစ်ပုဒ်တော့ ရေးဖြစ်အောင်ကြိုးစားပါတယ်။ ဆောင်းပါးကတော့ တစ်ပတ်တစ်ကြိမ် ဖြစ် 
အောင်ရေးပါတယ်။ FB ဟာ ကျွန်တော့်အတွက် အကောင်းဆုံး လူထု ဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အတွက် သတင်းအချက်အလက်များရယူဖို့ ၊ မိမိအမြင်တွေ ကိုတင်ပြဖို့ အကောင်းဆုံးဖြစ်ပါတယ်။ 

ဒါ့ကြောင့် အလုပ်တစ်ခုအနေနဲ့ ဖြစ်အောင် လုပ်ပါတယ်။ ရုံးတာဝန်တွေနဲ့ ပိနေတဲ့ ကျွန်တော်တို့ တစ်တွေ ဟာ ပြည်သူတွေ ဘာတွေပြောနေ၊ ဘာတွေ ခံစား နေရတယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာ သိဖို့ အတွက် FB သုံးဖို့လိုတယ်လို့ထင်ပါတယ်။ 

ဒါပေမယ့် ဒီတစ်ခုထဲကို မှီခိုနေတာတော့မဟုတ်ပါဘူး။ ကိုယ်တိုင် ထိတွေ့ခြင်း၊ စာပေများကို ဖတ်ရှုခြင်း၊ ရုပ်သံမီဒီယာများကို ကြည့်ရှုခြင်းများနဲ့လည်း ဖြည့်ဆည်းဖို့ လိုပါတယ်။ 

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ဆိုရင်လည်း တစ်နေ့ကို တစ်နာရီ အနည်းဆုံးအချိန်ပေးပြီး အင်တာနက်ပေါ်ကနေ သတင်းအချက်အလက်များ ရယူတာ၊ ဖတ်ရှုတာလုပ်ပါတယ်။ ကျွန်တော် တို့ကိုလည်း အဲဒီလိုလေ့လာဖတ်ရှုဖို့ အမြဲတိုက်တွန်းပါတယ်။ 

ဒါဆိုရင် ကျွန်တော့ရဲ့ FB စာမျက်နှာဟာ ကိုယ်တိုင်ရေးနေတယ်ဆိုတာ ယုံကြည်နိုင်ပြီလို့ ထင်ပါတယ်။ 


ဧရာဝတီ
  

0 comments:

Post a Comment