Pages

Tuesday, October 16, 2012

OIC ရုံး ဖွင့်ခွင့်မပြုချင်းသည် လူသားချင်းစာနာမှု အကူအညီများ လက်မခံခြင်း မဟုတ်

သမ္မတရုံးညွှန်ကြားရေးမှူးဦးဇော်ဌေးကသူ၏အင်တာနက်စာမျက်နှာတွင်ဖော်ပြထားသည်OICရုံးဖွင့်ခွင့် မပြုဆိုသည်မှာနိုင်ငံတကာ
နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုလက်မခံဘူးဆိုတဲ့ သဘောမဟုတ်ဘူးဆိုတာ ရှင်းလင်းထားတာကို
ပြန်လည် တင်ပြပေးလိုက်ပါတယ်။
မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် ခွင့်မပြု ဟူသော ဆုံးဖြတ်ချက်မှာ နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ
လက်မခံ ဟူသော သဘောမဟုတ်

နိုင်ငံတော်သမ္မတကြီးအနေဖြင့်ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သောဖြစ်စဉ်များ၏ပကတိအခြေအနေမှန်ကိုသိရှိစေရန် လူသားချင်း
စာနာထောက်ထားရေးအကူအညီများပေးအပ်ခြင်းအတွက်လည်းကောင်းနိုင်ငံတကာထောက်ပံ့ကူညီမှုများကို လက်ခံဆောင်ရွက်
ပေး မည်ဖြစ်ကြောင်း အတိအလင်းထုတ်ဖော်ပြောကြားထားပြီးဖြစ်သလို နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်
ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲများကိုလည်း မြန်မာနိုင်ငံတွင် လက်ခံကျင်းပ စေခဲ့ပြီး ဖြစ်ပါသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားခဲ့သည့် မိန့်ခွန်း အပါအဝင် နိုင်ငံတော်သမ္မတကြီး၏ ပြောကြားချက်များ၌ နိုင်ငံတော်
သမ္မတကြီး အနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာကူညီထောက် ပံ့မှုများအားလုံးအတွက် တံခါးဖွင့်လှစ်ထား
ပြီး ဖြစ်ကြောင်း တွေ့ ရှိနိုင်ပါ သည်။

ရခိုင်ပြည်နယ်ပန်လည်ထူထောင်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လူသားချင်းစာနာ ထောက်ထားမှုဖြင့် ပံ့ပိုးကူညီဆာင်
ရွက် လျက်ရှိသော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများစွာတို့သည်လည်း မြန်မာ နိုင်ငံတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း
 တွေ့ရှိနိုင်ပါသည်။

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် ခွင့်မပြုဟူသော ဆုံးဖြတ်ချက်မှာ နိုင်ငံ တကာလူသားချင်း စာနာထောက်ထားမှု အကူအညီများ
လက်မခံဟူသော သဘောမဟုတ်ပါ။

နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုအားဖြင့် ပေးအပ်သော ထောက်ပံ့ကူညီမှုများကို ထိထိ ရောက်ရောက် ပေးအပ်နိုင်စေ
ရန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ဧရာဝတီသတင်း

0 comments:

Post a Comment