Pages

Tuesday, October 16, 2012

ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာန အငြိမ်းစားပါမောက္ခ ဆရာမကြီးဒေါ်ခင်အေးဝင်း ဘန်ကောက်မြို့တွင် ကွယ်လွန်

ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာန အငြိမ်းစားပါမောက္ခ ဆရာမကြီးဒေါ်ခင်အေးဝင်းသည်ဘန်ကောက်မြို
့တွင်အဆုတ်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသနေရာယနေ့ နေ့လယ်ခန့်ကကွယ်လွန်သွားပြီဖြစ်ကြောင်း
သတင်းရရှိသည်။
"ဆရာမကြီးကွယ်လွန်သွားတာဟုတ်ပါတယ်။ လောလောဆယ်တော့ဆရာမကြီးနာရေးနဲ့ ပြန်သယ်ဖို့အတွက်
တွ ဘာတွေကို သူ့ဌာနကလူတွေနဲ့ မိသားစုတွေတိုင်ပင်နေတုန်းပါ။ကျွန်တော်တို့ဆီကို နေ့လယ်လာက်မှာ
 သတင်းရောက်ပါတယ်"ဟု ဒေါ်ခင်အေးဝင်း ပါဝင်လုပ်ကိုင်လျက်ရှိသည့် လူမှုအဖွဲ့အစည်းတစ်ခုမှ တာဝန်
ရှိသူ ဦးစံလှက 7Day News သို့ ပြောသည်။

ဆရာမကြီးဒေါ်ခင်အေးဝင်းသည်အဆုတ်ရောဂါဖြင့်ရန်ကုန်တွင်တစ်လနီးပါးခန့် ဆေးကုသခဲ့ရပြီးဘန်ကောက်
မြို့တွင် သွားရောက်ကုသနေစဉ် ၁၀ ရက်ခန့်အကြာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဒေါ်ခင်အေးဝင်းသည်
လူမှုအဖွဲ့အစည်းများ၊ INGO များနှင့် အစိုးရဌာနအချို့တွင် အကြံပေးအဖြစ် လုပ်ကိုင်လျက်ရှိပြီး ရန်ကုန်
တက္ကသိုလ် စိတ်ပညာဌာန၏ အကြံပေးအဖြစ်လည်း ဆောင်ရွက်နေဆဲဖြစ်သည်။
 
7days News

0 comments:

Post a Comment