Pages

Tuesday, October 16, 2012

ကော့သောင်းရှိကျောက်မီးသွေးစက်ရုံဖျက်သိမ်းရန် ဒေသခံ ၂၀၀ ကျော်ဆန္ဒဖော်ထုတ်


ကော့သောင်းရှိရွှေပြည်သာရပ်ကွက်နှင့်အေးရိပ်ငြိမ်ရပ်ကွက်ကြား ကျောက် မီးသွေးစက်ရုံ၏ ဆူညံမှုများကြောင့် ဖျက်သိမ်းရန် ဒေသခံ ၂၀၀ခန့်စီတန်း လှည့်လည် ဆန္ဒထုတ်ဖော်လျှက်ရှိကြောင်းသိရသည်။အဆိုပါစက်ရုံ၏ ဆူညံမှုကြောင့် ပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများ၊စာသင်ကျောင်းများ၊ဒေသခံများအား စိတ်အနှောက်အယှက်ဖြစ်ကာ ကလေးများစာ သင်မှုအား အနှောင့်အယှက်ပြုဖြစ်သဖြင့် စာသင်ရာတွင် ဒုက္ခရောက်နေရကြောင်းထို့ကြောင့် ယနေ့နံနက် ၉နာရီမှ စတင်၍ ယင်းစက်ရုံအားဖျက်သိမ်းပေးရန်တောင်းဆို ဆန္ဒပြခြင်းဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဦးဝင်းဇော်က ပြောသည်။
လက်ရှိဒေသခံများမှ၎င်းကျောက်မီးသွေးစက်ရုံအားဖျက်သိမ်းရေး၊တခြားလောင်စာဆီ စက်ရုံတည်ဆောင်ရေးနှင့် ကျောက်မီးသွေး
စက်ရုံအလိုမရှိကြောင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ဦးဆောင်၍ စီတန်းလှည့်လည်ဆန္ဒပြလျှက်ရှိသည်။

0 comments:

Post a Comment