Pages

Tuesday, October 16, 2012

အက္ခရာ နံပါတ်မရွေး မာဇဒါ အုပ်စုဝင် ကားအားလုံး အပ်နှံနိုင်ပြီ

ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းရေးစီမံချက်အရအက္ခရာနံပါတ်မရွေးမာဇဒါ အုပ်စုဝင်ကားအားလုံးအပ်နှံနိုင်ပြီးကားတင်သွင်းခွင့်ပါ
မစ်တစောင်စီ ရရှိမှာ ဖြစ်ကြောင်း မီးရထားဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။လက်ရှိအပ်နှံနိုင်တဲ့မာဇဒါအုပ်စုဝင်ကားတွ
ဟာ ဌာနဆိုင်ရာ အသီးသီးကနေ လေလံပစ်ပြီး အများပြည်သူတွေကို ရောင်းချထားတဲ့ ကားတွေ ဖြစ်ပါတယ်။
ဒီကားတွေဟာနောက်ပိုင်း လေလံအောင် ကားတွေ ဖြစ်တဲ့အတွက် အက္ခရာ မြင့်ပေမယ့်လည်း ကားမော်ဒယ်တွေ အလွန်နိမ့်ပြီးအို
မင်းဟာင်းနွမ်းနေတဲ့ ကားတွေ ဖြစ်ပါတယ်။
 
မီးရထားဝန်ကြီးဌာနဟာ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းတဲ့ အစီအစဉ်ကို မှတ်ပုံတင်ထားတဲ့ အက္ခရာစဉ်အလိုက် ဖျက်သိမ်းခွပြုခဲ့
ပြီး လက်ရှိ ဗ အက္ခရာ ရောက်ရှိနေပြီဖြစ်ပါတယ်။ အက္ခရာစဉ်အလိုက် မဟုတ်ဘဲ ကားအမျိုးအစားအလိုက် ဖျက်သိမ်းခွင့်ပြုတာက
တော့ ဒါ ပထမဦးဆုံး အကြိမ်ဖြစ်ပါတယ်။
DVB

0 comments:

Post a Comment