Pages

Tuesday, October 16, 2012

ဂိုဏ်းဖွဲ့အကြမ်းဖက် ကျူးလွန်မှုများကို နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းနှိမ်နင်းမည်


ဂိုဏ်းဖွဲ့ကျူးလွန်မှုများနှင့် အကြမ်းဖက်မှုများအတွက် ဥရောပနိုင်ငံ များရှိ နိုင်ငံတကာရဲတပ်ဖွဲ့များနှင့် ပူးပေါင်းကာ နှိမ်နင်းသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ ယင်းကဲ့သို့ ဆောင် ရွက်နိုင်ရန် အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ပြင်သစ်နိုင်ငံတွင် ကျင်းပသည့် ဂိုဏ်းဖွဲ့ကျူးလွန်မှုနှင့် အကြမ်းဖက်မှုများကို နှိမ်နင်းရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
“ပူးပေါင်းဆောင်ရွက်ဖို့အတွက် ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့လက်မှတ်ထိုးဖို့ရှိပါတယ်ဟု မြန်
မာနိုင်ငံ ရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောပြခဲ့သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဘရူနိုင်းနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပြင်သစ်နိုင်ငံ နိုင်ငံတကာဆက်ဆံရေးဌာနတို့မှ ပူးပေါင်းကာ ပြင်သစ်နိုင်ငံတွင် ကျင်းပခဲ့ကြောင်း သိရသည်။ 

ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို အာဆီယံ ၁၀ နိုင်ငံ၊ ဂျပန်၊ ကိုရီးယား၊ တရုတ်
နိုင်ငံနှင့် ဥရောပနိုင်ငံများဖြစ်သည့် သြစတြေးလျ၊ နယူးဇီလန်တို့မှ အကြီးအကဲများ အပါအဝင် နိုင်ငံတကာ ရဲတပ်ဖွဲ့(အင်တာပို)မှ ကိုယ်စားလှယ် ၂၄ ဖွဲ့ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။ “မြန်မာနိုင်ငံအနေ
နဲ့ လက်မှတ်ထိုးပြီးသွားရင်တော့ မြန်မာနိုင်ငံမှာ ဖြစ်တဲ့ကိစ္စရပ်တွေ အကုန်လုံးကို (သဘာဝဘေးအန္တရာယ်
တွ အပါအဝင်) ရဲတပ်ဖွဲ့ပိုင်းဆိုင်ရာ အကူအညီပေးဖို့ ရှိတယ်” ဟု ယင်းက ဆက်လက်ပြောသည်။

 မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဂိုဏ်းဖွဲ့ကျူး
လွန်သော အကြမ်းဖက်မှုများ၊ မူးယစ်ဆေးဝါး ရောင်းချမှုများအပြင် ယင်းတို့နှင့် ဆက်နွယ်သည့် ငွကြေးများ
ဖင့် အကြမ်းဖက် ကျူးလွန်သူများကို ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများကို ဖမ်းဆီးနိုင်ဖို့အတွက် ပူး
ပါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် အဖွဲ့ဝင်ပေါင်း ၁၉၀ ကျော်ရှိသည့် နိုင်ငံတကာ ရဲတပ်ဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီးကြောင်း သိရသည်။

 မြန်မာ့နိုင်ငံရေး လေ့လာသူဖြစ်သည့် ဦးကျော်လင်းဦးက “လက်ရှိ မြန်မာနိုင်ငံက နိုင်ငံတကာ Level မှာ ဝင်
ဆံ့နိုင်ပြီ။ နိုင်ငံတကာကလဲ အသိအမှတ်ပြု ခံနေရပြီ။ အဲဒီလို အချိန်မျိုးမှာ ရခိုင်ကိစ္စ ဖြစ်တယ်။ အဲဒါကြောင့်
 မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုဆိုင်ရာတွေ အနေအထားက စိုးရိမ်စရာ အနေအထား ဖြစ်လာတယ်။ လက်ရှိ
 မြန်မာနိုင်ငံမှာ ပြည်သူ့လုံခြုံရေးအတွက် လက်ရှိ လုံခြုံရေးအင်အားစုက ထိထိရောက်ရောက် စွမ်းဆောင်
နိုင်ပါ့မလား။ နိုင်ငံတကာက အတွေ့အကြုံကောင်းတွေ လိုအပ်တာကတော့ အမှန်ပဲ။ 

အိမ်နီးချင်းနိုင်ငံတွေလို၊ ဥရောပနိုင်ငံတွေလို အတွေ့မရှိဘူး။ သူတို့နဲ့ နည်းပညာပိုင်းဆိုင်ရာ ဖလှယ်နိုင်ရင်
လဲ ကိုယ့်နိုင်ငံအတွက် အကျိုးရှိတယ်။ လက်ရှိမှာ အမေရိကန်နိုင်ငံ စက်တင်ဘာ ၉ ရက် အကြမ်းဖက်မှုပြီး
ကတည်းက အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက အကြမ်းဖက်မှု လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ကြတာ
တွ ရှိတယ်။ 

အဲဒါကြောင့် သူတို့ဆီက နည်းပညာတွေ၊ အတွေ့အကြုံတွေကို ယူနိုင်ရင် ကိုယ့်နိုင်ငံအတွက် ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းနိုင်မယ် ဆိုတာကို သိနိုင်မယ်။ လက်ရှိမှာ မြန်မာနိုင်ငံမှာလဲ အကြမ်းဖက်မှုတွေကို နိုင်ငံ
တကာနဲ့ ပူးပေါင်းဆောင်ရွက်တာကို ကြိုဆိုပါတယ်” ဟု သုံးသပ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

  ခေတ်လူငယ်

0 comments:

Post a Comment