Pages

Tuesday, October 16, 2012

KIO နှင့် KIA ခေါင်းဆောင်များပိုင်တဲ့ လုပ်ငန်းနှင့်ပစ္စည်းတွေကို တရုတ်အစိုးရက သိမ်းလိုက်ပြီ


စက်တင်ဘာလကုန်ပိုင်းတွင်တရုတ်အစိုးရမှတရုတ်နိုင်ငံအတွင်းတွင်ရှိသော KIO/KIA ခေါင်းဆောင်များ
ပိုင်ဆိုင်သည့် လုပ်ငန်းကြီးများ၊ ပစ္စည်းများအား သိမ်းယူခဲ့ကြောင်း သိရှိရပါတယ်။
သိမ်းယူ ရခြင်းမှာ KIO/KIA အဖွဲ့မှ စစ်ပြေးဒုက္ခသည်များနှင့်ပတ်သက်ပြီး တရုတ်အစိုးရအား လူသားချင်း စာနာထောက် ထားမှုမရှိကြောင်း၊ လူမျိုးရေး ခွဲခြားဆက်ဆံခြင်းများ ဆောင်ရွက်နေကြောင်းနှင့် KIO ၏ငွေကြေးနှင့်ရိက္ခာဆိုင်ရာစီးပွားရေးလမ်းကြောင်းများအား ပိတ်ပင်နေကြောင်းများ စသောကိစ္စရပ်များနှင့် ပတ်သက်ပြီး စွပ်စွဲပြစ်တင်ဝေဖန်ပြောဆိုခဲ့မှုနှင့် နိုင်ငံ တကာအမြင်စောင်းစေခြင်းမျိုး ပြုလုပ်ခဲ့သဖြင့် ထိုသို့ သိမ်းဆည်းခြင်း ဖြစ်ကြောင်း KIA မှ အမည်မဖော်လိုသူ အရာရှိကြီး တစ်ဦးမှ KDN သို့ ပြောကြားပါတယ်။ 
 
တရုတ်အစိုးရမှသိမ်းဆည်းရာတွင် KIO/KIA အဖွဲ့အစည်းအမည်ပေါက် ပစ္စည်းများ အား သိမ်းဆည်းခြင်းမဟုတ်ဘဲ ခေါင်းဆောင်ကြီးများ၏ ပုဂ္ဂလိက ပိုင်ဆိုင်သောလုပ်ငန်းများသာဖြစ်ကြောင်း၊ အဆိုပါ အရာရှိကြီးမှ ဆက်လက်ပြောကြားပါတယ်။

တရုတ်အစိုးရ၏သိမ်းဆည်းခြင်းခံရသောKIO/KIAအကြီးတန်းခေါင်းဆောင်များ၏လုပ်ငန်းနှင့် ပစ္စည်းများ
အနက်KDNမှစုံစမ်းသိရှိရသည်များမှာတရုတ်နိုင်ငံ၊ကြယ်ခေါင်တွင်KIOဥက္ကဌ ဦးဇောင်းဟရားပိုင်ဆိုင်သော 123ဟိုတယ်လုပ်ငန်းနှင့်အမည်မသိသစ်ထုတ်လုပ်ရေးကုမဏီတစ်ခု၊ကျောက်စိမ်းခွဲစိတ်ရောင်းချခြင်းကုမဏီ
တစ်ခု၊ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လပိုင်သော ခွေးမင်မြို့မှ ရှင်းလီ ကျောက်စိမ်း ကုမဏီနှင့် ရှင်းလီ သစ်ကုမဏီ၊ ဗိုလ်ချုပ် ဂွမ်မော်ပိုင်ဆိုင်သော ရွှေလီမြို့ရှိ ကျင်းချိန်ဟိုတယ် စသည်တို့ပါဝင်ကြောင်း၊ ထို့အပြင် ဗိုလ်ချုပ် ဂမ်ရှောင်ပိုင်ဆိုင် သောလုပ်ငန်းများလည်းပါဝင်ကြောင်းနှင့် လုပ်ငန်းငယ်များဖြစ်သော ဇိမ်ခန်းများ၊ casino လောင်းကစားရုံများလည်း ပါဝင် ကြောင်း သိရပါတယ်။

ထိုသို့သိမ်းဆည်းခံရသောခေါင်းဆောင်များအနေဖြင့်သိမ်းဆည်းခံပစ္စည်းများအားပြန်လည်ရရှိရေးတရုတ်အာ
ဏာပိုင်များ နှင့် ညှိနှိုင်းမှုများပြုလုပ်နေပြီး ပြေလည်ခြင်းမရှိသေးကြောင်း သိရပါတယ်။
 
တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေးလေ့လာသူတစ်ဦးမှ ပြောဆိုသည်မျာ သိမ်းဆည်းခံရခြင်းများသည် တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံနှင့် ချစ်ကြည်ရေး စာချုပ်ပါအတိုင်း KIO/KIA အဖွဲ့သည် တရားမ၀င် အဖွဲ့အစည်းဖြစ်သောကြောင့်ထို့သို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊သိမ်းဆည်းခြင်းကြောင့် KIO/KIA ခေါင်း
ဆာင်များတွင်များစွာဆုံးရှုံးမှုကြီးနိုင်ကြောင်း၊၄င်းတို့အနေဖြင့်လည်းပြေလည်အောင် ညှိနှိုင်းကြလိမ့်မည်
ဖြစ်ကြောင်း ဆိုသည်။
 

0 comments:

Post a Comment