Pages

Tuesday, October 16, 2012

Miss International ပြိုင်ပွဲ Miss Internet ဆုအတွက် နန်းခင်ဇေယျာ ဆန္ဒမဲ ငါးသန်းကျော်ဖြင့် ဦးဆောင်နေ




Miss International ပြိုင်ပွဲ Miss Internet Award ဆုအတွက် အင်တာနက် မှတစ်ဆင့် မဲပေးရွေးချယ်ရာ၌မြန်မာ ကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာ အတွက် ၀င်ရောက်ကြည့်ရှု မဲပေးသူ အရေအတွက်မှာ ငါးသန်းကျော်ရှိပြီဖြစ်သည်ဟု သိရှိရသည်။Miss Internet Award ဆုနှင့် ပရိသတ်အကြိုက်ဆုံး အလှမယ်ဆု (Miss International 2012 People Choice Award) ဆုများအတွက် အင်တာနက်မှတစ်ဆင့် တရားဝင်မဲပေးနိုင်ကြောင်း နန်းခင်ဇေယျာက အင်တာနက် facebook စာမျက်နှာမှတစ်ဆင့် တရားဝင်အသိပေး ပြောကြားထားပြီး ပြိုင်ပွဲကာလတစ်လျောက်တွင် အားပေးနေသည့်မြန်မာပရိသတ်များကိုလည်းအထူးကျေးဇူးတင်ကြောင်း ၄င်း၏လက်ရေးစာသားဖြင့်အသိ
ပေး ပြောကြားခဲ့သည်။


လက်ရှိအချိန်တွင်MissInternationalပြိုင်ပွဲဝင်အလှမယ်များကို အင်တာနက်မှတစ်ဆင့် တရားဝင်မဲပေးနိုင်ရန် www.miss-international.org၏Flickr(http://www.flickr.com/photos/64086169@N03/sets/7215763164070
9082/)စာမျက်နှာတွင်ပြုလုပ်ထားပြီးအောက်တိုဘာလ၁၆ရက်နေ့နောက်ဆုံးထားပြီးမဲပေးနိုင်မည် ဖြစ်ကြောင်း
သိရှိရသည်။

အောက်တိုဘာလ ၁၅ ရက်နေ့အထိ သိရှိရသော စာရင်များအရ နန်းခင်ဇေယျာကို ၀င်ရောက်ကြည့်ရှုသူ view ၅၀၄၁၄၂၉ ဦး၊ favourite အရေအတွက် ၇၅၀၀ ကျော်၊ comment ရေးသားသူ ၁၅၉၉၉ ဦးတို့ ရှိနေကြောင်းသိရပြီးဒုတိယနေရာတွင်ရှိနေသောအိန္ဒိယအလှမယ်ကိုဝင်ရောက် ကြည့်ရှုသူအရေအတွက်မှာ ၃၆၆၂၁၂၅ ဖြစ်ကြောင်း သိရပါသည်။

မြန်မာကိုယ်စားပြု အလှမယ်အတွက် အင်တာနက်မှတစ်ဆင့် ၀င်ရောက်ကြည့်ရှုသူနှင့် မဲပေး သူအရေအတွက်မှာ မိနစ်ပိုင်းအလိုက် တိုးမြင့်များပြားနေပြီး ပရိသတ်များအနေဖြင့် မဲပေးရွေးချယ်ရာတွင် Auto Refreshing System အသုံးမပြုဘဲ သန့်ရှင်းသည့် နည်းစနစ်ဖြင့်သာ အသုံးပြု၍ မဲပေးရန်လည်း နန်းခင်ဇေယျာက မေတ္တာရပ်ခံထားသည်။

Miss International ပြိုင်ပွဲကို ၁၉၆၀ ပြည့်နှစ်တွင် ကယ်လီဖိုးနီးယား၌ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၇၂ ခုနှစ်မှစတင်ကာ ဂျပန်နှင့် တရုတ်နိုင်ငံများတွင် ပြောင်းလဲကျင်းပခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၆၁ ခုနှစ်တွင်တစ်ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီးနှစ်ပေါင်းငါးဆယ်ကြာမြင့်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ်
 မြန်မာကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာက ၀င်ရောက်ယှဉ်ပြိုင် နိုင်ခဲ့ခြင်းဖြစ်သည်။

  Eleven Media Group

1 comments:

Unknown said...

ဒီအချိန်မှာမြန်မာ့အင်အားပြသင့်ပြီ

Post a Comment