Pages

Tuesday, October 16, 2012

Facebook နှင့် ဖန်သားပြင်ကျဉ်းကျဉ်းကလေးတို့၏ကမ္ဘာ




Facebook ရုံးချုပ်၌ မိုဘိုင်းပစ္စည်းများ နေရာတကာမှာ တွေ့ရသည်။ ရုံးထဲသို့ ဝင်ဝင်လာချင်း ပထမဆုံးတွေ့
ရမှာက ဧည့်ကြိုကောင်တာပေါ်မှ ဧည့်သည် လက်မှတ်ထိုးရန် iPads များပင်။ ရုံးတွင်း ကော်ဖီဆိုင် ဝန်ထမ်း
များအတွက်လည်း iPads များက ငွေကိုင်စက် ဖြစ်သည်။ Facebook ဝန်ထမ်းများက အီးမေးလ်မပို့ကြဘဲFace
book စာပို့စနစ်ကို သုံးစွဲသည်။
Facebook စာပို့စနစ်ကမိုဘိုင်းလ်ပစ္စည်းများနှင့်ပီစီများပေါ်တွင်စာလွှာသစ်များ ဖြတ်ခနဲထွက်လာစေသော
စနစ်ဖြစ်သည်။ စင်စစ်မိုဘိုင်းလ်က Facebook ကုမ္ပဏီ၏ စိတ်ထဲမှာ သွားလည်းဒီစိတ်၊ စားလည်းဒီစိတ် ဖြစ်
နေတော့တာ အမှန်ပင်။ ခုချိန်တွင် လူတွေက ကွန်ပျူတာများ ပေါ်မှာထက် မိုဘိုင်း အက်ပလီကေးရှင်းများ
နှင့် Facebook သုံးစွဲတာ များလာ၍ ဖြစ်သည်။

ဝေါစထရိဘဏ္ဍာရေး အသိုင်းအဝိုင်းမှာပင် မိုဘိုင်းလ်လောကကို ပိုင်စိုးဖို့ မတ်ခ်ဇုကာဘတ်ကို ဖိအားပေးမှု ရှိ
နေသည်။ သို့မှ ကုမ္ပဏီ၏ တိုးတက်မှုက ရှေ့ခရီးဆက်နိုင်၊ အီလည်လည် ဖြစ်နေသည့် ကုမ္ပဏီ၏ ရှယ်ယာ
ဈေးနှုန်းကို ဆွဲတင်နိုင်မှာ ဖြစ်သည်။ သို့သော် Facebook အတွက် စိန်ခေါ်မှု ဖြစ်နေတာက သုံးစွဲသူတို့၏ ဖန်
သားပြင် အသေးကလေးပေါ်မှာ မျက်စိနောက်စရာလည်းမဖြစ်ရအောင်၊သုံးစွဲချင်စိတ်ကုန်သွားတာမျိုးလည်း
မဖြစ်ရအောင် ကြော်ငြာများ ထည့်သွင်းပေးနိုင်ရေး ဖြစ်သည်။

ယခုအချိန်မှာတော့မိုဘိုင်းလ်ကြော်ငြာများကသမားရိုးကျအင်တာနက် ကြော်ငြာများလောက် ငွေမဝင်သေး
။ ထို့ကြောင့် မိုဘိုင်းလ်ဘက်ကို လမ်းကြောင်းပြောင်းတာက Facebook ဝင်ငွေကို ထိခိုက်စေမှာ စိုးရိမ်နေရ
သည်။ မည်သို့ဆိုစေ၊ ကြာသပတေးနေ့ (၂၀၁၂ ခုနှစ် သြဂုတ်လ ၁၈ ရက်) က သူ၏ iPhone နှင့် iPad အက်
ပလီကေးရှင်း ဗားရှင်းသစ်များ faecbook က ဈေးကွက် တင်ခဲ့သည်။

ထိုအချိန်မှာပဲ faecbookက မိုဘိုင်းလ်လောကသို့ ခရီးနှင်နေပြီးဖြစ်ကြောင်း Facebook လူကြီးများက ပြောခဲ့
ကြသည်။ သုံးစွဲသူများက Facebook အက်ပလီကေးရှင်းများက “လေး” သည်ဟု ငြီးတွားကြသည်။AppleApp
StoreစတိုးမှFacebook ၏ iPhone အက်ပလီကေးရှင်း အဆင့်ကိုသတ်မှတ် ပေးခဲ့ကြသောလူများက ကြယ်ငါး
ပွင့် ရှိသည့်အနက် တစ်ပွင့်သာ ပေးကြသည်။ ယခု အက်ပလီကေးရှင်း အသစ်များကတော့ ပိုမြန်ပါသည်။

ပိုမြန်ဆို ယခင်ဗားရှင်းများ သုံးစွဲခဲ့သော အင်တာနက် နည်းပညာ အများစုကို မသုံးဘဲ၊ Apple နည်းပညာပ
စ္စည်းတို့၏ လက်စွဲ ပရိုဂရမ်ဘာသာစကားနှင့် ပြန်ရေးထားတာကြောင့် ဖြစ်သည်။ ထိုအက်ပလီကေးရှင်းများ
က Facebook ၏ “မိုဘိုင်းသည်သာ ပထမ” ကုမ္ပဏီဖြစ်ရေး အစီအစဉ်တွင် အပါအဝင်ဖြစ်သည်။ မိုဘိုင်းပ
စ္စည်းများ တီထွင်ရေးက ကုမ္ပဏီ၏ ဦးစားပေးလုပ်ငန်းပင်။ မိုဘိုင်းက ကုမ္ပဏီ၏ အသွေးအသားထဲတွင် စိမ့်
ဝင်ရောက်ရှိစေရေး ရည်မှန်းချက်ဖြင့် ကုမ္ပဏီတွင်းရှိ ဌာနခွဲများကို ပြင်ဆင် ဖွဲ့စည်းထားသည်။

“ကျွန်တော်တို့က ကုမ္ပဏီကို မိုဘိုင်းပေါ်မှာ အခြေစိုက်နိုင်အောင် ပြင်ဆင် ဆောင်ရွက်ထားပါတယ်။ဒါက တ
ကယ့်အကြီးစား အပြောင်းအလဲကြီးပါဟုFacebookအင်ဂျင်နီယာဌာနဒု-ဥက္ကဋ္ဌက ပြောသည်။ ပြုပြင်ပြောင်း
လဲမှု အနေဖြင့် ထုတ်ကုန်ဌာနများကို စီစဉ်ထားရှိသည်။ ထို့ကြောင့် လုပ်ဆောင်ချက် အသစ်များအား ပင်မ
ဝက်ဘ်ဆိုက်ပေါ်၌ သုံးစွဲရန်တီထွင် ဖော်ထုတ်နေစဉ်မှာပင်တစ်ဘက်ကသူတို့၏ မိုဘိုင်းဗားရှင်းများကို ထုတ်
ကုန်ဌာနများက စီစဉ်ဆောင်ရွက်ပေးနေသည်။

ယခင်ဆောင်ရွက်ပုံအရ ဆိုလျှင်တော့ ဝက်ဘ်ဆိုက်အတွက် လုပ်ဆောင်ချက်အသစ်များကို ကုမ္ပဏီက အ
ရင်ဆောင်ရွက်မည်။ ပြီးတော့မှ မိုဘိုင်းပစ္စည်းများအတွက် စီစဉ်မည်။ Facebook က ကုမ္ပဏီတစ်ခုလုံးမှ ဝန်
ထမ်းအားလုံး မိုဘိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ ရရှိအောင်လည်း အားထုတ်နေသည်။သင်တန်းတစ်ခုလျှင်သင်
တန်းသား ၂၀ တက်ရောက်စေလျက် Apple နှင့် Android နည်းပညာပစ္စည်းများအား မည်သို့ပရိုဂရမ် ထည့်
သွင်းနိုင်ကြောင်း ပညာရှင် အင်ဂျင်နီယာကြီးများက သင်ကြားနေသည်။

ယခုအခါ အင်ဂျင်နီယာ ၁၀၀ ခန့်က faecbook ၏ မိုဘိုင်းထုတ်ကုန်များ တီထွင် ထုတ်လုပ်ပေးလျက် ရှိသည်။ ထိုကဲ့သို့ သင်တန်းများ ပို့ချခြင်းဖြင့် ယခုနှစ် ၂၀၁၂ ခုနှစ် အကုန်တွင် မိုဘိုင်း အင်ဂျင်နီယာသစ် ၂၀၀ အထိ ကုမ္ပဏီက ရရှိလာမည်။ နောင်တွင် မားကတ်တင်းနှင့် ဒီဇိုင်းအပါအဝင် မည်သည့်ဌာနမှဝန်ထမ်းမဆိုစိတ်ဝင်
စားသည် ဆိုပါက ထိုသင်တန်းများသို့ တက်ခွင့်ပေးဦးမှာ ဖြစ်သည်။

BTIG မှ မီဒီယာသုံးသပ်သူ တစ်ဦးကတော့ faecbook အတွက် မိုဘိုင်းကိစ္စက အကောင်းအဆိုး နှစ်ဖက်ခွနေ
သည်ဟု ပြောသည်။ ဖန်သားပြင် ကျဉ်းကျဉ်းကျုတ်ကျုတ် ကလေးပေါ်မှ သူ၏ကြော်ငြာများကို မကြည့်ဘဲ မနေနိုင်ကြသလို တစ်ဘက်ကလည်း သုံးစွဲသူများကို စိတ်အနှောင့်အယှက် ပေးနေသောကြောင့် ဖြစ်သည်။

“ဒါကြောင့် သူ့ကို Chatch-22 လို့ ကျွန်တော်တို့က ခေါ်တာဗျ” ဟု ထိုသုံးသပ်သူက ပြောသည်။ (Chatch-22 ဆိုသည်မှာ ရုန်းထွက်ရေးမလွယ်အောင်လုံးလည်ချာလည် ဖြစ်နေသောအခြေအနေ) ပြီးတော့မိုဘိုင်းကြော်
ငြာများ ပညာသားပါပါ ထွက်ပေါ်လာဖို့က အလားအလာ နည်းနေသည်။အဘယ်ကြောင့်ဆိုသော် သူတို့ကို
တွင်ကျယ်စွာ အသုံးချရန် နေရာက နည်းနေပြန်၍ ဖြစ်သည်။

ဥပမာအားဖြင့် မိုဘိုင်းပစ္စည်း ခပ်များများတွင် Adobe Flash ကို သုံး၍မရပေ။ Adobe Flash သည် ကြော်ငြာ
များကို သွက်လက်သွားစေဖို့ ပံ့ပိုးသည့် ဆော့ဖ်ဝဲဖြစ်သည်။ Facebook က (၂၀၁၂ ခုနှစ်) ဖေဖော်ဝါရီလက ရှယ်ယာများ ပထမဆုံး ထုတ်ရောင်းခဲ့သည်။ထိုစဉ်ကမိုဘိုင်းခေတ်ထသည့်ကိစ္စကိုအန္တရာယ်တစ်ရပ်အဖြစ်
Facebook က ပြောဆိုသုံးနှုန်းခဲ့သည်။

အကြောင်းက ထိုအချိန်အထိ Facebook အတွက် မိုဘိုင်းဖုန်းနှင့် တက်ဘလက်များဆီမှ ဟုတ်တိပတ်တိ ငွေ
ရပေါက်ရလမ်း မရှိသေးတာကြောင့် ဖြစ်သည်။ ထို့ကြောင့် နည်းလမ်းမျိုးစုံနှင့် မဖြစ်ဖြစ်အောင် လုပ်ရတော့
၏။ Facebook ကြော်ငြာဒါရိုက်တာတစ်ဦးကတော့Facebook ၏အစီအစဉ်ကတစ်ဆင့်စကားတစ်ဆင့်ကြား
ပြောဆိုကြတာတွေကို အားပေးသည့် နည်းပဲဖြစ်သည်ဟု ပြောသည်။Facebookကသုံးစွဲသူများတင်သည့် အ
ကြောင်းအရာတွေကို ကြော်ငြာများအဖြစ် ဆောင်ရွက်ပေးသည့် “ကမကထ ပြုလုပ်ခံ အကြောင်းအရာများ” Sponsored stories ဟု နာမည်ပေးထားသည့် နည်းလမ်းကို ကျင့်သုံးသွားမည်။

ဥပမာ-သုံးစွဲသူတစ်ဦးက အုပ်စုတစ်ခု၏စာမျက်နှာပေါ်မှLikeခလုတ်ကိုကလစ်လုပ်ခဲ့ပါကသူ၏သူငယ်ချင်း
 တစ်ယောက်တလေကသာ ဒါကို မြင်တွေ့နိုင်သည်။ ဒါပေမဲ့ထိုအုပ်စုကထိုlikeကို ကမကထ ပြုလုပ်ဆောင်
ရွက် ထားသည်ဆိုပါက ထိုနှိုးဆော်ချက်က သူငယ်ချင်းအများစု၏ မိုဘိုင်းပစ္စည်းများနှင့် ဝက်ဘ်ဆိုက်ပေါ်မှ သတင်းလွှာခန်းတွင် ပေါ်ထွက်လာမည် ဖြစ်သည်။Facebook ကထိုကမကထ ပြုလုပ်ခံ အကြောင်းအရာများ
 နည်းလမ်းအား (၂၀၁၂ ခုနှစ်) ဖေဖော်ဝါရီလက စတင်ဆောင်ရွက်ခဲ့သည်။

ထိုနည်းလမ်းကြောင့် ယခုအခါမှာ တစ်နေ့လျှင် ဝင်ငွေ ဒေါ်လာတစ်သန်း ရရှိလျက် ရှိသည်။ ထိုဝင်ငွေတစ်
သန်းထဲမှ ထက်ဝက်ခန့်က မိုဘိုင်းပစ္စည်း သုံးစွဲသူများဆီက ရရှိခြင်း ဖြစ်သည်။ Facebook ကအသစ်စမ်းသပ်
 ဆောင်ရွက်လျက်ရှိသော ကြော်ငြာနည်းလမ်းသစ် တစ်ခုအား Offers ဟု နာမည်ပေးထားသည်။

ထိုနည်းလမ်းတွင် စားသောက်ဆိုင် တစ်ခုမှ ဒစ်စကောင့်ပေးခြင်းကဲ့သို့ လူတွေ ချက်ချင်းလက်ငင်း စိတ်ဝင်
စားစရာ ကမ်းလှမ်းချက်တစ်ခုကို Facebook က တင်သည်။ တစ်ဦးတစ်ယောက်က ထိုကမ်းလှမ်းချက်အား
 တောင်းဆိုလာပါက ထိုအကြောင်းအရာက သူငယ်ချင်းများ၏ သတင်းလွှာခန်းတွင် ပေါ်လာမည်။

အကယ်၍ ထိုကမ်းလှမ်းချက်ကို ကမကထ ပြုလုပ်သည်ဆိုပါက သူငယ်ချင်းတွေ ပိုသိကြရတော့မည်။ အခြား
နည်းတစ်ခုက App Center ဖြစ်သည်။ App Center ဆိုတာက Facebook နှင့် ချိတ်ဆက်မှု ရှိသော Apple နှင့် Andriod နည်းပညာပစ္စည်းများအတွက်အက်ပလီကေးရှင်းများရှာဖွေနိုင်သော နေရာဖြစ်သည်။ဒီလို ဆောင်
ရွက်ရခြင်းကAppCenter အားလူများအတွက်အက်ပလီကေးရှင်းများရှာဖွေရာနေရာ ဖြစ်လာအောင်ရည်ရွယ်
ရင်းနှင့်ဖြစ်သည်။

ဤသို့ဖြင့် အက်ပလီကေးရှင်း တီထွင်ထုတ်ရေး ကုမ္ပဏီများအတွက် Facebookက ကြော်ငြာထည့်ချင်စရာ
 နေရာကလေး ဖြစ်လာမည်။ Facebook နှင့် မိုဘိုင်းကိစ္စများ ဆောင်ရွက်လာသည့် အင်တာနက် ကုမ္ပဏီများ
အတွက်ခက်နေတာကမိုဘိုင်းကြော်ငြာဟုဆိုလိုက်သည်နှင့် ကြော်ငြာပေါက်စနလေးကို ပြေးမြင်ကြတာ ဖြစ်
သည်။ စမတ်ဖုန်းကလည်း အသေးဆုံးဆိုသည့် ကွန်ပျူတာထက် ပိုသေးနေသေးသည်။

ဒါက ပြဿနာ ဖြစ်နေတာပင်။ Facebook ၏ ကမကထပြုလုပ်ခံ အကြောင်းအရာများ ဆိုသည်မှာလည်း မို
ဘိုင်းကဏ္ဍ တီထွင်မှုတွင် ကလေးပေါက်စကလေး၏ ခြေလှမ်းပမာ ဖြစ်နေသည်ဟု Forrester ကုမ္ပဏီမှ သုံး
သပ်သူတစ်ဦးက ဆိုသည်။

ထို့ကြောင့်တည်နေရာပြအချက်အလက်လို၊စမတ်ဖုန်းတစ်ခုနှင့်အမြဲချိတ်ဆက်ထားနိုင်မှုလို ထူးထူးခြားခြား
aဆာင်ရွက်တာတွေကို မြင်တွေ့လိုကြသည်။အဲဒီလိုလုပ်တာတွေနဲ့မှ ကြော်ငြာတွေ၊ပိုက်ဆံရတဲ့ကိစ္စတွေက
 အဖြစ် မိုဘိုင်းမဖြစ်ဘဲ၊ အမှန်တကယ် မိုဘိုင်းဖြစ်မှာ” ဟု ထိုသုံးသပ်သူက ပြောသည်။ ထိုကဲ့သို့ iPhone နှင့် iPad အက်ပလီကေးရှင်းများ အဆင့်မြှင့်တင် ဆောင်ရွက် ပေးနေခြင်းများအပြင် Apple ၏ နောက်လာမည့် မိုဘိုင်း လည်ပတ်ရေးစနစ် iOS 6 ဗားရှင်းသစ်အတွက် Facebook က Apple နှင့် တိုင်တိုင်ပင်ပင် ဆောင်ရွက်
နေတာတွေလည်း ရှိသေးသည်။

လာမည့် (၂၀၁၂ ခုနှစ်) ဆောင်းရာသီတွင် ထွက်လာဖို့ရှိသည့် iOS 6 တွင် Facebook လုပ်ဆောင်ချက်များ
လည်း ပါဝင်လာမည် ဖြစ်သည်။ထို့ကြောင့် iphoneပိုင်ရှင်တွေကသူတို့ဓာတ်ပုံခန်းမှဓာတ်ပုံများကိုfaecbook
တွင် တိုက်ရိုက်ဝေမျှတာ ပြုလုပ်နိုင်မည်။

သို့မဟုတ်faecbookတွင်သူတို့လက်ရှိအခြေအနေပြ အကြောင်းအရာများ ရေးသားရာ၌iPhone ၏ အသံနှင့်
 ထိန်းချုပ်သည့်စနစ် Siri ကို အသုံးပြုနိုင်မည်။ Apple နှင့် Google တို့ကဲ့သို့ အက်ပလီကေးရှင်း ပလက်ဖောင်း ထုတ်လုပ်သူများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းကြောင့် Facebook က သူ၏ မိုဘိုင်းလ်ထုတ်ကုန် ပစ္စည်းများ
အပေါ် ကိုယ်တိုင် စီမံတတ်လာသည်။

Facebookက မိုဘိုင်းလ်လည်ပတ်ရေး စနစ်နှင့် ကိုယ်ပိုင်ဖုန်း ပြုလုပ်နေသည်ဟူသော သတင်းများ ထွက်
လာသည်။ လူကြီးများက ထိုမကြေညာသော ထုတ်ကုန် ပစ္စည်းများနှင့် ပတ်သက်သည့် သတင်းများကို ငြင်း
ဆိုသော်လည်း ကိုယ်ပိုင် မိုဘိုင်း လည်ပတ်ရေးစနစ် ပြုလုပ်နိုင်ခြေကိုတော့ မငြင်းပေ။ “Facebook က ကိုယ်
ပိုင်ဖုန်း ဖန်တီးနိုင်ရင် သူ၏ မိုဘိုင်းကံကြမ္မာလည်း လှပနိုင်ပါပြီ” ဟု ပြောနေကြသည်။


Ref : Facebook Reorients Itself for a small Screen World by BRIAN X.CHEN, Net Guide ဂျာနယ်,(MMAS)

0 comments:

Post a Comment