Pages

Tuesday, October 16, 2012

KIOအဖွဲ့ဝင်ဟု စွပ်စွဲခံရသူ ဦးဘရန်ရှောင်အမှု ရှေ့အပါတ်တွင် အမိန့်ချမည်

အောက်တိုဘာ(၁၅) ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဟု စွပ်စွဲခံရသူ ဦးလထော် ဘရန်ရှောင် အား စွဲချက်တင်
သင့် မတင်သင့်ကို လာမည့် အောက်တိုဘာလ ၂၂ ရက်နေ့တွင် အမိန့်ချမှတ်မည်ဟု သိရှိရသည်။ဂျမိုင်း
ကောင်နှစ်ခြင်းဘုရားကျောင်းရှိ ဒုက္ခသည်စခန်းအတွင်းမှ ဇွန်လ ၁၇ ရက်နေ့က ဖောက်ခွဲမှုဖြင့် စွပ်စွဲကာ ဖမ်းဆီးလာခဲ့သည့် ကိုဘရန်ရှောင်အား ဇူလိုင်လတွင် မတရားသင်း ဆက်သွယ်မှုဖြင့် ပြောင်းလဲစွပ်စွဲ ခဲ့ခြင်း
 ဖြစ်သည်။

ဦးဘရန်ရှောင် KIO ဝန်ထမ်းဖြစ်ကြောင်း တရားလိုဘက်မှ ထွက်ဆိုချက်များမှာ စစ်ကြောရေးအတွင်း ညှဉ်း
ပမ်းနှိပ်စက်မှုဖြင့်ရရှိလာသည့်ထွက်ဆိုချက်များသာဖြစ်၍ခိုင်လုံသည့်အခြားအထောက်အထားမရှိကြောင်း
ရှေ့နေ ဦးဂျီမာခါး က ဆိုသည်။
 
ထို့ကြောင့် စီရင်ထုံးများအရ စွဲချက်မတင်သင့်ဘဲအပြီးအပြတ်လွှတ်သင့်ကြောင်း၎င်း၏အကျိုးဆောင်ရှေ့
နေက တနလာင်္နေ့ ရုံးချိန်းတွင် လျှောက်လဲချက် ပေးခဲ့သည်။

တရာလိုဘက်မှ ရှေ့နေကမူ စစ်ကြောရေး ဖြောင့်ချက်အပေါ် မူတည်၍ ဦးဘရန်ရှောင် အမှုအားစွဲချက်သင်
တင့်ကြောင်း လျှောက်လဲခဲ့သည်ဟု ရှေ့နေ ဂျီမာခါးက ပြောသည်။

မဇ္စျိမသတင်း

0 comments:

Post a Comment