Pages

Thursday, September 13, 2012

ပန့်ခ်အဆိုတော် Pussy Riot အဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် ရုရှားဝန်ကြီးချုပ် ပြောကြား

pussy riot

ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ်က ထောင်ဒဏ်ချမှတ်ခံထားရသည့် Pussy Riot အမျိုးသမီး ပန့်ခ်အ
ဆိုတော်အဖွဲ့မှ အဖွဲ့ဝင် သုံးဦးအား ပြန်လွှတ်ပေးရန် ယနေ့ တိုက်တွန်းပြောကြားလိုက်သည်။
အဆိုပါအမျိုးသမီးသုံးဦးအား အကျဉ်းထောင်တွင်း ဆက်လက် အကျဉ်းချထားခြင်းမှာ အကျိုးဖြစ်ထွန်းမှုမရှိ
ကြောင်း မက်ဗီဒက်ဗ်က သုံးသပ်သည်။

Pussy Riot အဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် ရုရှားဝန်ကြီးချုပ် ပြောကြား

ဝန်ကြီးချုပ်မက်ဒီဗက်ဗ်၏ တိုက်တွန်းပြောကြားမှုအရ လာမည့် အောက်တိုဘာ ၁ ရက်တွင် အယူခံဝင်ရန် စီစဉ်ထားသော အမျိုးသမီးအဆိုတော်သုံးဦးမှာ ၎င်းတို့၏ ပြစ်ဒဏ်မှ လွတ်မြောက်ခွင့်ရမည့် အရိပ်လက္ခ
ဏာလည်း ဖြစ်လာသည်။

Pussy Riot အဖွဲ့ဝင် အမျိုသမီးသုံးဦးသည် သြဂုတ်လအတွင်းက သမ္မတပူတင်ဆန့်ကျင်ရေး သီဆိုဖျော်
ဖြေတင်ဆက်မှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး ယခုအချိန်ထိ အကျဉ်းထောင်အတွင်း ၅ လကြာ ချုပ်နှောင်ခံခဲ့ရပြီး
 ဖြစ်သည်။


Planet Myanmar Media:

 

0 comments:

Post a Comment