Pages

Thursday, September 13, 2012

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အား လေကြောင်းကုန်စည် ထောက်ပံ့ပို့ဆောင်ရေးဆုံရပ် လေဆိပ်တစ်ခုအဖြစ် လုပ်ဆောင်မည်

                                                      
မန္တလေး အပြည်ပြည် ဆိုင်ရာလေဆိပ်အား လေကြောင်း ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေးဆုံရပ် Airport Logistic Hubအဖြစ် လုပ်ဆောင်ရန် စီစဉ်နေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။
ယင်းသို့လေကြောင်းကုန်စည်ထောက်ပံ့ရေးဆုံရပ်လေဆိပ်တစ်ခုအဖြစ် လုပ်ဆောင်ရာတွင် ပြည်တွင်း၊ပြည်
ပလုပ်ငန်းရှင်များအားတင်ဒါခေါ်ယူလုပ်ကိုင်သွားမည်ဖြစ်သည်။ယင်းသို့ တင်ဒါခေါ်ယူနိုင်ရန် လျှောက်ထား
သည့် ကုမ္ပဏီများအား အကြိုအရည်အချင်း စစ်ဆေးသည့် လျှောက်လွှာအား စက်တင်ဘာလ ၁၂ရက်နေ့က စတင်ခေါ်ယူခဲ့သည်။
 
လေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွင်ကုန်တင်လေယာဉ်ကြီးများတိုက်ရိုက်ဆင်း သက်ကာလေ
ကြောင်းကုန်စည်ထောက်ပံ့ရေးဆုံရပ်အဖြစ်မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အား အကောင်ထည်ဖော်
ဆောင်ရွက်သွားမည်ဟု သိရသည်။
 
'စီးပွားရေးအရ အချက်အချာကျတဲ့ မန္တလေးလေဆိပ်ကနေ ပြည်ပနိုင်ငံတွေကို လေကြောင်းကုန်စည်တွေ တိုက်ရိုက်တင်ပို့နိုင်တဲ့လေဆိပ်ကြီးတစ်ခုဖြစ်အောင်လုပ်ဆောင်သွားဖို့ရည်ရွယ်ပါတယ်' ဟု လေကြောင်းပို့
ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
 
ပြည်တွင်း၊ပြည်ပလုပ်ငန်းရှင်များအား အကြိုအရည်ချင်းစစ်ဆေးသည့် လျှောက်လွှာခေါ်ယူရာတွင် လေဆိပ်
ဖွံ့ဖြိုးတိုးတက်ရေးMasterPlan၊ ခရီးသည်များအတွက် လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ၊ လေဆိပ်အဆောက်
ဦအတွင်းနှင့်အပြင်ဝန်ဆောင်မှုလုပ်ငန်းများ၊ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းနှင့်MasterPlanတွင် ထည့်သွင်း
ရေးဆွဲထားချက်အရအနာဂတ်တွင်လိုအပ်သည့်လေဆိပ်အဆောက်အုံ တိုးချဲ့ခြင်း၊ လေယာဉ်ရပ်နားသည့်
နေရာ တိုးချဲ့ခြင်းများပါဝင်သည့် လုပ်ငန်းစဉ် ၈ ချက်အား ထည့်သွင်းခေါ်ယူခဲ့သည်။
 
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် သက်ဆိုင်သည့် အချက်အလက်များ-------
 
၁။ လေဆိပ်အဖြစ်သတ်မှတ်ထားသည့် အကျယ်အ၀န်းဧရိယာ ၂၇၅၄၄.၇၃ဧကရှိ
 
၂။ လက်ရှိလေဆိပ်အဆောက်ဦးနှင့် ပြေးလမ်းအဖြစ် အသုံးပြုနေသည့်ဧရိယာ ၃၆၈၂ဧကရှိ
 
၃။ လေဆိပ်အဆောက်ဦးနှင့် ဆက်စပ်လုပ်ငန်းများအား ၁၉၉၄ခုနှစ်၊ မတ်လက Italian-Thai Development Public ကုမ္ပဏီမှ အမေရိကန်ဒေါ်လာသန်း ၁၅၀ အကုန်ကျခံ တည်ဆောက်ခဲ့။
 
၎။ပြေးလမ်းနှင့်ဆက်စပ်လုပ်ငန်းများအားပြည်သူ့ဆောက်လုပ်ရေးမှ ၁၉၉၆ခုနှစ်၊ မတ်လတွင် မြန်မာကျပ်ငွေ သန်းပေါင်း ၈၀၄၉.၅၂ သန်း အကုန်ကျခံတည်ဆောက်ခဲ့။
 
၅။ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ၁၇.၉.၂၀၀၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့။
 
 
Eleven Media Group

0 comments:

Post a Comment