Pages

Thursday, September 13, 2012

ပြည်တွင်းမီဒီယာများတွင်ရိုဟင်ဂျာ မသုံးဘဲ ဘင်္ဂလီဟုရေးသားကြဖို့ မေတ္တာရပ်ခံပေးရန်ရခိုင်သတင်းစာဆရာအသင်းမှ MJA ဥက္ကဋ္ဌ မောင်ဝံသ ထံတောင်းဆို

မြန်မာနိုင်ငံသတင်းစာဆရာ အသင်း(MJA) ဥက္ကဋ္ဌ ဆရာမောင်ဝံသ နှင့် ရခိုင်ပြည်နယ် သတင်း စာဆရာအသင်းတို့စက်တင်ဘာ၉ရက်နေ့မနက်၁၀နာရီက စစ်တွေမြို့ ရွှေသဇင်ဟိုတယ်တွင် တွေ့ဆုံခဲ့ကြ
ရာ ရခိုင်ပြည်နယ် သတင်းဂျာနယ် အယ်ဒီတာ ဗဂျီးကျော်က ပြည်ပမီဒီယာ မဆိုထားနှင့် ပြည်တွင်းမီဒီယာ တချို့တွင် ရိုဟင်ဂျာဟု သုံးစွဲနေခြင်းအားရပ်တန့်ပြီး ယခင် အစဉ်အဆက် သုံးလာသည့် ဘင်္ဂလီဟုသုံးကြရန် MJNက စာထုတ်ပေးပါမည့် အကြောင်းတောင်းဆိုခဲ့သည်။

ရခိုင်ပြည်နယ်ပြန်ဆက်ရုံး၌ သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ကျွန်းသားငမန်း၏ ညီလာခံအတွေ့အကြုံရှင်း လင်းပွဲအပြီး၊ဆရာတောာ်ဦးဥတ္တမရုပ်ထုပန်းခွေချပြီးနောက၊်ရခိုင်ပြည်နယ်တွင်းပဋိပက္ခ စုံစမ်းစစ်ဆေးရေး
 ကော်မရှင်တာဝန်ဖြင့်စစ်တွေမြို့တွင်ခေတ္တရောက်ရှိနေသောဆရာမောင်ဝံသနှင့် ဆက်လက် တွေ့ဆုံပွဲ
တွင် ယခုကဲ့သို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။
 
"နိုင်ငံတော်သမ္မတကိုယ်တိုင်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာမရှိဘူးလို့ပြောထားတယ်။ တိုင်းရင်းသား ၁၃၅မျိုးမှာလဲရိုဟင်ဂျာမပါဘူး။နိုင်ငံအစိုးရအဆက်ဆက်ကလဲဘင်္ဂလီလို့ပဲသုံးလာခဲ့တာ။ ရခိုင်တိုင်းရင်း
သားတွေကလဲရိုဟင်ဂျာကိုသုံးတာလုံးဝမကြိုက်ဘူး။ ဒါကြောင့် ခေတ်အဆက်ဆက်တောက် လျှောက်သုံး
လာခဲ့တဲ့ ဘင်္ဂလီဆိုတဲ့စကားလုံးကိုပဲ သုံးကြဖို့ MJAကနေ ပြည်တွင်းမီဒီယာတွေကို မေတ္တာရပ်ခံပေးဖို့ ရခိုင်ပြည်နယ် သတင်းစာဆရာအသင်းကိုယ်စား တောင်းဆိုတာပါ" ဟု ဗဂျီးကျော်ကဆိုသည်။
 
ဆရာမောင်ဝံသက ပြည်တွင်းမီဒီယာတချို့၌ ဘင်္ဂလီများအား ရိုဟင်ဂျာ ဟု ဖော်ပြ နေခြင်းနှင့်ပတ်သက်၍ စာပေစီစစ်ရေးမရှိတော့သည့်နောက်ပိုင်းမိမိတို့အနေဖြင့်သတင်းဂျာနယ်များကို ဘယ်လို ရေးပါ၊ ဘယ်လို မရေးပါနှင့်ဟုညွှန်ကြားခွင့်မရှိသော်လည်း မေတ္တာရပ်ခံစာပေးပို့မည်ဆိုကဖြစ်နိုင်ပါကြောင်း ပြန်လည်ရှင်းလင်း ခဲ့သည်။ 
 
ယင်းသို့တွေ့ဆုံရာတွင် ဆရာမောင်ဝံသက မြန်မာနိုင်ငံသတင်းစာဆရာအသင်း MJAသည် ၁၉၆၂ ၀န်းကျင်ကဖျက်သိမ်းခံခဲ့ရသောBJAကိုဆက်ခံခြင်းဖြစ်ကြောင်း၊စစ်အစိုးရခေတ်အဆက်ဆက်မှာ နည်းမျိုး
စုံနှင့်ကြိုးပမ်းခဲ့ကြသောသတင်းစာဆရာကြီးများကိုလည်းကျေးဇူးတင်ကြောင်း၊အာဏာရှင်စနစ်နှင့် စာလျင်
ဒီမိုကရေစီခေတ်မှာပိုပြီးတော့လွတ်လပ်မှုရှိလာကြောင်း၊တခြားသတင်းစာဆရာသမဂ္ဂများကိုလည်း အချင်း
ချင်းလေးစားရမှာဖြစ်ကြောင်း၊ အထူးသဖြင့်မြန်မာသတင်းစာဆရာများကွန်ယက်(MJN)ဆိုလျင်မိမိနှင့်အ
ထူးပင်တရင်းတနှီးရှိကြောင်း၊မကြာမီစာနယ်ဇင်းကောင်စီကို စနစ်တကျဖွဲ့စည်းသွားမှာဖြစ်ကြောင်း ပြော
ဆိုခဲ့သည်။
 
ရခိုင်ပြည်နယ်သတင်းစာအသင်းမှတင်ပြရာတွင်ဥက္ကဋ္ဌကျွန်းသားငမန်းက အသင်းဝင်ကဒ်ထုတ်ပေး ရေးကိစ္စ
 နှင့်သတင်းထောက်သင်တန်းကိစ္စ၊မော်ဒန်သတင်းဂျာနယ်မှဦးအောင်လင်းဟိန်းကစက်တင်ဘာ၇ ရက်နေ့
ကစစ်တွေလေဆိပ်အ၀င်ဂိတ်တွင်ဆရာဗဂျီးကျော်၏သတင်းထောက်ကဒ်(Press ID)ကိုလုံခြုံရေးက တောင်း
ယူထားလိုက်ခြင်းကိစ္စရပ်များကို မေးမြန်းတင်ပြကြသည်။
 
MJA ဥက္ကဋ္ဌကပြန်လည်ဖြေကြားရာတွင် သတင်းစာဆရာအသင်းဝင်ကဒ်များမထုတ်ပေးမီ မိမိတို့ပြည်နယ် အလိုက်လိုအပ်သလိုအဆင်ပြေအောင်ဆောင်ရွက်နိုင်ပါကြောင်း၊သတင်းထောက်သင်တန်းများကိုအခြေအ
နေအရရန်ကုန်၌သာစီစဉ်လျက်ရှိသေးကြောင်း၊လွတ် လပ်စွာသတင်းယူခွင့်နှင့်ပတ်သက်၍သက်ဆိုင်ရာ
ပြည်နယ် တိုင်းဒေသကြီးအစိုးရ အဖွဲ့များအနေဖြင့်မိမိတို့ လုပ်ပိုင်ခွင့်ဖြင့် စတုတ္ထမဏ္ဍိုင်ကိုပွင့်လန်းရှင်သန် လာအောင် လုပ်ပေးနိုင်ပါက ယခုထက်ပို၍အားကောင်းလာမှာ ဖြစ်ကြောင်းဖြင့်ဖြေကြား ခဲ့သည်။
 
အဆိုပါတွေ့ဆုံပွဲသို့ရခိုင်ပြည်နယ်သတင်းစာဆရာအသင်းမှအသင်းဝင်သတင်းထောက်၁၉ဦး တက်
ရောက်ခဲ့ပြီး၊ ဆွေးနွေးမှုကို နေ့လည် ၁၁ နာရီတွင်အဆုံးသတ်ခဲ့သည်။
 
အလားတူပြည်နယ်အစိုးရအဖွဲ့မှလည်း ရိုဟင်ဂျာဟုပြောဆိုနေခြင်းသည်ပြန်လည်သင့်မြတ်ရေးကို ဝေးကွာ
စေသော စကားတစ်ရပ်ဖြစ်ကြောင်းလည်း ပြောဆိုမှုများရှိကြောင်းသိရှိရပါသည်။
  Rakhine Straight Views

0 comments:

Post a Comment