လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့တွင်
အင်္ဂါနေ့က ဖြစ်ပွားခဲ့သော သူပုန်များ၏ တိုက်ခိုက်မှုအတွင်း
လစ်ဗျားနိုင်ငံ
ဆိုင်ရာ အမေရိကန် သံအမတ် ခရစ္စတိုဖာ စတီဗင်နှင့် သံရုံးဝန်ထမ်း ၃ ဦးသေဆုံးသွားကြောင်း Reuters သတင်းက ပြောကြားသည်။
ခရစ္စတိုဖာနှင့် သံရုံးဝန်ထမ်း ၃ ဦးသည် ဘန်ဂါဇီမြို့တွင် အစိုးရစစ်တပ်နှင့် သူပုန်များကြား ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်း ဖြစ်သည်။သူပုန်များက ဘန်ဂါဇီမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအား
ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း အမေရိကန်သံအမတ်နှင့် ဝန်ထမ်း ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း BBC ကဆိုသည်။
အမေရိကန်အစိုးရကမူ သံအမတ်သေဆုံးသည့် သတင်းနှင့်ပတ်သက်၍ ယခုအချိန် အတည်ပြုခြင်း သို့မ
ဟုတ် ငြင်းဆိုခြင်း မရှိသေးချေ။
Planet Myanmar Media:

(အမေရိကန်သံအမတ် ခရစ္စတိုဖာ (ဝဲအစွန်) အား လစ်ဗျား အာဏာလွှဲပြောင်းရေးကောင်စီ ဥက္ကဋ္ဌ မူစတာဖာ အက်ဘ်ဒဲနှင့်အတူ ဇွန် ၇ ရက်က တွေ့ရစဉ်) |
အမေရိကန်အစိုးရကမူ သံအမတ်သေဆုံးသည့် သတင်းနှင့်ပတ်သက်၍ ယခုအချိန် အတည်ပြုခြင်း သို့မ
ဟုတ် ငြင်းဆိုခြင်း မရှိသေးချေ။
0 comments:
Post a Comment