Pages

Thursday, September 13, 2012

နိုင်ငံပိုင်လယ်မြေကျူးကျော်မှုဖြင့် ရွာသား ၁၂၅ဦး ကို နေပြည်တော် ဇမ္ဗူသီရိမြိုနယ်တရားရုံးမှဆင့်ခေါ်

နေပြည်တော်၊စက်တင်ဘာ၊၁၃နေပြည်တော်ကောင်စီနယ်မြေဒက္ခိဏသီရိမြို့နယ် မှ နိုင်ငံတော်ပိုင်လယ်၊

ယာမြေများကိုကျူးကျော်နေထိုင်မှုဖြင့်ရွာသား၆၃ဦးအပါအ၀င်အသက်၁၈နှစ်ပြည့်ပြီးသူမိသားစုဝင်များကို

အမှုရင်ဆိုင်ရန်ယနေ့နံနက် ၁၀း၃၀ အချိန်တွင် ဇမ္ဗူသီရိမြိုနယ်တရားရုံးမှ ဆင့်ခေါ်ထားကြောင်းသတင်း ရရှိသည်။ဆင့်ခေါ်စာပေးပို့ခံရသူရွာသားမှာ၆၃ဦးရှိပြီးထိုဆင့်ခေါ်ခံရသောရွာသားများနှင့် အတူနေထိုင်ပြီးအသက်

၁၈နှစ်ပြည့်ပြီသူအပါအ၀င် တရားစွဲဆိုခံရသောဦးေ၇မှာ ၁၂၅ ဦးရှိကြောင်းသတင်းရရှိသည်။

 

“ကျွန်တော်တို့ တရားစွဲခံရသူတစ်ဦးကို အာမခံဖို့ဆိုပြီး လူနှစ်ဦးလိုက်ရတယ်။ဒီတော့ တရားစွဲခံရတာက ၁၂၅ဦးအာမခံလိုက်ပေးရတာက၂၅၀ဦးစုစုပေါင်း၃၇၅ဦးလာရမှာဗျ။လောလောဆယ်တော့ တက်နိုင်သူတွေ

ကဘတ်စ်ကားနဲ့သွားတာရှိသလိုဘတ်စ်ကားခမတက်နိုင်လို့ ၁၅မိုင်လောက်ခရီး ခြေလျှင်လျှောက်နေကြသူ

တွေလဲရှိတယ်။ 


ဆန္ဒပြတာတော့မဟုတ်ပါဘူး။သူတို့ဆင့်ခေါ်လို့လာကြတာပါ။" ဟုရွှေခဲအင်းကျေးရွာအုပ်စုနေသူတစ်ဦးက

ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

 

ဒက္ခိဏသီရိမြို့နယ်မှဇမ္ဗူသီရိမြို့နယ်တရားရုံးသို့ တစ်ဦးအသွားအပြန်ကားခမှာ တစ်ထောင်နီးနီးရှိ၍ မိသားစုဝင်သုံးဦးလာလျှင်ကားခသုံးထောင်ကျပ်၊အာမခံပေးသူနှစ်ဦးစီအတွက်လမ်းစရိတ်ပါပေါင်းလျှင်လမ်း

စရိတ်ခြောက်ထောင်ကျပ်ကုန်ကျမည်ဟု၎င်းကဆက်ပြောသည်။တရားရုံးသို့ဆင့်ခေါ်ခံရသော အဆိုပါ ရွာသားများအားယခုနှစ်၊ဇွန်လအတွင်းက တရားစွဲဖူးကာ ထိုအမှုကိုပင် သြဂုတ်လအတွင်း ပလပ် အမှုအဖြစ်သတ်မှတ်ခဲ့သည်။


ပေါ်ပြူလာဂျာနယ်

0 comments:

Post a Comment