Pages

Thursday, September 13, 2012

ပုဇွန်တောင်မြို့နယ်အတွင်း အငြိမ်းစားရဲမှူး၏ဇနီးသည် သတ်ဖြတ်ခံရမှုတွင်နစ်နာမှုများရှိနေသည့်အတွက် အသတ်ခံရသူ ဒေါ်မေနှင်းဆီဟန်၏ခင်ပွန်း ရဲမှူးဦးမျိုးချစ်ထွန်း (အငြိမ်းစား) က နိုင်ငံတော် သမ္မတထံ စာတစ်စောင်ပေးပို့

ပုဇွန်တောင်မြို့နယ်အတွင်းအငြိမ်းစားရဲမှူး၏ဇနီးသည်သတ်ဖြတ်ခံရမှုတွင်တရားခံဟု ယူဆရသူအား နှစ်
ရက်အတွင်းဖမ်းဆီးရမိခဲ့ပေမယ့်ယင်းဖမ်းဆီးရမိမှုတွင်အဖြစ်မှန်နှင့်အနည်းငယ် ခြားနားချက်များ၊ ရဲတပ်ဖွဲ့၏ အားနည်းချက်များရှိနေသဖြင့်အသတ်ခံရသူ၏ကာယကံရှင်မိသားစုတွင်နစ်နာမှုများရှိကြောင်း၊ အသတ်ခံရ
သူဒေါ်မေနှင်းဆီဟန်၏ခင်ပွန်းရဲမှူးဦးမျိုးချစ်ထွန်း(အငြိမ်းစား)ကစက်တင်ဘာလ၁၁ရက် ရက်စွဲဖြင့် နိုင်ငံ
တော်သမ္မတထံ စာတစ်စောင်ပေးပို့ခဲ့ကြောင်းသိရသည်။အဆိုပါစာမှာအဖြစ်မှန်ဖော်ထုတ်ပေးနိုင်ပါရန်နှင့်မိသားစုဂုဏ်သိက္ခာထိခိုက်စေမှုကို ကာကွယ်ဖော်ထုတ်
ပေးနိုင်ပါရန် အတွက် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ယင်းနှင့်ပတ်သက်၍ သေဆုံးသူ၏ တူမဖြစ်သူက
ပေါ်ပြူလာနယူးစ်သို့အတည်ပြုပြောကြားခဲ့သည်။

Letter (2)
Letter (3)   

0 comments:

Post a Comment