Pages

Thursday, September 13, 2012

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံတွင် စွန့်ပစ်ခံ လူနာ ၃ဝဝ ကျော် ရှိနေ

စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)တွင်ဆက်သွယ်မှုလုံးဝမရှိဘဲပြန်လာမခေါ်တော့သည့်လူနာ ယခုနှစ်
အတွင်း ၃ဝဝ ကျော်ရှိနေပြီဟု ဆေးရုံအုပ်ကြီး ဒေါက်တာဦးကျော်စိုးက ပြောသည်။ ''လာမခေါ်ဘူးဆိုတာ
ထက်ဆက်သွယ်မှုကိုမရှိဘဲလုံးဝကိုလာပစ်သွားတာ။သူတို့ကို လူနာ ဆောင်ထဲမှာပဲထားပြီး ဆေးရုံက ကျွေး
ထားပါတယ်''ဟု ၄င်းက ဆက်လက်ပြောသည်။
လက်ရှိ စိတ်ကျန်းမာရေးဆေးရုံ ကြီး(ရန်ကုန်)တွင် လူနာဦးရေ ၁ဝ၅ဝ ရှိပြီး ယင်းတို့ထဲမှ ပြန်လာမခေါ်တော့ သည့်လူနာ ၃၅၆ ဦး ရှိနေသည်။

''မနှစ်ကဦးရေနဲ့ ဒီနှစ်ဦးရေ နှိုင်းယှဉ်ဖို့ကျတော့ မနှစ်ကစာရင်း ကောက်ထား တာ မရှိတော့ မသိနိုင်ဘူး။ ဒါ
ပေမဲ့ ခုရှိနေတဲ့ လူဦးရေစာရင်း ၃ ချိုး ၁ ချိုး ဖြစ်နေတယ်။ ဒီတော့ များတယ်လို့ဆိုရမှာပဲ''ဟု အထက်ပါဆရာ
ဝန်က ပြောသည်။

ဆေးရုံတွင် ပြန်လာမခေါ် တော့သည့် လူနာအများစုမှာ ပုံမှန် ဆေးသောက် နေရဆဲ လူနာများဖြစ် ပြီး ၄င်း
တို့၏ စိတ်ကျန်းမာရေးအပြင် အထွေထွေ ရောဂါများဖြစ်ပွား ပါကလည်း အထွေထွေရောဂါကု ဆေးရုံများသို
့ပို့ဆောင် ကာ ဆေးကုသပေးလျက် ရှိကြောင်းသိရသည်။

အဆိုပါဆေးရုံကြီးတွင် ၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်းမှ စတင်ကာ လူနာဦးရေ ပိုမိုများပြားလာပြီး လက် ရှိလူနာ ၁ဝ၅ဝ အတွက် တစ်ရက် အသားဟင်းဖြင့် တစ်နပ်စာကို စားစရိတ် ကျပ်သုံးသိန်းခွဲကျော်ခန့် ကုန်ကျမှုရှိ
ကြောင်း သိရသည်။

''တစ်နှစ်ထက်တစ်နှစ် လူနာ ဦးရေလည်း ပိုတိုးလာတယ်။ မနှစ်ကလူနာဦးရေ ၉၂ဝ ရှိတာ ကနေ အခုရှစ်
လတာကာလ အထိကို လူနာဦးရေ ၁ဝ၅ဝ အထိရှိ နေပြီး နောက်ပိုင်းလူနာ ဒီ့ထက်ပို များလာရင်ရေရှည်
တည်တံ့နိုင်ဖို့ အမာခံ အလှူရှင်တွေကိုလည်း လက်ခံပါတယ်''ဟု ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးကျော်စိုးက
 ပြောသည်။

နိုင်ငံတော်မှလည်း စိတ် ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်) အတွက် နှစ်စဉ် တစ်နှစ်စာ ကျပ် သိန်း ၂ဝဝ ဖိုး
ခန့်ရှိသော ဆေးဝါ များအား ထောက်ပံ့ပေး လျက်ရှိကြောင်း သိရသည်။

ချစ်ဆုဆွေ
ပေါ်ပြူလာဂျာနယ်

0 comments:

Post a Comment