Pages

Thursday, September 13, 2012

ပါကစ္စတန်တွင် မီးလောင်မှုနှစ်ခုကြောင့် သေဆုံးသူအရေအတွက် ၁၆၆ ဦးထိ မြင့်တက်လာ

ပါကစ္စတန်တွင် မီးလောင်မှုနှစ်ခုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာ


ပါကစ္စတန် နိုင်ငံတွင် မီးလောင်မှု (၂)ခုအတွင်း သေဆုံးသူ အရေအတွက်သည် (၈၅)ဦးထိ မြင့်တက်လာ
ကြောင်း သိရသည်။ ပါကစ္စတန်ရှိ ဆေးရုံတာဝန်ခံများက ကရာချိမြို့ရှိ စက်ရုံတစ်ရုံတွင် မီးလောင်ကျွမ်းပြီး
 သေဆုံးသူ ပမာဏသည် မူလထက် တရိပ်ရိပ် တက်လာခဲ့ကြောင်း ပြောဆိုသွားသည်။
အဝတ်အထည် စက်ရုံတွင် လောင်ကျွမ်းသော မီးကြောင့် လူပေါင်း(၆၀) သေဆုံးခဲ့ရာ နောက်ထပ် မီးလောင်
မှု တစ်ခုနှင့် ပေါင်းပါက (၈၅)ဦးထိ အသေအပျောက် ရှိလာခဲ့သည်။ လက်ရှိတွင် ကရာချိရှိ ပြည်သူ့ဆေးရုံ အ
ရေးပေါ်ခန်းတွင်လည်း မီးလောင်ကျွမ်းသော လူနာများ တက်ရောက်ကုသမှု ခံယူနေရဆဲဟု ဒေါက်တာ တာ
ရစ် ကာမဲလ် အေယူဘီက ပြောကြားခဲ့သည်။


ဗုဒ္ဓဟူးနေ့ကထိ မီးကျွမ်းနေသော ရုပ်အလောင်း (၆၀)ကို ဆေးရုံသို့ ယူဆောင်လာခဲ့ကြောင်း ဒေါက်တာ
အေယူဘီက ဆိုသည်။ အလောင်းအများစုသည် ဆိုးဆိုးရွားရွား ရုပ်ပျက်နေပြီး ယောက်ျားနှင့် မိန်းမ ခွဲခြား
ရန်ပင် ခက်ခဲနေကြောင်း သိရသည်။

ကရာချိသည် ပါကစ္စတန်၏ စီးပွားရေး မြို့တော်ကြီးဖြစ်ပြီး အင်္ဂါနေ့ ညပိုင်းက မီးလောင်ကျွမ်းမှုတွင် လူအ
မြောက်အမြား သေဆုံးခဲ့ခြင်း ဖြစ်သည်။ ကျန်မီးလောင်မှု တစ်ခုမှာ လာဟိုးတွင် ဖြစ်ပွားခဲ့ပြီး ဖိနပ်စက်ရုံတစ်
ခု မီးလောင်ရာ လူ(၂၅)ဦး အသေအပျောက် ရှိခဲ့သည်။

ထပ်မံသိရှိရသော သတင်းများအရ မီးလောင်မှုအတွင်း သေဆုံးသူအရေအတွက်မှာ ၁၆၆ ဦးထိ မြင့်တက်
လာသည်။




Planet Myanmar Media:

0 comments:

Post a Comment