Pages

Saturday, September 15, 2012

ဒေါ်အောင်ဆန်းစုကြည်ကို အမြဲ အားကိုးနေရန် မဖြစ်ဟုNLD ပါတီ နာယက ဦးတင်ဦး က ပြောကြား

 
မဲဆန္ဒရှင်အများစုက ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ အားကိုးမျှော်လင့် မှုများဖြင့် မဲဆန္ဒ ပေးခဲ့ခြင်းဖြစ်ေ ကြာင်း ဝေဖန်သံများ ကို NLD က သိရှိနား လည်သည်။ (ဓာတ်ပုံ- Reuters)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေဖြင့် လူပုဂ္ဂိုလ် တဦးတည်းကို မှီခိုအား ထားသော ပါတီ မဖြစ်စေရေးအတွက်ပြုပြင်မှုများလုပ်ဆောင်နေကြောင်း၊ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ၎င်းနေရာ
အား ဝင်ရောက်လုပ်ကိုင်နိုင်မည့်သူအား စဉ်းစားနေကြောင်း ပါတီ နာယက ဦးတင်ဦး က ပြောသည်။
NLDပါတီသည်မြန်မာနိုင်ငံ၏နိုင်ငံရေးပါတီများထဲတွင်သြဇာအင်အား အကြီးဆုံးဖြစ်သော်လည်း ဒေါ်အောင်
ဆန်းစုကြည်မရှိလျင်ပါတီမရှိနိုင်တော့ဟုပြောဆိုဝေဖန်မှုများလည်းရှိနေသည်။ သို့သော်လည်း ဒေါ်အောင်
ဆန်းစုကြည်အပါအဝင်NLDခေါင်းဆောင်များကလူငယ်သွေးသစ်များအားသွေးသစ်လောင်း၍ အားဖြည့်ရန်
 ပြင်ဆင်နေသည်ဟုဆိုသည်။
 
“ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောပေါက်တဲ့အတွက် သူ့နေရာမှာ လာပြီး ဝင်ပြီး လုပ်ကိုင်နိုင်သူနဲ့ပတ်သက်ပြီး အခြေအနေ ဖန်တီးဖို့ သူ့ခေါင်းထဲမှာရှိတယ်၊ သူ စဉ်းစားထားတယ်၊ ကျနော်တို့လည်း စဉ်းစားထားတယ်၊ တဦးကောင်း လုပ်တဲ့ နိုင်ငံရေးဟာ မမြဲပါဘူး” ဟု ဦးတင်ဦး က ပြောသည်။
 
လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၈ အရေးတော်ပုံမှစ၍ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ဝင်ရောက်ခဲ့ပြီး ဦးဆောင်သူ တဦး ဖြစ်လာခဲ့သည်။ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် တနိုင်ငံလုံး မဲအပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း အစိုးရက အာဏာလွှဲပြောင်းပေးအပ်ခြင်း မပြုခဲ့ပေ။
 
နောက်ပိုင်းတွင် နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ် ချထားခြင်းခံခဲ့ရပြီး စစ်အစိုးရက ဦးဆောင်ကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲအပြီး တပတ်အကြာတွင်လွှတ်မြောက်ခဲ့သည်။ ထို့နောက် ကြားဖြတ်ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲအပြတ်အသတ် အနိုင်ရရှိကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်လာခဲ့သည်။
 
မဲဆန္ဒရှင်အများစုကဒေါ်အောင်ဆန်းစုကြည်အားပုဂ္ဂိုလ်ရေးအရအားကိုးမျှော်လင့်မှုများဖြင့် မဲဆန္ဒ ပေးခဲ့ခြင်း
ဖြစ်ကြောင်းဝဖန်သံများထွက်ပေါ်နေသော်လည်းဒေါ်အောင်ဆန်းစုကြည်နှင့်NLDပါတီကယင်းသို့ မဖြစ်စေ
ရေးအတွက် ယခုအခါ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ဆိုသည်။
 
ထို့ကြောင့်ပါတီအနာဂတ်အတွက်လူငယ်များကိုဦးစားပေးသွားမည်ဖြစ်ကြောင်း၊ထို့အတူပါတီ ဗဟိုအဖွဲ့ချုပ်
တွင်လည်းယခုလမှစတင်ကာပြည်နယ်နှင့်တိုင်းအသီးသီးရှိ အဖွဲ့ချုပ်အဖွဲ့ဝင်လူငယ်များကိုလည်း နိုင်ငံရေး
စွမ်းရည်မြှင့်တင်ရေး သင်တန်းများ ပေးနေပြီဖြစ်ကြောင်း သိရသည်။
 
လူငယ်များဖြင့်အားဖြည့်ထားသောNLDပါတီအနေဖြင့်နောက်ပိုင်းတွင်တက်ကြွမြန်ဆန်သည့် ပါတီတရပ်အ
ဖြစ်မြင်တွေ့လာရမည်ဖြစ်သကဲ့သို့နိုင်ငံရေးပါတီများအကြားပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာနိုင်သည်ဟု ဦးတင်ဦး
ကပြောသည်။
 
“ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ယှဉ်ပြိုင်ရမယ့်ကိစ္စသည် အရင်ကလို မလွယ်ဘူး၊ အဲဒါကြောင့် လုပ်ရမယ်၊ အဲဒါနဲ့ပတ်သက်လို့ လုပ်တဲ့နေရာမှာ ပိုမိုပြီးတော့ ပြည်သူလူထု ယုံကြည်မှုရဖို့အတွက် ညီညွှတ်နိုင်တဲ့ အားဖြစ်အောင် ကြိုးစားမယ်” ဟု သူကပြောသည်။
 
NLDဖြစ်တည်လာရခြင်းသည်၁၉၈၈ အရေးတော်ပုံ၏ ကိုယ်ကျိုးစွန့်မှုများမှ ဖြစ်တည်လာရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်း ပြည်ပ ၈၈ မျိုးဆက်များအနေနှင့် ပါတီသို့ လာရောက်ပူးပေါင်းလိုပါက ကြိုဆိုကြောင်း NLD ၏ သဘောထားကို ပြောဆိုသည်။
 
ထို့ပြင်ပြည်တွင်း၊ ပြည်ပ ၈၈ မျိုးဆက်များနှင့် အခြားအတိုက်အခံ အင်အားစုများ အနေဖြင့် ဒီမိုကရေစီအရေး ကြိုးပမ်းမှုကြောင့် ကြုံတွေ့ခဲ့ရသည့် အခက်ခဲအမျိုးမျိုးကိုလည်း စာနာကြောင်းနှင့် ထိုအဖွဲ့များအနေဖြင့် ယခုချိန်ထိ NLD ပါတီသို့ ဝင်ရောက်ရန် ပြောဆိုခြင်းများမရှိသေးကြောင်း ဦးတင်ဦးက ရှင်းပြသည်။
 
၂၀၁၅အထွေထွေရွေးကောက်ပွဲသည်NLDကမဲအပြတ်အသတ်အနိုင်ရရှိလိမ့်မည်ဟု အများကမျှော်လင့်
ထားသော်လည်းမလွယ်ကူကြောင်း၊ပါတီကြီးတစ်ခုဖြစ်သောကြံ့ခိုင်ရေးပါတီအပါအဝင် အခြားသောပါတီ
များကလည်းအားနည်းချက်များကိုပြုပြင်ကာအရှိန်ရနေကြမည်ဆိုသည်ကို သတိရှိရန်လိုအပ်ကြောင်းလည်း
 ပြောဆိုသည်။
 
ဧရာဝတီ

0 comments:

Post a Comment