Pages

Saturday, September 15, 2012

မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကို ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် ယနေ့ကျင်းပ

Photo: မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား
ကို ချင်ပြည်နယ်မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မှာရှိတဲ့ မနောကွင်းဥယျာဉ် မဂျွယ်ခန်းမမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး မြစ်ဆုံဆည်နဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဟောပြောပွဲကို ရန်ကုန်မြို့က ထင်ရှားတဲ့ သဘာဝ ပတ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက
 ဟောပြောဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ကိုမင်းကိုနိုင်က ဧရာဝတီ မြစ်ဆုံဆည်ကို စစ်အစိုးရက ပြည်သူလူထုဆန္ဒတွေကို မတောင်းခံ၊ အသိမပေးဘဲ တည်ဆောက်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန် ထောက်ပြပြောဆိုခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူကလည်း 
 မြစ်ဆုံဆည်ပြဿနာ မပြီးပြတ်သေးဘူး ဆိုတဲ့အကြောင်း အလေးထား 
ပြောဆိုခဲ့ပါတယ်။   

ကချင်ပြည်နုယ်မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ မြစ်ဆုံနဲ့ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဟောပြောပွဲကို လူအင်အား ၁၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ
 ဖြစ်ကြတဲ့ ဒေါက်တာဦးထွန်းလွင်၊ ဒေါက်တာဒေါ်ခင်နီနီသိန်း၊ ဦးဝင်းမျိုးသူ၊ နိုင်ငံရေး အကျဉ်းသားဟောင်း ရွှေတွံတေးဆရာတော် ဦးဝါယမ၊ စာရေးဆရာကိုတာ၊ ဦးညိုမောင်နဲ့ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ဦးဆောင်ဟောပြောဆွေးနွေး 
ခဲ့ကြပြီး သစ်တောပညာရှင် ဦးအုန်းလည်း သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့ ပါတယ်။ 

ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ မနက်ဖြန် မှာတော့ ဖားကန့်ဒေသ ငြိမ်းချမ်းရေး ခရီးစဉ်ကို စတင်မယ်လို့ သိရပါတယ်။

(ဓာတ်ပုံ - မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား တက်ရောက်ရန် ၈၈ ကျောင်းသားများအဖွဲ့ မြစ်ကြီးနားသို့ စက်တင်ဘာလ ၁၄ ရက်နေ့က ရောက်ရှိစဉ်)
(ဓာတ်ပုံ - မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား တက်ရောက်ရန် ၈၈ ကျောင်းသားများအဖွဲ့ မြစ်ကြီးနားသို့ စက်တင်ဘာလ ၁၄ ရက်နေ့က ရောက်ရှိစဉ်)

မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကို ချင်ပြည်နယ်မြစ်ကြီးနားမြို့ စီ
တာပူရပ်ကွက် မှာရှိတဲ့ မနောကွင်းဥယျာဉ် မဂျွယ်ခန်းမမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး မြစ်ဆုံဆည်နဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဟောပြောပွဲကို ရန်ကုန်မြို့က ထင်ရှားတဲ့ သဘာဝ ပတ်
ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ဟောပြောဆွေး
နွေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ကိုမင်းကိုနိုင်က ဧရာဝတီ မြစ်ဆုံဆည်ကို စစ်အစိုးရက ပြည်သူလူထုဆန္ဒတွေကိုမ
တောင်းခံ၊ အသိမပေးဘဲ တည်ဆောက်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန် ထောက်ပြပြောဆိုခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူကလည်းမြစ်ဆုံဆည်ပြဿနာ မပြီးပြတ်သေးဘူး
 ဆိုတဲ့အကြောင်း အလေးထား ပြောဆိုခဲ့ပါတယ်။

ကချင်ပြည်နုယ်မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ မြစ်ဆုံနဲ့ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဟော
ပြောပွဲကို လူအင်အား ၁၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်
တွေ ဖြစ်ကြတဲ့ ဒေါက်တာဦးထွန်းလွင်၊ ဒေါက်တာဒေါ်ခင်နီနီသိန်း၊ ဦးဝင်းမျိုးသူ၊ နိုင်ငံရေး အကျဉ်းသား
ဟောင်း ရွှေတွံတေးဆရာတော် ဦးဝါယမ၊ စာရေးဆရာကိုတာ၊ ဦးညိုမောင်နဲ့ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ဦးဆောင်ဟောပြောဆွေးနွေး ခဲ့ကြပြီး သစ်တောပညာရှင်ဦး
အုန်းလည်း သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့ ပါတယ်။

ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ မနက်ဖြန် မှာတော့ ဖားကန့်ဒေသ ငြိမ်း
ချမ်းရေး ခရီးစဉ်ကို စတင်မယ်လို့ သိရပါတယ်။


RFA (Burmese)

0 comments:

Post a Comment