၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော် (SEA Games) ကို
အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံက လက်ခံ ကျင်းပမှာ ဖြစ်ပြီး
နေပြည်တော်မှာ တည်ဆောက်နေတဲ့အားကစားရုံကြီး(၃)ခုဟာ အခုအခါ (၈၅)ရာ
ခိုင်နှုန်း ပြီးစီးနေပြီလို့ မလေးရှား Banama သတင်းက ဖော်ပြပါတယ်။တည်ဆောက်နေတဲ့ အားကစားရုံတွေကို ဇမ္ဗူသီရိ၊ ဇေယျာသီရိနဲ့ ဇမ္ဗူဒီပလို့ အမည်ပေးထားပြီး (၂၇) ကြိမ်
မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော် ဖွင့်ပွဲနဲ့ ပိတ်ပွဲကို လူ သုံးသောင်းနှစ်ထောင်ဆန့်တဲ့ ဇမ္ဗူသီ
ရီ အားကစားရုံမှာ ကျင်းပမယ်လို့ ဆိုပါတယ်။
လူသုံးသောင်းကျော်ဆန့်တဲ့ ဇေယျာသီရိ အားကစားရုံမှာတော့ ပြေးခုန်ပစ် ပြိုင်ပွဲအမျိုးမျိုး ကျင်းပမှာဖြစ်ပြီး ဒီနှစ် ဒီဇင်ဘာလမှာ အသင့်ဖြစ်နေဖွယ်ရာ ရှိတယ်လို့ သိရပါတယ်။
လာမယ့် ပြိုင်ပွဲမှာ အိမ်ရှင်မြန်မာနိုင်ငံဟာ ဆုတံဆိပ် အများဆုံးရရှိဖို့ မျှော်မှန်းထားတယ်လို့လည်း မလေး

ရှား Banama သတင်းက ဖော်ပြပါတယ်။ တစ်ချိန်က မြန်မာဟာအားကစားအရာမှာဒေသတွင်းရဲ့ကြယ်တစ်
ပွင့်ဖြစ်ခဲ့ပေမဲ့
စစ်အစိုးရ အဆက်အဆက်နောက်ပိုင်းမှာ အဆင့်နိမ့်ကျသွားခဲ့ပါတယ်။
နေပြည်တော်
0 comments:
Post a Comment