Pages

Saturday, September 15, 2012

မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ဖို့ လှုပ်ရှားဆောင်ရွက်နေတဲ့ အကျဉ်းသားဟောင်း ကိုဟန်ဝင်းအောင်၊ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်က ကိုအောင်စိုးနဲ့ မိ တ္ထီလာ မြို့က ဒေါ်မြင့်မြင့်အေးတို့ကို စစ်ကိုင်းတိုင်း ရဲစခန်းက ဖမ်းဝရမ်းထုတ်

Photo: စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ဖို့ လှုပ်ရှားဆောင်ရွက်နေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဟန်ဝင်းအောင်၊ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်က ကိုအောင်စိုးနဲ့  မိတ္ထီလာ မြို့က ဒေါ်မြင့်မြင့်အေးတို့ကို စစ်ကိုင်းတိုင်း ရဲစခန်းက ဖမ်းဝရမ်းထုတ်ထားကြောင်း မနေ့က တရားဝင် ပြောကြား လိုက်တယ်လို့ သိရပါတယ်။

မနေ့က ပြန်လွတ်မြောက်လာတဲ့ လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်သူ ကိုဝေလုက တဆင့်  အခုလို တရားဝင်သတိပေးပြောဆိုလိုက်တာဖြစ်တယ် လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဟန်ဝင်းအောင်က RFA ကို ပြောပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရသူ (၃) ဦးကို အာဏာပိုင်တွေဘက်က ရှောင်တခင် ၀င်ရောက် ဖမ်းဆီးမယ် ဆိုရင် ပြန်လည် တုံ့ပြန်သွားဖို့ ဒေသခံ
 ကျေးရွာသားတွေဘက်က ပြင်ဆင်ထားကြတယ်လို့လည်း သိရပါတယ်။ 

ကြေးနီစီမံကိန်း ရပ်တံ့ဖို့ လှုပ်ရှားဆောင်ရွက်သူ ကိုဝေလုကို သြဂုတ်လ (၃၀) ရက်နေ့ ညပိုင်းမှာ စတင် ဖမ်းဆီးခဲ့ချိန်ကစလို့ အာဏာပိုင်တွေဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဆန္ဒပြ လယ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကျန်အဖွဲ့ဝင်တွေကိုလည်း နည်းလမ်းမျိုးစုံနဲ့ လိုက်လံ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအတောအတွင်း လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကို လုံးဝရပ်တံ့မှာ မဟုတ်ဘဲ လယ်ယာမြေ အသိမ်းခံရတဲ့ ဒေသခံတွေကို သိမ်းထားတဲ့မြေတွေ အတွက် လျော်ကြေးပေးအပ်ဖို့ ရှိတယ်လို့  သတင်းတွေ ထွက်ပေါ်နေကြောင်း  ဒေသခံတွေက ပြောပါတယ်။

အာဏာပိုင်တွေဘက်က လျော်ကြေးပေးပြီး ပြသနာဖြေရှင်းမယ်လို့ သတင်းတွေကြားသိရတဲ့ အပေါ် မကျေနပ်တဲ့ ဒေသခံ တစ်ထောင်ကျော်လောက်ဟာ ဒီကနေ့ နေ့လည်ပိုင်းက လယ်ယာမြေတွေအသိမ်းခံရတဲ့ ကျေးရွာတစ်ခုမှာ အခေါင်းတုတစ်ခုကို မီးရှို့သဂြိုဟ်ပွဲလုပ်ပြီး ဆန္ဒပြခဲ့ကြတယ်လို့လည်း သတင်းရရှိပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ဖို့ လှုပ်ရှားဆောင်ရွက်နေတဲ့ နိုင်ငံ
ရေး အကျဉ်းသားဟောင်း ကိုဟန်ဝင်းအောင်၊ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်က ကိုအောင်စိုးနဲ့ မိ
တ္ထီလာ မြို့က ဒေါ်မြင့်မြင့်အေးတို့ကို စစ်ကိုင်းတိုင်း ရဲစခန်းက ဖမ်းဝရမ်းထုတ်ထားကြောင်း မနေ့က တရား
ဝင် ပြောကြား လိုက်တယ်လို့ သိရပါတယ်။မနေ့က ပြန်လွတ်မြောက်လာတဲ့ လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်သူ ကိုဝေလုက တဆင့် အခုလို တရား
ဝင်သတိပေးပြောဆိုလိုက်တာဖြစ်တယ် လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဟန်ဝင်းအောင်က RFA ကို
 ပြောပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရသူ (၃) ဦးကို အာဏာပိုင်တွေဘက်က ရှောင်တခင် ၀င်ရောက် ဖမ်းဆီးမယ် ဆိုရင်
 ပြန်လည် တုံ့ပြန်သွားဖို့ ဒေသခံ ကျေးရွာသားတွေဘက်က ပြင်ဆင်ထားကြတယ်လို့လည်း သိရပါတယ်။

ကြေးနီစီမံကိန်း ရပ်တံ့ဖို့ လှုပ်ရှားဆောင်ရွက်သူ ကိုဝေလုကို သြဂုတ်လ (၃၀) ရက်နေ့ ညပိုင်းမှာ စတင် ဖမ်း
ဆီးခဲ့ချိန်ကစလို့ အာဏာပိုင်တွေဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဆန္ဒပြ လယ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကျန်အဖွဲ့ဝင်တွေကိုလည်း နည်းလမ်းမျိုးစုံနဲ့ လိုက်လံ ဖမ်းဆီးနေတယ်လို့ ဒေ
သခံတွေက ပြောပါတယ်။

ဒီအတောအတွင်း လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းကို လုံးဝရပ်တံ့မှာ မဟုတ်ဘဲ လယ်ယာမြေအသိမ်း
ခံရတဲ့ ဒေသခံတွေကိုသိမ်းထားတဲ့မြေတွေအတွက် လျော်ကြေးပေးအပ်ဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်
နေကြောင်း ဒေသခံတွေက ပြောပါတယ်။

အာဏာပိုင်တွေဘက်က လျော်ကြေးပေးပြီး ပြသနာဖြေရှင်းမယ်လို့ သတင်းတွေကြားသိရတဲ့ အပေါ် မကျေ
နပ်တဲ့ ဒေသခံ တစ်ထောင်ကျော်လောက်ဟာ ဒီကနေ့ နေ့လည်ပိုင်းက လယ်ယာမြေတွေအသိမ်းခံရတဲ့
ကျေးရွာတစ်ခုမှာ အခေါင်းတုတစ်ခုကို မီးရှို့သဂြိုဟ်ပွဲလုပ်ပြီး ဆန္ဒပြခဲ့ကြတယ်လို့လည်း သတင်းရရှိပါတယ်။
 
 
RFA (Burmese)

0 comments:

Post a Comment