Pages

Saturday, September 15, 2012

ယခုနှစ် အမေရိကန်မူးယစ်ဆေးတိုက်ဖျက်ရေး Black List စာရင်းတွင် မြန်မာ၊ ဘိုလီးဗီးယားနှင့် ဗင်နီဇွဲလားတို့ကို ဆက်လက်ထည့်သွင်းထား

ဝါရှင်တန်၊ စက်တင်ဘာ - ၁၅

အမေရိကန်ပြည်ထောင်စုသည် မြန်မာ၊ ဘိုလီးဗီးယားနှင့် ဗင်နီဇွဲလားတို့အား ၎င်း၏မူးယစ်ဆေးမှောင် ခိုတင်ပို့မှုတိုက်ဖျက်ရေးအမည်မည်းစာရင်းတွင်ယခုနှစ်၌ဆက်လက်ထည့်သွင်းလိုက်သည်။ သို့သော် မြန်မာ
နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများကြောင့် အမေရိကန်နိုင်ငံ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံကို
 အကူအညီပေးရန် ထိုက်တန်သေးကြောင်း အမေရိကန်ကပြောကြားခဲ့သည်။

အထက်ပါသုံးနိုင်ငံသည် အမေရိကန်၏ မူးယစ်ဆေးတိုက်ဖျက်ရေး အမည်မည်းစာရင်းတွင် လေးနှစ်မြောက် ပါဝင်ခဲ့ခြင်းဖြစ်သည်။ နှစ်စဉ် စက်တင်ဘာလတိုင်း အိမ်ဖြူတော်က ထုတ်ပြန်သည့် အမေရိကန်မူးယစ်ဆေး
ပေါ်လစီဆိုင်ရာ စာချွန်လွှာတွင် သမ္မတအိုဘားမားက "ဘိုလီးဗီးယား၊ မြန်မာနဲ့ ဗင်နီဇွဲလားတို့မှာ ထောက်ပံ့
ကူညီရေးလုပ်ငန်းတွေ လုပ်နေတာကိုလည်း ကျွန်တော်တို့ ထောက်ခံခဲ့ပါတယ်" ဟု ဖော်ပြထားသည်။


အိုဘားမားသည်ယမန်နှစ်ကဗင်နီဇွဲလားတွင်မူးယစ်ဆေးတိုက်ဖျက်ရေးအတွက် အကန့်အသတ်နှင့် ပူးပေါင်း
ဆောင်ရွက်လုပ်ဆောင်ခဲ့ပြီးစစ်အုပ်ချုပ်ရေးမှအရပ်သားအစိုးရ သို့ပြောင်းလဲခါစ မြန်မာတွင်မူ မည်သည့်ပူး
ပေါင်းဆောင်ရွက်မှုမှ မလုပ်ခဲ့သေးပေ။ 
ထုတ်ပြန်ချက်တွင် အိုဘားမားက မြန်မာနှင့် ပတ်သက်၍ ဘိန်းစိုက်ပျိုးမှုမှာ ပြည်နယ်နှစ်ခုတွင် ရှိခဲ့ပြီးယင်းအ
ပေါ်တွင် အစိုးရဘက်မှ တုံ့ပြန်မှုအနည်းငယ်သာရှိခဲ့ကြောင်းနှင့် အစိုးရသည် စစ်ရေးမငြိမ်မသက်မှုကြောင့်
ဘိန်းခင်းများအား လေ့လာရေးကို ပိတ်ပင်ခဲ့ကြောင်းဖော်ပြထားသည်။




ဘိုလီးဗီးယား၊ မြန်မာနှင့် ဗင်နီဇွဲလားတို့သည် အမေရိကန်၏ မူးယစ်ဆေးတိုက်ဖျက်ရေးအမည်မည်းစာရင်း (၂၀၁၂) ၏ နိုင်ငံ ၂၀ ကျော်တွင် အာဖဂန်၊ ကိုလံဘီယာ၊ မက္ကဆီကိုတို့နှင့် အတူ ပါဝင်ခဲ့သည်။




Ref: AFP
7Day News Journal

0 comments:

Post a Comment

 
world time