Pages

Saturday, September 15, 2012

စီးပွားရေးလုပ်ငန်းများရဲ့တည်နေရာ ၊ ဖုန်းနံပါတ် ၊ လိပ်စာတွေ အစုံသိဖို့ရွှေပြည်သုခ for Android




စီးပွားရေးလုပ်ငန်းများရဲ့တည်နေရာ ၊ ဖုန်းနံပါတ် ၊ လိပ်စာတွေနဲ့ စီးပွားရေးလုပ်ငန်းပေါင်းစုံကို Android ဖုန်းတစ်လုံးရှိရုံနဲ့ကြည့်ရှုနိုင်ပါပြီ။မြန်မာနိုင်ငံထဲက မြို့ကြီးသုံးမြို့ဖြစ်တဲ့ နေပြည်တော် ၊ ရန်ကုန် နဲ့မန္တလေး
မြို့တို့မှာ ဒီ App လေးကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒီဆော့ဝဲလေးကို ရွှေပြည်သုခ မှရေးသားထားခြင်းဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကိုအသုံးပြုဖို့အတွက် ဖုန်းမှာ
အင်တာနက်ဖွင့်ထားဖို့တော့လိုပါတယ်။ မိမိရဲ့တည်နေရာအနီးအနားမှာရှိနေတဲ့ စီးပွားရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအမျိုးအစားအလိုက်ရှာဖွေကြည့်နိုင်သလို ။

တခြား မြို့နယ်တွေကိုလည်းရိုက်ထည့်ပြီး ကိုယ်ရှာချင်သလိုလည်းစိတ်ကြိုက်ရှာဖွေနိုင်ပါတယ်။ ဆော့ဝဲရဲ့
လုပ်ဆောင်ပုံအသေးစိတ်ကိုအောက်မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။

Application အတွက် download လုပ်ဖို့ link နှစ်ခုပေးထားပါတယ်။

တစ်ခုက မြန်မာစာဖောင့်သွင်းမထားတဲ့ ဖုန်းတွေအတွက်ဖြစ်ပြီး တစ်ခုကတော့ မြန်မာစာသွင်းထားပြီးဖုန်း
တွေမှာသွင်းဖို့ပါ။

မိမိဖုန်းနဲ့ဆိုင်မယ့် application ဖိုင်ကိုရွေးချယ် download ရယူပါ။
ရွှေပြည်သုခ (English version) အားရယူရန်

ရွှေပြည်သုခ( Myanmar version) အားရယူရန်

Myanmar MMAS မှ တဆင့်ပြန်လည်ဖော်ပြလိုက်ပါတယ်။

သူငယ်ချင်းအားလုံးအဆင်ပြေကြပါစေဗျာ။

 

0 comments:

Post a Comment