Pages

Saturday, September 15, 2012

ရွှေဝါရောင်တော်လှန်ရေး ငါးနှစ်ပြည့်နှစ်ပတ်လည်အခမ်း အနားကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၅
ရွှေဝါရောင်တော်လှန်ရေး ငါးနှစ်ပြည့်နှစ်ပတ်လည်အခမ်း အနားကို စက်တင်ဘာ ၁၈ ရက် နံနက် ၁၁ နာရီတွင်အဆိုပါတော်လှန်ရေးတွင်အကျဉ်းကျခံခဲ့ရသောဆရာတော်ဦးကောဝိဒက ဦးဆောင်ကျင်းပမည်
ဖြစ်ကြောင်း ယင်းအခမ်းအနားဖြစ် မြောက်ရေးကော်မတီအဖွဲ့ဝင် တစ်ဦးကပြောသည်။
“အခမ်းအနားမှာ သံဃာအပါး ၂၀၀ လောက်ကို ဆွမ်းကပ်မယ်။ ဆုတောင်းမေတ္တာပို့သမယ်။ ရွှေဝါရောင်
တော်လှန်ရေး ကာလက ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအကျဉ်း သားတွေ၊ ဗကသက လူငယ်တွေ
လည်းပါဝင်ကြမယ်” ဟုအဆိုပါ ပွဲဖြစ်မြောက်ရေးကော်မတီဝင်တစ် ဦးကပြောသည်။

မူလက ယင်းအခမ်းအနားကို ငွေကြာယံကျောင်းတိုက်တွင် ပြုလုပ်ရန်စီစဉ်ထားသော်လည်း ဧည့်ပရိသတ်
မဆံ့မည်စိုးရိမ်ခြင်းနှင့် ငွေကြာယံကျောင်းတိုက်ဆရာတော် ကြီးမှာနိုင်ငံတော် သံဃမဟာနာ ယကအဖွဲ့ဝင်
ဆရာတော်တစ်ပါးဖြစ် ခြင်းကြောင့် ရွှေဝါရောင်တော်လှန်ရေးတွင် အကျဉ်းကျခံခဲ့ရသူတစ်ဦးဖြစ်သည့်ဆရာ
တော် ဦးကောဝိဒ၏ အရှေ့ဒဂုံမြို့နယ်၊ ၇ ရပ်ကွက်၊ ဖျာပုံလမ်းရှိ ဇေယျ သိဒ္ဓီတက္ကသီလာမဟာသတိပဌာန်
ကျောင်းတိုက်၌်ပြုလုပ်မည် ဖြစ်ကြောင်းသတင်းရရှိသည်။

ဆရာတော်ဦးကောဝိဒမှာ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ခြင်းကြောင့် ထောင်ဒဏ် ၁၁ နှစ် အကျဉ်း
ကျခံခဲ့ရပြီး ၃ နှစ်ခန့်အကြာ ၂၀၁၀ ပြည့်နှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ “၈ လေးလုံးနှစ်ပတ်
လည်တုန်းက လည်း အစိုးရအဖွဲ့တွေကို ပွဲလုပ်ခွင့်မတောင်းခဲ့ဘဲ တစ်ပြည် လုံးလုပ်ခဲ့ကြတာဆိုတော့ အခုဒီ
ပွဲကိုလည်း ဘယ်ကိုမှ တင်ပြထားတာတော့မရှိပါဘူး။ ရိုးရိုးဆွမ်းကပ်၊ ဆုတောင်းမေတ္တာ ပို့ရုံပါပဲ” ဟုအခမ်း
အနားဖြစ်မြောက်ရေးမှ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။
 
7Day News Journal

0 comments:

Post a Comment