Pages

Saturday, September 15, 2012

NED က ချီးမြင့်တဲ့ဆုကို လက်ခံရယူဖို့ အတွက် ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်သွားရောက်မည်းမဟုတ်ကြောင်းပြောကြား

Photo: NED (National Endowment for Democracy)  ချီးမြင့်တဲ့ဆုကို လက်ခံရယူဖို့ အတွက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို အာဏာပိုင်တွေက  နိုင်ငံကူးလက်မှတ် ထုတ်ပေးပေမဲ့ 
အတူလျှောက်ထားကြတဲ့ ကျန် ၈၈ မျိုးဆက်ကျောင်းသားတွေကို နိုင်ငံကူး လက်မှတ် ဆိုင်းငံ့ထားတဲ့ အတွက် ဆုချီးမြင့်ပွဲကို တက်ရောက်ဖို့ သူလာရောက်မှာ မဟုတ်ကြောင်း ကိုမင်းကိုနိုင်က ပြောပါတယ်။

"အမှန်တကယ်တော့ ဒီပေးတဲ့ဆုကို ကျွန်တော် တန်ဖိုးထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ မူရှိပါတယ်။ အဲဒီမူကိုတော့ ဦးကျိုးလို့ မရဘူး။ အဲဒါကတော့ တရားမျှတရမယ်။ နိုင်ငံသားတိုင်းအပေါ်မှာ ညီတူမျှတူ အခွင့်အရေး ရရမယ်ပေါ့။ 

အဲဒီတော့ ကျွန်တော်တို့ အမှုတွဲတွေပါ။ အဲဒီ ၁၉ ယောက်စလုံးဟာ ၆၅ နှစ်ကျခဲ့တဲ့ အမှုတွဲတွေကြီးပဲ။ အဲဒီအမှုတွဲတွေ အကုန်လုံးကို ထောင်က ထွက်လာတယ်။ အတူတူပဲ တင်ကြတယ်။ သာမာန်ပြည်သူဆို ၂၁ ရက်နဲ့ ရတယ်။ ကျွန်တော်တို့လူတွေ ၆ လ ပြည့်ပြီ။ မရသေးဘူး။ အဲဒီတော့ ကျွန်တော့ကိုပဲ ပေးတယ်။ ကျွန်တော်တို့နဲ့ အတူတူ တွဲနေတဲ့လူတွေကို မပေးဘူးဆိုတဲ့အခါကျတော့ ဒါ ခွဲခြားဆက်ဆံတယ်လို့ ခံစားရပါတယ်။ အဲဒီတော့ အဲဒီမူကိုတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူး။

 နောက်တခုက နိုင်ငံသားတိုင်းဟာ ၂၁ ရက်ပြည့်လို့ရှိရင် သူ့အရည်အချင်းတွေ ပြည့်လို့ရှိရင် ပေးရပါလိမ့်မယ်။ ကျွန်တော်တို့ဘက်က မှားယွင်းဖော်ပြတာ၊ လိမ်ညာဖော်ပြတာမျိုးရှိလို့ ဆိုရင်တော့ ဒီအချက် ဒီအချက်ကြောင့် မပေးနိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ကြေညာပေးပါ။ အဲဒီလိုမဟုတ်ဘဲ ကျွန်တော်တို့ကို တနှစ်ဆိုင်းငံ့ဆိုတာမျိုးကတော့ အဲဒါ ကျွန်တော်တို့ကို ဒုတိယတန်းစား နိုင်ငံသားအဖြစ် ထားတဲ့သဘောပဲ ကျွန်တော်တို့ မြင်တယ်။ 

အဲဒါ ဥပဒေလည်း မဟုတ်ဘူး။ စိတ်ထဲရှိတာတွေကို သူတို့ဟာ သူတို့ အမိန့်ထုတ်ပစ်လိုက်တာ ဖြစ်တယ်။ အဲဒါမျိုးတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ဒါကြောင့် ကျွန်တော် ငြင်းပယ်တာပါ။ 

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဝင်တွေဟာ လွန်ခဲ့တဲ့ ဧပြီလ ကတည်းက နိုင်ငံကူးလက်မှတ်တွေ လျှောက်ထားခဲ့ပြီး၊ အခုချိန်မှာ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့နှစ်ဦးတည်းကိုပဲ ထုတ်ပေးတယ်လို့ သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်မင်းသား ကိုကျော်သူ၊ မဲဆောက်အခြေစိုက် ဒေါက်တာစင်သီယာမောင် နဲ့ US Campaign for Burma အဖွဲ့က ကိုအောင်ဒင် တို့ ၅ ဦးကို မြန်မာ့ဒီမိုကရေစီရေးမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ အတွက် NED အဖွဲ့က ဆုချီးမြှင့်မှာဖြစ်ပါတယ်။

NED (National Endowment for Democracy) ချီးမြင့်တဲ့ဆုကို လက်ခံရယူဖို့ အတွက် ကျောင်းသားခေါင်း
ဆောင် ကိုမင်းကိုနိုင်ကို အာဏာပိုင်တွေက နိုင်ငံကူးလက်မှတ် ထုတ်ပေးပေမဲ့ အတူလျှောက်ထားကြတဲ့
ကျန် ၈၈ မျိုးဆက်ကျောင်းသားတွေကို နိုင်ငံကူး လက်မှတ် ဆိုင်းငံ့ထားတဲ့ အတွက်ဆုချီးမြင့်ပွဲကို တက်
ရောက်ဖို့ သူလာရောက်မှာ မဟုတ်ကြောင်း ကိုမင်းကိုနိုင်က ပြောပါတယ်။"အမှန်တကယ်တော့ ဒီပေးတဲ့ဆုကို ကျွန်တော် တန်ဖိုးထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ မူရှိပါတယ်။ အဲ
ဒီမူကိုတော့ ဦးကျိုးလို့ မရဘူး။ အဲဒါကတော့ တရားမျှတရမယ်။ နိုင်ငံသားတိုင်းအပေါ်မှာ ညီတူမျှတူ အခွင့်
အရေး ရရမယ်ပေါ့။

အဲဒီတော့ ကျွန်တော်တို့ အမှုတွဲတွေပါ။ အဲဒီ ၁၉ ယောက်စလုံးဟာ ၆၅ နှစ်ကျခဲ့တဲ့ အမှုတွဲတွေကြီးပဲ။ အဲဒီအ
မှုတွဲတွေ အကုန်လုံးကို ထောင်က ထွက်လာတယ်။ အတူတူပဲ တင်ကြတယ်။ သာမာန်ပြည်သူဆို ၂၁ ရက်နဲ
ရတယ်။ ကျွန်တော်တို့လူတွေ ၆ လ ပြည့်ပြီ။ မရသေးဘူး။ အဲဒီတော့ ကျွန်တော့ကိုပဲ ပေးတယ်။ ကျွန်တော်
တို့နဲ့ အတူတူ တွဲနေတဲ့လူတွေကို မပေးဘူးဆိုတဲ့အခါကျတော့ ဒါ ခွဲခြားဆက်ဆံတယ်လို့ ခံစားရပါတယ်။ အဲ
ဒီတော့ အဲဒီမူကိုတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူး။

နောက်တခုက နိုင်ငံသားတိုင်းဟာ၂၁ ရက်ပြည့်လို့ရှိရင်သူ့အရည်အချင်းတွေ ပြည့်လို့ရှိရင် ပေးရပါလိမ့်မယ်
။ကျွန်တော်တို့ဘက်ကမှားယွင်းဖော်ပြတာ၊လိမ်ညာဖော်ပြတာမျိုးရှိလို့ ဆိုရင်တော့ဒီအချက် ဒီအချက်
ကြောင့်မပေးနိုင်ဘူးဆိုတာရှင်းရှင်းလင်းလင်း ကြေညာပေးပါ။ အဲဒီလိုမဟုတ်ဘဲ ကျွန်တော်တို့ကိုတနှစ်ဆိုင်း
ငံ့ဆိုတာမျိုးကတော့အဲဒါကျွန်တော်တို့ကို ဒုတိယတန်းစားနိုင်ငံသားအဖြစ် ထားတဲ့သဘောပဲ ကျွန်တော်တို့
 မြင်တယ်။

အဲဒါ ဥပဒေလည်း မဟုတ်ဘူး။ စိတ်ထဲရှိတာတွေကို သူတို့ဟာ သူတို့ အမိန့်ထုတ်ပစ်လိုက်တာ ဖြစ်တယ်။ အဲ
ဒါမျိုးတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ဒါကြောင့် ကျွန်တော် ငြင်းပယ်တာပါ။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဝင်တွေဟာလွန်ခဲ့တဲ့ ဧပြီလ ကတည်းက နိုင်ငံကူးလက်မှတ်တွေလျှောက်
ထားခဲ့ပြီး၊ အခုချိန်မှာ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့နှစ်ဦးတည်းကိုပဲ ထုတ်ပေးတယ်လို့ သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ နာရေး
ကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်မင်းသား ကိုကျော်သူ၊ မဲဆောက်အခြေစိုက် ဒေါက်တာစင်သီယာမောင် နဲ့ US Campaign for Burma အဖွဲ့က ကိုအောင်ဒင် တို့ ၅ ဦးကို မြန်မာ့ဒီမိုကရေစီရေးမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့
တဲ့ အတွက် NED အဖွဲ့က ဆုချီးမြှင့်မှာဖြစ်ပါတယ်။
 
 
RFA (Burmese)

0 comments:

Post a Comment