Pages

Sunday, September 16, 2012

အိုင်ဖုန်း 5 ကအိုဘားမားရဲ့ နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ အမှန်တကယ်ကူညီမှာလေလား



Apple ကိုချစ်သော်ရှိမုန်းသော်ရှိApple ရဲ့ထုတ်ကုန်တွေဖြစ်တဲ့ iPad နဲ့ iPhone ရဲ့ရေပန်းစားမှုကိုတော့ဘယ်
သူမှမျက်ကွယ်မပြုနိုင်ကြပါဘူး။ သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Android ကိုတောင် မမှုဘဲနဲ့အရောင်းသွက်အောင်
ဘယ်လို ထိန်းထားနိုင်လဲဆိုတာ နားမလည်နိုင်အောင်ပါဘဲ။

 iPhone ရဲ့ရောင်းအားက အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကိုတိုက်ရိုက်အကျိုးသက်နေပါတယ်။ ဒီလိုစီးပွားရေး
တိုးတက်လာခြင်းဟာ နောက်လေးနှစ်စာ အတွက် သမ္မတ အိုဘားမားရဲ့နေရာကိုပိုမိုခိုင်မာအောင် ပြုလုပ်
ပေးနေသယောင်ဖြစ်နေပါတယ်လို့ Atlantic Wire ကဝေဖန်သုံးသပ်ပြပါတယ်။

 တကယ်လို့သာ iPhone ကို ခန့်မှန်းထားတဲ့ပမာဏထိ ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနိုင်ခဲ့မယ်ဆိုရင် GDP ရဲ့
ရာခိုင်နှုန်းတစ်ဝက်လောက်ဒါမှမဟုတ် လေးပုံတစ်ပုံလောက် တိုးလာမှာပါ။ iPhone ရောင်းအားရဲ့ပထမ သုံး
လ မှာတင် Apple က ပမာဏ(၈)သန်းထိရောက်အောင် ဖော်ဆောင်ပေးခဲ့တာ မဟုတ်ပါလား။

ဒီလိုရောင်းအားတွေကြည့်ချင်းအားဖြင့် iPhone အသုံးပြုသူအရေအတွက် တကမ္ဘာလုံးအနှံ့ ဘယ်လောက်
များများရှိနေနိုင်မလဲဆိုတာကိုတွေးကြည့်နိုင်မှာဖြစ် သလို တဖက်မှာလည်း ဒီလိုမျိုး နိုင်ငံရဲ့စီးပွားရေးအခြေ
အနေတောင့်တင်းခိုင်မာမှုဟာ သမ္မတအိုဘားမားကို နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာ ထပ်ပြီးအနိုင်ရရှိ
စေနိုင်ပါတယ်။

အခုလိုမျိုး Apple ရဲ့ ထုတ်ကုန်တစ်ခုလေးကဘဲ အမေရိကန်နိုင်ငံရဲ့ ဈေးကွက်ကို အခြေခိုင်စေ နိုင်ခဲ့တာ
လား။ ခရစ်စမတ်ပွဲတော်မတိုင်မီ အရောင်းသွက်လာနိုင်မယ့် တခြားနည်းပညာထုတ်ကုန်တွေလည်း ရှိနေ
နိုင်သေးပါတယ်။ သို့ပေမယ့်လည်း ခန့်မှန်းထားတဲ့ ရောင်းအားစံချိန်အရဆိုရင် iPhone 4S ကတော့ GDP ရဲ့ 2% ကိုတိုးတက်စေခဲ့တာတော့ အမှန်ပါဘဲ။


Ref: Could the iPhone 5 actually help re-elect Obama? by Andrew Grush 
Ref; Myanmar MMAS 

0 comments:

Post a Comment