Pages

Sunday, September 16, 2012

Myanmar National ရုပ်သံလိုင်းကို အောက်တိုဘာလတွင် ထုတ်လွှင့်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၅
 
 မြန်မာနိုင်ငံ အနှံ့အပြားသို့ Skynet အမည်ဖြင့် ရုပ်သံလိုင်း အများအပြား ထုတ်လွှင့် ပြသနေသောရွှေသံလွင် ကုမ္ပဏီ လီမိတက်က Myanmar National ရုပ်သံလိုင်းသစ်ကို free to air စနစ်အဖြစ် အောက်တိုဘာလတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းယင်းကုမ္ပဏီ၏အထွေထွေမန်နေဂျာဖြစ်သူ ဦးသက်ဝင်းက ပြောကြား
သည်။
လက်ရှိတွင် အဆိုပါ ရုပ်သံလိုင်းကို Skynet စက် တပ်ဆင်သူများသာ ဖမ်းယူ ကြည့်ရူနိုင်ပြီး free to Air အဖြစ်
 ပြောင်းလဲ ထုတ်လွှင့်မှုကို အောက်တိုဘာလတွင်သာ စတင်နိုင်မည် ဖြစ်ကြောင်း ရုပ်သံလိုင်းကို Free to air ထုတ်လွှင့်သွားရန် စမ်းသပ် လုပ်ဆောင်မှုများကို ၄င်းတို့ ကုမ္ပဏီ အနေဖြင့် လုပ်ဆောင်လျှက် ရှိကြောင်းငှင်း
က ဆိုသည်။


သို့ရာတွင် Myanmar national ရုပ်သံလိုင်း၏ အထွေထွေ မန်နေဂျာဖြစ်သူ ဦးစိုင်းဇွမ်ဖက မူယင်းသို့ အောက်
တိုဘာလတွင် စတင် ထုတ်လွှင့် သွားနိုင်ရန်မှာမူ ရက်အတိအကျမပြောနိုင် သေးကြောင်း သြဂုတ်လ(၁)ရက်
နေ့က စတင်ကာ ယင်းရုပ်သံလိုင်းကို skynet မှ စတင် စမ်းသပ် ထုတ်လွှင့်လျှက် ရှိပြီး ယခုကဲ့သို့ ရန်ကုန်၊ မန္တ
လေး၊ နေပြည်တော်မြို့များသို့် free to air အဖြစ် ထုတ်လွှင့်ရန်မှာမူ အချိန်ကာလ လိုအပ်နေသေးကြောင်း
၎င်းက ရှင်းပြသည်။

“ မြို့နယ်တွေမှာ တိုင်ထောင်ရမှာတွေ ကွန်ကရစ် ခင်းရမှာတွေ ရှိသေးတယ်။ စမ်းသပ် နေတာတွေလည်း မ
ပြီးသေးပါဘူး၊ ဒါကြောင့် အောက်တိုဘာမှာ စတင် ထုတ်လွှင့်မယ် လို့တော့ မပြောနိုင်သေးဘူး” ဟု ၄င်းက
ထုတ်လွှင့်မှု ရက်စွဲနှင့် ပတ်သတ်၍ ပြောကြားသည်။

MRTV -4 ရုပ်သံလိုင်းကဲ့သို့ သတင်းအချက်အလက်နှင့် ဖျော်ဖြေရေးအစီအစဉ်များပါဝင်သော Myanmar International ရုပ်သံလိုင်းကို မြန်မာတစ်နိုင်ငံလုံးfree to air စနစ်အဖြစ် ထုတ်လွှင့်နိုင်ရန် စီစဉ် မည်ဖြစ်ပြီး
လတ်တလော ကာလတွင် ရန်ကုန်၊ နေပြည်တော် နှင့်မန္တလေးမြို့များတွင်သာ စတင် ထုတ်လွှင့်မည်ဖြစ်
ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။
 
TheVoiceWeekly

0 comments:

Post a Comment