Pages

Sunday, September 16, 2012

မကြာသေးခင်က ရေနစ်မြုပ်မှုဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး ၊ သာပေါင်းမြို့နယ်မှာ အ ခုရက်အတွင်း ဒုတိယမြောက် ရေဘေးနဲ့ ထပ်မံကြုံတွေ့

Photo: မကြာသေးခင်က ရေနစ်မြုပ်မှုဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး ၊ သာပေါင်းမြို့နယ်မှာ အခုရက်အတွင်း ဒုတိယမြောက် ရေဘေးနဲ့ ထပ်မံကြုံတွေ့နေရတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

သာပေါင်းမြို့နယ်အထက်ပိုင်းက ကွင်းပေါက်၊ ဘုရားကုန်း၊  သရက်ကုန်းနဲ့ ခင်တန်းစတဲ့ ကျေးရွာအုပ်စုတွေမှာ ရေနစ်မြုပ်မှုဒဏ်ခံနေရပြီး ဘုရားကုန်းကျေးရွာအုပ်စုကတော့ အဆိုးဝါးဆုံးဖြစ်တာကြောင့်
 ဒေသခံတွေအနေနဲ့ ကိုယ်ပိုင်နေအိမ်တွေကို စွန့်ခွာပြီး ကုန်းမြင့်ပိုင်းက ဘုန်းတော်ကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြရ တယ်လို့
 ဒေသခံတွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့လအတွင်း ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုကြောင့် ဒေသခံတွေ ဒုက္ခမျိုးစုံနဲ့
 ကြုံတွေ့ခဲ့ရသလို အခုရက်ပိုင်းအတွင်း ရေပြန်တက်လာတဲ့အတွက်
 ကျေးရွာအတော်များများမှာ စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ထပ်မံ ရင်ဆိုင်နေရတယ်လို့  ကွင်းပေါက်ကျေးရွာသား ဦးတင်ထွန်းက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း သာပေါင်းမြို့နယ်က ကျေးရွာတွေမှာ
 ရေဘေးဒဏ်သင့်ပြည်သူတွေအတွက် ပြည်တွင်း ပြည်ပက အလှူရှင်တွေ လာရောက်ကူညီမှုရှိခဲ့ပေမယ့်၊ အခုရက်ပိုင်း ရေကြီးမှု ထပ်မံကြုံတွေ့ ရချိန်မှာတော့ အကူအညီတွေ ရောက်မလာသေးဘူးလို့ ဒေသခံတွေက
 ပြောပါတယ်။

သာပေါင်းမြို့နယ်အတွင်း ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းလောက်ကစလို့ မိုးသည်းထန်မှုကြောင့် ရေဘေးဒဏ်ကြုံခဲ့ရပြီး၊ လကုန်ပိုင်းအရောက်မှာ
 ရေပြန်ကျသွားခဲ့ပါတယ်။ ဒါပေမယ့်  အခုစက်တင်ဘာလ ဒုတိယပတ်အရောက်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်
 နောက်ထပ်တကြိမ်ရေဘေးနဲ့ ကြုံတွေ့ရတာ ဖြစ်ပါတယ်။

မကြာသေးခင်က ရေနစ်မြုပ်မှုဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး ၊ သာပေါင်းမြို့နယ်မှာ အ
ခုရက်အတွင်း ဒုတိယမြောက် ရေဘေးနဲ့ ထပ်မံကြုံတွေ့နေရတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှု အခက်အ
ခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။သာပေါင်းမြို့နယ်အထက်ပိုင်းက ကွင်းပေါက်၊ ဘုရားကုန်း၊ သရက်ကုန်းနဲ့ ခင်တန်းစတဲ့ ကျေးရွာအုပ်စုတွေ
မှာ ရေနစ်မြုပ်မှုဒဏ်ခံနေရပြီး ဘုရားကုန်းကျေးရွာအုပ်စုကတော့ အဆိုးဝါးဆုံးဖြစ်တာကြောင့်ဒေသခံတွေ
အနေနဲ့ ကိုယ်ပိုင်နေအိမ်တွေကို စွန့်ခွာပြီး ကုန်းမြင့်ပိုင်းက ဘုန်းတော်ကြီးကျောင်းတွေမှာ သွားရောက်ခို
လှုံနေကြရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်းဖြစ်ပွားခဲ့တဲ့ ရေကြီးမှုကြောင့် ဒေသခံတွေဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရသလို အခုရက်ပိုင်းအ
တွင်း ရေပြန်တက်လာတဲ့အတွက် ကျေးရွာအတော်များများမှာ စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ထပ်မံ ရင်
ဆိုင်နေရတယ်လို့ ကွင်းပေါက်ကျေးရွာသား ဦးတင်ထွန်းက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း သာပေါင်းမြို့နယ်က ကျေးရွာတွေမှာ ရေဘေးဒဏ်သင့်ပြည်သူတွေအတွက်
 ပြည်တွင်း ပြည်ပက အလှူရှင်တွေ လာရောက်ကူညီမှုရှိခဲ့ပေမယ့်၊ အခုရက်ပိုင်း ရေကြီးမှု ထပ်မံကြုံတွေ့ ရ
ချိန်မှာတော့ အကူအညီတွေ ရောက်မလာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သာပေါင်းမြို့နယ်အတွင်း ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းလောက်ကစလို့ မိုးသည်းထန်မှုကြောင့် ရေဘေးဒဏ်
ကြုံခဲ့ရပြီး၊ လကုန်ပိုင်းအရောက်မှာ ရေပြန်ကျသွားခဲ့ပါတယ်။ ဒါပေမယ့် အခုစက်တင်ဘာလ ဒုတိယပတ်အ
ရောက်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နောက်ထပ်တကြိမ်ရေဘေးနဲ့ ကြုံတွေ့ရတာ ဖြစ်ပါတယ်။
 
 
RFA (Burmese)

0 comments:

Post a Comment