Pages

Sunday, September 16, 2012

ပန်းရဲ့လမ်း ဂီတအဖွဲ့နဲ့ တောင်ဥတ္ကလာပမြို့နယ်က NLD ပါတီဝင်တွေ ဧရာဝတီ တိုင်းက ရေဘေးသင့်ရွာတွေကို သွားရောက် ကူညီလှုဒါန်း

Photo: ဧရာဝတီတိုင်းက ရေဘေးသင့် ပြည်သူတွေအတွက် မြန်မာနိုင်ငံတ၀ှမ်းမှာ ဂီတဖျော်ဖြေပွဲတွေ ပြုလုပ်ပြီး ရန်ပုံငွေ ရှာဖွေခဲ့တဲ့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတအဖွဲ့နဲ့ တောင်ဥတ္ကလာပမြို့နယ်က NLD ပါတီဝင်တွေ
ဟာ ဧရာဝတီ တိုင်းပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်မှာရှိတဲ့ ရေဘေးသင့်
ရွာတွေက ပြည်သူ ၄၀၀ကျော် ကို ဒီကနေ့ သွားရောက် ကူညီလှုဒါန်းခဲ့တယ်
လို့ သိရပါတယ်။

မေကြက်မရွာနဲ့ ကျွဲခေါင်းကျေးရွာ နှစ်ရွာက ပြည်သူ ၄၀၀ ကျော်အတွက် ဆန်အိတ် ၂၀၀ကျော်နဲ့ စားသောက်ကုန်၊ ဆေးဝါးနဲ့ တခြားလူသုံးကုန်
ပစ္စည်းတွေ ပေးအပ်နိုင်ခဲ့ပြီး၊ တခြားအကူအညီလိုအပ်နေတဲ့
တောချောင်းရွာ၊ မရမ်းရောရွာနဲ့ပွေးတန်းရွာသုံးရွာမှာ နေထိုင်နေသူတွေကို
လည်း မြောင်းမြ NLD ကတဆင့် အကူအညီပစ္စည်းတွေ ဆက်လက်ပေးအပ်
သွားမယ်လို့ လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့ဝင် အဆိုတော် ကိုသားထွေး က RFA ကို ပြောပါတယ်။

လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း ဂီတအဖွဲ့နဲ့NLD ပါတီဝင်တွေ စုပေါင်းပြီး၊ ဧရာဝတီတိုင်းက ရေဘေးသင့်ဒေသ တွေကို ပထမအကြိမ်သွားရောက်ပြီး
ထောက်ပံ့ရေး ပစ္စည်းတွေ ကူညီပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

(Photo courtesy of Burma VJ Media)
(Photo courtesy of Burma VJ Media)
ဧရာဝတီတိုင်းက ရေဘေးသင့် ပြည်သူတွေအတွက် မြန်မာနိုင်ငံတ၀ှမ်းမှာ ဂီတဖျော်ဖြေပွဲတွေ ပြုလုပ်ပြီး ရန်
ပုံငွေ ရှာဖွေခဲ့တဲ့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတအဖွဲ့နဲ့ တောင်ဥတ္ကလာပမြို့နယ်က NLD ပါတီဝင်တွေ
ဟာဧရာဝတီတိုင်းပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်မှာရှိတဲ့ ရေဘေးသင့်ရွာတွေက ပြည်သူ၄၀၀ကျော် ကိုဒီကနေ့
သွားရောက် ကူညီလှုဒါန်းခဲ့တယ် လို့ သိရပါတယ်။မေကြက်မရွာနဲ့ ကျွဲခေါင်းကျေးရွာနှစ်ရွာကပြည်သူ ၄၀၀ ကျော်အတွက် ဆန်အိတ် ၂၀၀ကျော်နဲ့ စားသောက်
ကုန်၊ ဆေးဝါးနဲ့ တခြားလူသုံးကုန် ပစ္စည်းတွေ ပေးအပ်နိုင်ခဲ့ပြီး၊ တခြားအကူအညီလိုအပ်နေတဲ့ တောချောင်း
ရွာ၊ မရမ်းရောရွာနဲ့ပွေးတန်းရွာသုံးရွာမှာ နေထိုင်နေသူတွေကို လည်း မြောင်းမြ NLD ကတဆင့် အကူအညီ
ပစ္စည်းတွေ ဆက်လက်ပေးအပ် သွားမယ်လို့ လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့ဝင် အဆိုတော် ကိုသားထွေး က RFA ကို ပြောပါတယ်။

လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းဂီတအဖွဲ့နဲ့NLD ပါတီဝင်တွေစုပေါင်းပြီး၊ဧရာဝတီတိုင်းကရေဘေးသင့်ဒေသ
တွေကို ပထမအကြိမ်သွားရောက်ပြီး ထောက်ပံ့ရေး ပစ္စည်းတွေ ကူညီပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
 
 
RFA (Burmese)

0 comments:

Post a Comment