Pages

Sunday, September 16, 2012

အမေရိကန်ဆန့်ကျင်ရေး ဆူပူအုံကြွ ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့် မွတ်ဆလင်မ်နိုင်ငံများရှိ ၁၈ နေရာသို့ စစ်ဖက်ဆိုင်ရာ အထူးတပ်ဖွဲ့များကို အမေရိကန်က စေလွှတ်

Photo: Update:
အမေရိကန်ဆန့်ကျင်ရေး ဆူပူအုံကြွ ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့် မွတ်ဆလင်မ်နိုင်ငံများရှိ ၁၈ နေရာသို့ စစ်ဖက်ဆိုင်ရာ အထူးတပ်ဖွဲ့များကို အမေရိကန်က စေလွှတ်ချထားလိုက်ပြီ ဖြစ်သည်။ ဆန္ဒပြမှုများကို မထိန်းသိမ်းနိုင်တော့သည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပနက်တာက အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။ 

ပနက်တာက ပင်တဂွန်စစ်ဌာနချုပ်၏ အစီအစဉ် အသေးစိတ်ကို ထုတ်ပြန်ပြောကြားခြင်း မရှိသော်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ အတည်ပြုချက်အရ မရိန်းတပ်ဖွဲ့ဝင် ၁၀၀ ကို လစ်ဗျား၊ ထရီပိုလီနှင့် ယီမင်သို့ စေလွှတ်လိုက်သည်။ ထို့အတူပင် ပင်တဂွန်အနေဖြင့် ဆူဒန်နိုင်ငံသို့လည်း အမေရိကန်စစ်သား ၅၀ ကို စေလွှတ်ဖွယ်ရှိကြောင်း RT News က ဖော်ပြသည်။ 

အမေရိကန်လူမျိုးတစ်ဦးက ရိုက်ကူးဖြန့်ဝေခဲ့သည့် အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော် မိုဟာမက်အား လှောင်ပြောင်သရော်ထားသော ၁၄ မိနစ်စာ ရုပ်ရှင်ဇာတ်လမ်းတို ထွက်ပေါ်လာပြီးနောက် အာရပ်ကမ္ဘာတွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။ 

လစ်ဗျားတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုနှင့်အတူ တိုက်ခိုက်မှုများကြောင့် အမေရိကန်သံအမတ်နှင့် ဝန်ထမ်းသုံးဦး သေဆုံးခဲ့သည်။ လစ်ဗျား၊ အီဂျစ်၊ ယီမင်၊ ဆူဒန်အပါအဝင် မွတ်ဆလင်မ်နိုင်ငံများရှိ အမေရိကန်သံရုံးများကို ဆန္ဒပြသူများက တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။


အမေရိကန်ဆန့်ကျင်ရေး ဆူပူအုံကြွ ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့် မွတ်ဆလင်မ်နိုင်ငံများရှိ ၁၈ နေရာသို့ စစ်ဖက်ဆိုင်ရာ အထူးတပ်ဖွဲ့များကို အမေရိကန်က စေလွှတ်ချထားလိုက်ပြီ ဖြစ်သည်။ ဆန္ဒပြမှုများကို မ
ထိန်းသိမ်းနိုင်တော့သည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်
ကြီး လီယွန် ပနက်တာက အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။ ပနက်တာက ပင်တဂွန်စစ်ဌာနချုပ်၏ အစီအစဉ် အသေးစိတ်ကို ထုတ်ပြန်ပြောကြားခြင်း မရှိသော်လည်းအ
aမရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ အတည်ပြုချက်အရ မရိန်းတပ်ဖွဲ့ဝင် ၁၀၀ ကို လစ်ဗျား၊ ထရီပိုလီနှင့် ယီမင်သို့ စေလွှတ်လိုက်သည်။ ထို့အတူပင် ပင်တဂွန်အနေဖြင့် ဆူဒန်နိုင်ငံသို့လည်း အမေရိကန်စစ်သား ၅၀ ကို စေလွှတ်ဖွယ်ရှိကြောင်း RT News က ဖော်ပြသည်။

အမေရိကန်လူမျိုးတစ်ဦးက ရိုက်ကူးဖြန့်ဝေခဲ့သည့် အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော် မိုဟာမက်အား
 လှောင်ပြောင်သရော်ထားသော ၁၄ မိနစ်စာ ရုပ်ရှင်ဇာတ်လမ်းတို ထွက်ပေါ်လာပြီးနောက် အာရပ်ကမာ
္ဘတွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။

လစ်ဗျားတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုနှင့်အတူ တိုက်ခိုက်မှုများကြောင့် အမေရိကန်သံအမတ်နှင့် ဝန်ထမ်း
သုံးဦး သေဆုံးခဲ့သည်။ လစ်ဗျား၊အီဂျစ်၊ ယီမင်၊ ဆူဒန်အပါအဝင် မွတ်ဆလင်မ်နိုင်ငံများရှိ အမေရိကန်သံရုံး
များကို ဆန္ဒပြသူများက တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။
 
 
Planet Myanmar Media:


0 comments:

Post a Comment