Pages

Sunday, September 16, 2012

အလှပျက်စေတဲ့ အဆီပိုများ



အမျိုးသမီးများသည် လူအများ ကြားတွင်အလှအပနှင့် ယုံကြည်မှု ရှိစွာရပ်တည်နိုင်ရန် အများအားဖြင့် မိမိ မျက်နှာပြင်အား  တတ် နိုင်သည့် နည်းအမျိုးမျိုးဖြင့် လှပ ကြည့်ကောင်းစေရန်  ကြိုးစားကြ လေ့ရှိသည်။သို့
့သော် အလှအပဟူသည် မျက်နှာပြင် တစ်ခု တည်း လှပနေ စေရန်မဟုတ်ဘဲ  ကျန်းမာသော ခန္ဓာကိုယ်တစ်
ခုပါ   ပိုင်ဆိုင်လျှင်ပိုမိုပြီးပြည့်စုံသော   အလှတစ်ခုအား ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
လူတစ်ဦးသည်   တဖြည်း ဖြည်း ပြည့်လာသောခန္ဓာကိုယ် နှင့်အတူ အများအားဖြင့် အဆီစု လာသောဝမ်း
ဗိုက်ကြောင့် စိတ်ရှုပ် ထွေးလေ့ရှိကြသော်လည်း  ထိုကဲ့သို့ အဆီစုပြီး ဗိုက်ပူခြင်းမရှိစေရန် ကြိုတင်ကာ
ကွယ်နိုင်သည့် အ ကြောင်းများကိုမူ  လိုက်နာမှုနည်း ပါးလေ့ရှိကြသည်။

အဆီဆိုသည်မှာ   အရေပြားအောက်တွင်ဖြစ်ပေါ်စုသော အဆီနှင့် ၀မ်းတွင်းတွင်စုသော အဆီဟူ၍ရှိပြီး   အရေပြားအောက်တွင် စုသော အဆီသည်  ကိုယ်ခန္ဓာအ ချိုးအဆလှပမှုကို   ဖြစ်ပေါ်စေနိုင်ကြောင်း  ဒေါက်
တာလှိုင်စိုးဝယ်က ပြောသည်။   

“အဆီရှိရမယ့်နေရာတွေ မှာ အဆီမရှိရင်လည်း မလှပနိုင်သလို အဆီတွေများလာရင်လည်း လက် မောင်း
တွေ၊  ပေါင်တွေကြီးလာ မယ်။ မျက်နှာတွေပြဲလာမယ့်အပြင် အဆိုးဆုံးကတော့ဗိုက်အရေ ပြားမှာ အဆီစုပြီး ကြည့်မကောင်းဖြစ်လာတာပါပဲ”ဟု   အဆိုပါ ဆရာဝန်ကပြောကြားသည်။

ဝမ်းတွင်းတွင် များပြားလာ သောအဆီများကြောင့်လည်းဗိုက် ပူလာစေပြီး ထိုကဲ့သို့ဗိုက်ပူခြင်း သည် အပေါ်
ယံမြင်ရသည့် လက္ခ ဏာဖြစ်၍ ခန္ဓာကိုယ်အတွင်းပိုင်း ရှိ   ကလီစာများပတ်လည်တွင်အဆီများလာခြင်း
ကြောင့် သွေးတိုးနှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ အသက်ကြီးသူများတွင် ဖြစ်ပွားသည့် အမျိုးအစား ၂ ဆီးချို
ရောဂါ၊ ရင်သားကင်ဆာ၊ အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာတို့ဖြစ် ပွား၍ အသက်အန္တရာယ်ထိခိုက်စေ
သည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

ငယ်ရွယ်သည့်သူများတွင် ဖြစ်ပွားသည့်အဆီစုခြင်းကြောင့်ဗိုက်ပူခြင်းသည်အစားအသောက်များစားသုံးခြင်း
ကြောင့် ရရှိလာ သည့်ကယ်လိုရီများမှာဝင်ရောက်မှု များသော်လည်း ယင်းတို့ပြိုကွဲရန် အတွက် လှုပ်ရှားမှု
များ နည်းပါးစေခြင်းကြောင့် ကြာလာသည့် အချိန်တွင်ဝမ်းဗိုက်တွင် အဆီများစုလာခြင်းကြောင့်ဖြစ်ပွားခြင်း
ဖြစ် ကြောင်း သိရသည်။     “အစားများတယ်။

ဒါပေမဲ့ လှုပ်ရှားမှုနည်းပါးတဲ့သူတွေ၊လေ့ကျင့်ခန်းလှုပ်ရှားမှုမရှိတဲ့သူတွေဗိုက်တစ်ကြိမ်နဲ့အထက် ခွဲထားတဲ့
သူတွေ(ဗိုက်ခွဲပြီးစမှာ လှုပ်ရှားမှု မရှိတဲ့အတွက် ရက်ကြာတဲ့အခါ အဆီတွေစုလာခြင်း)၊ မျိုးရိုးဗီဇရှိတဲ့သူတွေ
က အဆီစုလို့ဗိုက်ပူ ခြင်းဖြစ်စေလေ့ရှိတယ်”ဟု ဒေါက်တာလှိုင်စိုးဝယ်ကဆက်လက်ပြောသည်။

အမျိုးသမီးများတွင်သာမက လှုပ်ရှားမှုနည်းသည့်အမျိုးသား များတွင်ပါထိုကဲ့သို့ဗိုက်အဆီစုခြင်း ဖြစ်ပွား
လေ့ရှိကြပြီး ကလေးမွေး ဖွားပြီးသည့်အမျိုးသမီးများတွင် လည်းဖြစ်ပေါ်လေ့ရှိကြောင်း သိရ သည်။

ကလေးမွေးဖွားပြီးသည့် အမျိုးသမီးများသည် ကိုယ်ဝန်အား ၉ လခန့်လွယ်ထားသည့်အတွက် ဗိုက်သားရှိ
ကြက်သားများကျစ် လျစ်မှုမရှိတော့ပဲ လျော့ရဲကျနေပြီး အဆီစုလာသည့်အခါ ၀မ်းဗိုက်ပူ လာသည့်ပြဿနာ
ပါ ခံစားလာရခြင်းဖြစ်သည်။

အိမ်ထောင်မရှိတဲ့အမျိုးသမီးတွေမှာ ဗိုက်ပူတဲ့သူ အများစုက လုပ်ငန်းခွင်ဝင်နေတဲ့သူတွေမှာတွေ့ ရတာများ
တယ်။ အလုပ်ထဲမှာဆိုတော့ စားပြီးထိုင်နေတာနဲ့ လှုပ်ရှားမှုမရှိတဲ့အခါ တဖြည်းဖြည်းနဲ့ ဗိုက်ပူပူလေးတွေဖြစ်
လာကြတယ်” ဟုအဆိုပါဆရာဝန်ကပြောသည်။

ဝမ်းဗိုက်တွင် အဆီစုခြင်းကြောင့်ဖြစ်ပေါ်လာသည့်ဗိုက်ပူလာ ခြင်းအား ပြန်လည်လျှော့ချပေးနိုင်သည့်နည်း
လမ်းအချို့လည်းရှိသည်။ အစားအသောက်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအစာများအား မျှ
တစွာစားသုံးပြီး ကစီဓာတ်နှင့် ပြည့်ဝဆီများအား ဆင်ခြင်စားသုံးခြင်းဖြင့်လည်းကောင်း၊ ဗိုက်ရှိကြက်သား
များလှုပ်ရှားစေနိုင်သည့်လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ ဆေးသောက်ခြင်းနည်းလမ်း
များဖြင့်လည်းကောင်း၊စက်ကိရိယာများ အသုံးပြုခြင်းဖြင့်လည်းကောင်း အဆီချနိုင်ကြောင်းသိရသည်။

ဗိုက်ကပ်နေစေရန် ၀မ်းဗိုက်ရှိကြွက်သားများအားလှုပ်ရှားစေ ရမည် ဖြစ်သည့်အတွက် ဗိုက်ရှိကြက်သားများ
လှုပ်ရှားစေသည့်လေ့ကျင့်ခန်းများပြုလုပ်ရမည်ဖြစ်သည်။

ပက်လက်လန်ပြီး ခြေထောက်တစ်ဖက်ချင်းစီကိုမြှောက် လိုက်ချလိုက်နဲ့လုပ်တာမျိုး၊အိပ်ထမတင်လုပ်
တာမျိုးက ဗိုက်ကြက်သား တွေကို သန်မာစေပြီး ချပ်ရပ်စေတယ်။အချိန်ရရင်ရသလောက်နဲ့လုပ်နိုင်မယ်ဆို
ရင် တစ်နေ့ကို အနည်းဆုံး၁၀ ကြိမ်လောက်လုပ်မယ် ဆိုရင်တောင်တော်တော်လေး အကျိုးကျေးဇူးရှိတယ်။ ဒါပေမဲ့ မှန်မှန် လေးလုပ်ဖို့တော့လိုတယ်” ဟုအဆိုပါဆရာဝန်ကပြောသည်။   

 ငယ်ရွယ်စဉ်ကတည်းကပုံမှန် ထိုကဲ့သို့ကြက်သားလေ့ကျင့်ခန်းများ လုပ်ဆောင်သူသည်ကိုယ်ဝန်ဆောင် က
လေးမွေးဖွားပြီးသည့်အချိန်တွင်ကိုယ်ဝန်ဆောင်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် ၀မ်းဗိုက်ပျော့တွဲပြီးပူလာ
သည့်ဆိုးကျိုးများအတွက်လည်း အကျိုးသက်ရောက်မှုရှိစေနိုင်သည်။

တချို့အမျိုးသမီးတွေက သူတို့ကလေးကိစ္စတွေ အိမ်အလုပ်တွေနဲ့ဒီလောက်မပြတ်လှုပ်ရှားမှုရှိနေတာ လေ့
ကျင့်ခန်းတောင်လုပ်စရာမလိုဘူး။ ဒါပေမဲ့လည်း သူတို့ဗိုက်တွေက ပူလာတယ်လို့ပြောကြတာကအဲဒါတွေက ဗိုက်မှာရှိတဲ့ ကြွက်သားတွေကို သန်မာစေတာ မျိုးမဟုတ်ဘူး။

ဒီအတိုင်းပဲလှုပ်ရှားမှုတွေဖြစ်တဲ့အတွက်အဆီတွေ ကတော့ စုပြီးပူလာမှာပဲဟု ဒေါက်တာလှိုင်စိုးဝယ်ကပြော
ကြားသည်။ ထိုအဆီများကျရန်အတွက် အများဆုံးလုပ်ကြလေ့ရှိသည့်ဆေးသောက်ခြင်းသည်လည်းဆေးဝါး
များတွင်ဘေးထွက်ဆိုးကျိုး များရှိသည့် အချက်မှာ သတိပြုသင့်သည့်အချက်ဖြစ်သည်။

ဆေးဝါးများတွင် ဘေးထွက် ဆိုးကျိုးအနေဖြင့်စအိုမှစိမ့်ထွက်ခြင်း၊အလျင်စလို ၀မ်းသွားချင်စိတ် ဖြစ်လေ့ရှိ
ခြင်း၊ အဆီဝမ်းအရည်ဝမ်းများသွားကြခြင်း၊ဗိုက်တင်း၊ဗိုက်နာ သည့်ဝေဒနာများအားရေတိုတွင် ခံစားကြရပြီး
၊ ရေရှည်တွင်သွားနှင့် ပတ်သက်သောပြဿနာများ၊ အဆုတ်နှင့်ပတ်သက်သောကူးစက်ရောဂါများ၊ ခေါင်း
ကိုက်ခြင်း၊ မီးယပ်မမှန်ဖြစ်ခြင်း၊ ဆီးလမ်းကြောင်းကူးစက်ရောဂါ များဖြစ်စေနိုင်ကြောင်း ဒေါက်တာလှိုင်စိုး
ဝယ်က ပြောကြားသည်။

ငွေကြေးတတ်နိုင်သည့်လူများမှာလည်းခေတ်မီစက်ကိရိယာ များ၏ အကူအညီဖြင့် အဆီစုပ်ပြီးလျှော့ကြ
လေ့ရှိပြီး အများအား ဖြင့်အဆီစုပ်သည့်စက်များဖြင့်လည်းကောင်း၊အတ် ထရာဆောင်း နည်းလမ်းများဖြင့်
လည်းကောင်း၊ လေဆာနည်းပညာများဖြင့်လည်း ကောင်း ကုသကြသည်များလည်းရှိကြောင်းသိရသည်။

ဝတ်ရည်အောင်
7Day News Journal 

0 comments:

Post a Comment