Pages

Sunday, September 16, 2012

လက်ပန်တောင်းတောင်ကိစ္စကို ဆက်လက်လုပ်ဆောင်သွားမည့် မအေးနက်


လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးနှင့်ပတ်သက်၍ဒေသခံများနှင့်ဆွေးနွေးပြီးဆက်လက်လုပ်
ဆောင်သွား မည်ဖြစ်ကြောင်း ဒေသခံများနှင့်သက်ဆိုင်သူအားလုံးကလည်း ထပ်တူထပ်မျှဆောင်ရွက်ပေး
စေလိုကြောင်း မုံရွာအကျဉ်းထောင်မှ လွတ်မြောက်လာသူ ၀က်မှေးကျေးရွာသူ မအေးနက်က ဆိုသည်။

လွတ်မြောက်လာသော ၀က်မှေးရွာသူသုံးဦးအား နိုင်ငံရေးကျောင်းသားများနှင့် မုံရွာမြို့နယ်ရဲတပ်ဖွဲ့များက
 ကျေးရွာအရောက် အိမ်တိုင်ယာရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
 
(၈၈)မျိုးဆက်သစ်ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့(မုံရွာ)နှင့် သက်ဆိုင်
ရာ တာဝန်ရှိရဲတပ်ဖွဲ့ဝင်များက ၀က်မှေးကျေးရွာရှိ ၄င်းတို့၏ အိမ်များအရောက်လိုက်လံပိုဆောင်ခဲ့ခြင်းဖြစ်
သည်။
 
မုံရွာထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားသော မုံရွာခရိုင်ဆားလင်းကြီးမြို့နယ်ဝက်မှေး ကျေးရွာမှ မသွယ့်
သွယ့်ဝင်း၊ မဖြူဖြူဝင်း၊ မအေးနက်တို့ (၃)ဦးမှာ စက်တင်ဘာလ(၁၄)ရက်နေ့ ညနေ(၄း၃၀)ခန့်တွင် လွတ်
မြောက်ခဲ့ကြောင်း သိရသည်။
 
အလားတူ လွန်ခဲ့သော သြဂုတ်လ(၃၁)ရက်နေ့ကပုဒ်မ၂၉၅၊၂၉၅(က)၁၁၇နှင့် ဖမ်းဆီးထားသော ရန်ကုန် 
ပြည်သူ့အကျိုးဆောင် ကွန်ယက်မှကိုဝေဠုကိုလည်း ချောင်းဦး မြို့နယ်ရဲစခန်းမှ တစ်နေ့တည်းမှာပင်လွတ်
မြောက်လာခဲ့ကြောင်းကိုလည်း သိရှိရသည်။
 
 “ကျွန်တော့်ကို မြင်းမူရဲစခန်းမှာ ပထမဆုံးစချုပ်ထားတယ်။ ကျွန်တော့်ကို ဖမ်းတုန်းက ဘယ်ညွန်ကြားချက်
နဲ့ ဖမ်းတာလဲ၊ ဘာဥပဒေနဲ့ဖမ်းတာလဲလို့ ကျွန်တော် မေးတဲ့အခါ ခေတ္တခေါ်ယူတားဆီးခိုင်းလို့ပါ ဆိုပြီးတော့
 မြင်းမူမြို့နယ်ရဲတပ်ဖွဲ့မှုးနဲ့ ရဲအင်အားတ်ေတော်များများက ခေါ်သွားတယ်။ ကျွန်တော်ကို တရားစွဲဆိုတဲ့ဥပ
ဒေပုဒ်မတွေနဲ့ ပတ်သက်ပြီးရှေ့နေနဲ့   တွေ့ခွင့်တောင်းတော့ သူတို့ကအထက်ကို တင်ပြပါအုံးမယ်ဆိုပြီး
တော့ အခုချိန်ထိပဲပေါ့။ 

(၃၁)ရက်နေ့ည(၉း၃၀)လောက်မှာ ကျွန်တော့်ကို မြင်းမူ ရဲစခန်းကနေထုတ်လာပြီးတော့ ချောင်းဦးရဲစခန်း
မှာ ထားပါတယ်။ ကန့်သက်ချက်တွေ အများကြီးမထားပါဘူး၊ ဒီမှာရှိတဲ့တာဝန်မှူးတွေရော၊ စခန်းမှူးတွေ
ရော မြို့နယ်မှူးတွေကအစ ညီလိုအကိုလို ဆက်ဆံပါတယ်။ တစ်ခုပါပဲ၊ ကျွန်တော့်ကို အထက်အမိန့်မရလို
့ဆိုပြီး ရေမချိုးရတာ(၇)ရက်ရှိပါပဲ” ဟု ကိုဝေဠုက ရယ်လျှက် ပြောသည်။

လွတ်မြောက်လာသော ကိုဝေဠုအားသက်ဆိုင်ရာမှ တာဝန်ရှိသူများကမိခင်နှင့်အတူ ရန်ကုန်အထိ လိုက်ပါ
ပို့ ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
 
ချောင်းဦးရဲစခန်းမှလွတ်မြှောက်လာသောရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်မှကိုဝေဠုအားစစ်ကိုင်းတိုင်း ဒေသကြီးအတွင်း သို့ ခြေချခွင့်မရှိကြောင်းရန်ကုန်ပြည်သူ့ အကျိုး ဆောင်ကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
 
“လက်ပန်တောင်းတောင်ကြေးနီင်္စိမံကိန်းရပ်ဆိုင်းရေးကို အကောင်းဆုံးအဖြေတစ်ခုရအောင်ကျွန်တော်တို့ ၀က်မှေးရွာသူရွာသားတွေနဲ့ပူးပေါင်းပြီးအဖြေထုတ်ဖို့စဉ်းစားထားပါတယ်။ ကျွန်တော်တို့လုပ်နည်းလုပ်ဟန်
ပိုင်း   တွေမှာတော့(၈၈)မျိုးဆက်ကျောင်းသားတွေရဲ့ လုပ်နည်းလုပ်ဟန်တွေအတိုင်းပဲ လိုက်နာပေးဖို့ ရွာသူ
ရွာသား တွေကို တောင်းဆိုချင်တယ်။ 

 အင်မတန်မှခက်ခဲနက်နဲပြီး ရှုပ်ထွေးတာကြီးကိုကျွန်တော်တို့ ပူးပေါင်းဖြေရှင်း ကြမယ်။”ဟု(၈၈)မျိုးဆက်
သစ်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီမှဝက်မှေးရွာတွင် အားပေးစကားပြောကြားခဲ့ သည်။

မြစ်မခသတင်း
 

0 comments:

Post a Comment