Pages

Wednesday, September 26, 2012

DKBA မတော်တဆ ပစ်ခတ်မှုကြောင့် ရွာသားတဦး ဒဏ်ရာရ။

 
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်တွင်တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်-DKBA ၏
မတော်တဆပစ်ခတ်မှုကြောင့် ထီးသဲလယ်ရွာသားတဦး ညာဘက်ခြေသလုံး တွင် ဒဏ်ရာရရှိသွားခဲ့သည်။
စက်တင်ဘာလ၂၂ရက်၊မနက်၇နာရီကျော်ကDKBAကလို့ထူးဘောလက်အောက်ခံ အမှတ်(၉၀၉)တပ်ရင်းမှ တပ်စုမှူးဗိုလ်စောနေရော့(ခေါ်)စောကျော်ဝါးသည်၎င်းတို့အဖွဲ့သွားလာရန် ပို့ဆောင်ခိုင်းသည့် ထော်လာဂျီ
မှာဘီးပေါက်နေသည်ကိုM-16သနတ်ဖြင့်ပစ်ခတ်ရာအသက်၂၂နှစ်အရွယ်ထော်လာဂျီပိုင်ရှင် ရွာသား စော
ဒူးဒူ၏ ခြေထောက်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။

အမည်မဖော်လိုသူဒေသခံတဦးက“အဲဒီ DKBA အဖွဲ့က ထော်လာဂျီနဲ့ သူတို့ကို သွားပို့ခိုင်းတယ်။ စောဒူးဒူက သူ့ထော်လာဂျီဘီးလေ လျော့နေလို့ လေဖြည့်တဲ့အခါ စောင့်နေတဲ့ DKBA တပ်စုမှူးက ဘီးကို သေနတ်နဲ့ ပစ်လိုက်တာ ဘီးမထိဘဲ စောဒူးဒူ ခြေသလုံးကို ထိသွား တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းသို့သေနတ်ဒဏ်ရာရရှိသွားသည့်စောဒူးဒူမှာခြေသလုံးအရိုးကျိုးသွားပြီးယခုအချိန်တွင်ထိုင်း-မြန်မာနယ်
စပ် တာ့ခ်ခရိုင်၊ အုန်းဖန် မြို့နယ်ရှိ အုန်းဖန်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိထီးသဲလယ်ရွာအနီးအနားတွင်ဖောပလဲထာ့၊ဖာဘုလာ့ထာ့၊ကလော်ဝေါ်၊ ကော့
ချဲ၊လယ်ဂေါ်၊အူးဖိုးထာ့စသည့်ကျေးရွာများတည်ရှိပြီးကလို့ထူးဘောDKBAလက်အောက်ခံအမှတ်(၉၀၉)တပ်
ရင်းကို ဒုဗိုလ်မှူးကြီး စောအယ်ဖိုးက ဦး ဆောင်လျှက်ရှိသည်။

ထိုကိစ္စနှင့်ပတ်သက်၍DKBAသို့ကအိုင်စီမှဆက်သွယ်မေးမြန်းရာ၎င်းတို့အနေဖြင့် မသိရှိရကြောင်း ပြန်
လည်ဖြေကြားခဲ့သည်။
 
 
KIC

0 comments:

Post a Comment