Pages

Wednesday, September 26, 2012

သြယ္လ် လှပချင်သူတို့အတွက် ဗိုက်သားလှုပ်အက

              
အခုတစ်လောအိမ်က ကလေး တွေက Hip Hop သစ သီချင်းေ တွ နား ထောင်ကြလို့ သမီးတို့က ဘာကြောင့်  ဒီ Hip Hop သီချင်းတွေကြိုက် တာလဲ မေးလိုက်တော့၊ သူတို့လေးတွေက သီချင်းဆို တာအပြင် ဆိုသူများရဲ့ လှုပ်ရှားမှုကို ကြိုက်ကြောင်း ဖြေကြပါတယ်။ ဟုတ်မှာပါ။ 
သူခေတ်နဲ့ သူလိုက်ပြီး သီချင်း နဲ့ အဆိုတော်တွေကတာ၊ ခုန်တာ၊ လှုပ်ရှား တာတွေကို ကြိုက်စမြဲပါ။ ကျွန်မတို့ခေတ်က Rock and Roll ဘုရင်လို့ တင်စားခေါ်ခဲ့ကြတဲ့ Elvis Presley ကို ကြိုက်ခဲ့ကြတာကို မှတ်မိနေပါသေးတယ်။
 
သူ့ခေတ်ပြီးသွားတော့ Pop King ဆိုပြီး ထင်ရှားတဲ့ Michael Jackson က ပေါ်လာခဲ့ပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူအများက သီချင်းနဲ့ လှုပ်ရှားမှုကို ကြိုက်စမြဲပါ။
 
သီချင်းနဲ့ အကအကြောင်းတွေးမိရင်း ကျွန်မအလုပ်တာဝန်နဲ့ ဗီယက် နမ်၊ ဟိုင်နွမ်းမြို့မှာ ရှိစဉ်က ပြန်လည် ဆုံတွေ့ခဲ့ရတဲ့ ဂျပန်အမျိုးသမီး သူငယ် ချင်း Juniကို မျက်စိထဲမြင်မိသွားပါတယ်။
 
တစ်နေ့ ဟိုင်နွမ်းမြို့ထဲမှာ Juni ကို ကျွန်မတွေ့လိုက်တော့ သူ့ကို ဖြုန်းခနဲ မမှတ်မိပါဘူး၊ လှမ်းလှမ်းက စမြင်ကတည်းက ကျွန်မစိတ်ထဲမှာ ဇဝေဇဝါဖြစ်နေတာပါ။ သူ့ကိုအရင် ကျွန်မသိခဲ့စဉ်က Juni က ဝဝကစ်ကစ် လုံးလုံးလေးနဲ့ အင်မတန်သွက်လက်ပြီး ချစ်စရာကောင်းသူပါ။ အခုတော့ သူက ဒီလို မဟုတ်တော့ပါဘူး။ ပိန်ပိန် သွယ်သွယ် ဖြစ်နေပါတယ်။ အနားရောက်တော့ Juni ကစပြီး ''ခင် တို့ကို မမှတ်မိဘူးလား၊ အရင် လာအိုမှာ တုန်းက သိခဲ့ကြတာ လေ'' လို့ နှုတ်ဆက်ပါတယ်။ သူ့အသံ ကြားလိုက်မှ ကျွန်မ Juni ကို မှတ်မိသွား ပါတော့တယ်။
 
ကျွန်မက အားရက်မို့ အတော် ဖြစ်သွားပြီး Juni ကလဲ အားကြောင်း  ပြောတာနဲ့ ကျွန်မတို့နှစ်ယောက် အနီးအနားရှိ ကော်ဖီဆိုင်ကို သွား လိုက်ကြပါတယ်။
 
ကျွန်မတို့ကြာကြာစကားပြောချင်တာကြောင့်အေးအေးဆေးဆေးစကားပြောကောင်းမယ့်နေရာ ကို ရွေးပြီး၊
နှစ်ယောက်သား ထိုင်လိုက်ကြတယ်။ ဆိုင်က ကော်ဖီအပြင် မုန့်တွေကပါ နာမည်ကြီးဆိုတော့ ကျွန်မတို့ မုန့်နှစ်မျိုး၊ သုံးမျိုးမှာဖြစ်သွားတယ်။
 
သူကငယ်ငယ်ကတည်းကငြိမ်ငြိမ်မနေဘဲအမြဲလှုပ်ရှားနေတတ်သူဆိုတော့ဘဲလေး-Balletအက ကိုလေးငါး
နှစ်လောက် သင်ခဲ့တယ်။ နောက် အပျိုဖြစ်လာတော့ ခေတ်စား နေတဲ့ Rock and Roll တို့ Cha Cha Cha တို့ကို ကပြန်သတဲ့။ တက္ကသိုလ်ရောက်တော့ စာများပြီး သိပ်မကဖြစ်တော့ဘူးလို့ ပြောပါတယ်။
 
အလုပ်ထဲဝင်တော့ အများလုပ်ကြတဲ့ အဲဒီခေတ်က သိပ်ခေတ်စား ခဲ့တဲ့ Aerobic ကိုယ်လက်လှုပ်ရှား မှုကို မနက် Video တိတ်ခွေဖွင့်ပြီး TV ရှေ့မှာ ကြည့်ပြီး လုပ်ခဲ့ရသေး တယ်တဲ့။
 
ရုံးအားရက်တွေမှာ ပန်းခြံထဲသွားပြီး အများနဲ့အတူ စင်မြင့်ပေါ်က လုပ်ပြနေတဲ့သူကိုကြည့်ပြီး လိုက်လုပ် ရသေး တာလဲရှိသေး။
 
အဲဒီဟာမျိုး ရိုးသွားတော့တစ်ခါ တရုတ်ရိုးရာ ဖြည်းဖြည်း နှေးနှေး လှုပ်ရှားရတဲ့ Tai Chi ကို ခေတ်နဲ့ အမီတို့ ဆက်လုပ်သေးတယ်။အဲဒီနောက်တော့တရားအားထုတ်တဲ့ကျင့်စဉ်တစ်မျိုးဖြစ်တဲ့yogaကို ကျန်းမာရေးအ
တွက်လေ့ကျင့်ခန်း အဖြစ် လုပ်လာတော့လဲ ထုံးစံအတိုင်း တို့ဝင်နွှဲလိုက်တာပေါ့။ အဲဒါကျတော့ ဆရာဝန်က အဆင်မသင့်ရင်အရိုးတွေအကြောတွေဒဏ်ဖြစ်နိုင်တယ်ဆိုလို့ကြောက်ပြီး ဆက်မလုပ်ဘဲ ဖြတ်လိုက်တယ်
လေ။
 
 နောက်ယူနီဆက်မှာအလုပ်ဝင်လုပ်တော့မကြာခဏခရီးထွက်ခဲ့ရတယ်။ဟိုတိုင်းပြည်ပြောင်း၊ဒီ တိုင်းပြည်
ပြောင်းနဲ့ အလုပ်တွေက များလာပြီး ကိုယ်လက်လှုပ်ရှားမှုနည်း လာတော့တာပေါ့။ ဒါကြောင့် ခင့်ကို သိခါစ လာအိုမှာတုန်းက ဝနေတာပေါ့ သူငယ်ချင်းလို့ ရှင်းပြပါတယ်။
 
အသက်လေးကလဲရလာတော့ကျန်းမာရေးကိုပိုဂရုစိုက်ခဲ့ရတယ်။ ဒါကြောင့် ရောက်တဲ့နိုင်ငံေ တွမှာ Health Clubဝင်ပြီးကိုယ်လက်လှုပ်ရှားမှုလုပ်ရတယ်။Threadmill  ပြေးလိုက်၊ စက်ဘီးစီး လိုက်ပေါ့လို့ ပြောပါတယ်။
 
ဒါပေမယ့်သူ့ခမြာအချိန်နဲ့ငွေသာကုန်သွားတယ်။ကိုယ်အလေး ချိန်က မကျတဲ့အပြင် တက်တောင် လာသေး တာဆိုပဲ။ ကြာတော့ စိတ် ပျက်ပြီး ဆက်မလုပ်ချင်တာနဲ့ ရပ်လိုက်သတဲ့။
 
သူခွင့်နဲ့ ဂျပန်ပြန်တော့ ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့ တွေ့ပြီး သူတို့ Belly dance အက သင်တန်း တက်ေ န တာကို သိပြီး လိုက်သွား လိုက်တယ်။ Belly အကက ဂျပန်မှာ ခေတ်စားလာတာဆိုပဲ။
 
Juniကကျွန်မလိုပဲဒီအကကအရှေ့အလယ်ပိုင်းနိုင်ငံတွေမှာသာခေတ်စားတယ်ထင်မိကြတယ်။ ဘယ်ဟုတ်
ပါ့မလဲ။၁၉၇ဝခုနှစ်လောက်ကတည်းကအမျိုးသမီးများရဲ့သဘာဝအလှကိုဖော်ထုတ်တဲ့အကဆိုပြီး အမေရိက
န်နိုင်ငံမှာ ကခဲ့ကြတာတဲ့လေ။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD0pfv-bzBW-i85FUoeDYVH9WWufHshRQ3-TI_vLi2KivjI1bX4VELudZwXc6Fx82oc_t8UhZRKtHz8gnPQCxihilPAEU3aHrQj-VEYodp9uag9eqyUBC7EWnCABMZL4EVRmY01uemqzk/s400/IMG_0111.jpg            

Juniအပြောအရ ဒီအကက အီဂျစ်ကတစ်ဆင့် တူရကီရောက်သွားပြီး ဖင်လန်၊ သြစတေးလျ၊ ဘရာဇီး၊ ကနေဒါတို့မှာတောင်ဒီအကသင်တန်းတွေရှိပြီးကနေကြတယ်။ဂျပန်မှာလဲအကသင်တန်းတွေ ဖွင့်ထားတာ
ကြောင့် သူ့သူငယ်ချင်းတွေ သင်နေတာကို သိခဲ့ရတယ်။
 
သူပြောတာ နားထောင်ရင်း ကျွန်မအရင်သိထားတဲ့ Arabian Nights  ရုပ်ရှင်တွေမှာ ကကြတဲ့ အာရပ် အမျိုးသမီးလေးတွေအစားဂျပန်မလေးတွေ၊အမေရိကန်မလေးတွေကိုအစားထိုးကြည့်တာ အမြင်ဆန်းသလို
လို ဖြစ်နေပါတော့တယ်။
 
ကျွန်မတို့ ကြည့်နေကျ ကုလားကားထဲက ဆာရီနဲ့ ကုလားမလေးတွေ ဗိုက်ကလေး၊ ချက်ကေ လး ဖော်ပြီး ကကြတဲ့ စတိုင်နဲ့တော့ သိပ် မကွာလှပါဘူး။
 
သူငယ်ချင်းတွေကလဲဆွယ်တဲ့အပြင်သူကိုယ်တိုင်လိုက်သွားရင်းစိတ်ဝင်စားတာကြောင့်အခြေခံ သင်တန်း
တက်ဖို့ စာရင်းသွင်းပြီး ဂျပန်ရောက်တုန်း Juni က ဘယ်လီအက သင်ဖြစ်သွားတယ်။
 
သူကငယ်ငယ်ကဘဲလေးအကကိုကြာကြာလေးသင်ခဲ့တာဆိုတော့ဘဲလေးအကနဲ့ဘယ်လီအက ကွာခြား
တာကိုချက်ချင်းနားလည်လိုက်တယ်လို့ပြောပြပါတယ်။ဘဲလေးအကကဇာတ်ကွက်တစ်ခုမှာကိုယ်ကကကွက်
တစ်ခုပါဝင်လှုပ်ရှားပြီးကရတယ်။ ဘယ်လီအကကျတော့ တစ်ယောက်ချင်း ကိုယ့်ကိုကို ယ် ပေါ်လွင်အောင် ကသွားကြရတာတဲ့။

 နောက်တစ်ခုသူသတိထားမိတာကဘဲလေးကစဉ်ကခြေဖျားထောက်ထောက်ပြီး ကရတာကြောင့် ခြေထိပ်
လေးတွေတောင်ကွေးပြီးပုံပျက်သွားခဲ့တယ်။ဒီဘယ်လီကရဲ့လှုပ်ရှားမှုကအမျိုးသမီးများသဘာဝ လှုပ်ရှားမှုကို လိုက်ပြီး ကရတာ တဲ့။ ခန္ဓာကိုယ်ရှိ ကြွက်သားစုများကို လှုပ်ရှားပြီး ကရတာကြောင့် ကျန်းမာရေးအတွက် သိပ်အထောက်အကူ ပြုတာဆိုပဲ။
 
Juni က ဘယ်လီကတဲ့အခါ ဗိုက်ရှိကြွက်သားတွေ၊ တင်ပါး၊ ရင်ပတ်၊ ခါးရိုး၊ လည်ပင်းရှိကြွက် သားများကို အတင်းအလျှော့လုပ်ပြီးကကြရတယ်။ဒီအခါမှာအဆစ်တွေအရွတ်တွေကလဲတဖြည်းဖြည်း လှုပ်ရှားကြရပြန်
တယ် တဲ့။
 
ဒါကိုကြားတော့ကျွန်မခါးနာတာကိုဆရာဝန်များလုပ်ခိုင်းတဲ့ကြွက်သား၊အဆစ်လေ့ကျင့်ခန်းများကို မြင်မိသွား
တယ်ကျွန်မကကတာမဟုတ်ပေမယ့်ကြွက်သားများသန်မာလာအောင်လုပ်ရတဲ့လေ့ကျင့်ခန်းများပါ။ Juni
ပြောသလို ဒီလှုပ်ရှားမှုတွေက ကျန်းမာရေးအတွက် အထောက်အ ကူပြုတာကို ကျွန်မသိပြီးသားပါ။
 
ဒီအက ကဖို့ တီးလုံးတို့ သီချင်း တို့ကလဲ ဆွဲဆောင်မှု အပြည့်ရှိတာလို့ သူက ဆက်ပြောပါတယ်။ သီချင်း သံကြားလိုက်ရင်ပဲအလိုလိုကလာချင်တာဆိုပဲ။သီချင်းတင်ဆွဲဆောင်မှုရှိတာလားလို့မေးတော့မဟုတ်ကြောင်း၊ 
ဝတ်အစားတွေ ဆင်ယင်ထုံးဖွဲ့မှုကလဲ အသားပါနေပြန်သတဲ့။
 
ဒီအကကတစ်ကိုယ်လုံးနွဲ့နွဲ့နှောင်းနှောင်းလှုပ်ရှားကရတာကြောင့်ကတဲ့အခါကချက်နဲ့အတူ အသံစုံ လေး
တွေထွက်လာအောင်ဝတ်တဲ့အင်္ကျီတို့ဘောင်းဘီတို့မှာခြူလေးတွေ၊ခေါင်းလောင်း၊ဒင်္ဂါးပြား၊ ပုတီး စေ့တွေ
နှစ်သက်သလိုထည့်ချုပ်ထားကြတယ်။ဒီတော့ကလိုက်တိုင်းအသံတွေကမြည်ပြီးနားထောင်လို့တစ်မျိုးကောင်း
ပြန်တာပေါ့။ အသံသာမက သူ့ထက် သူလှအောင် ဒီဇိုင်းလုပ်ကြတယ်လို့ ပြောပါသေးတယ်။
 
သူပြောတာနားထောင်ရင်းဘယ်လူမျိုးပဲဖြစ်ဖြစ်အကကကြတဲ့အခါမှာလှသထက်လှအောင်တီထွင်ကြတာပါ။ ဒါကလူ့သဘာဝပေကိုး၊ကျွန်မတို့မြန်မာအကမှာလဲခါးထောင်အင်္ကျီ၊ရင်ခံ၊ ထိုင်မသိမ်းဆိုရင်လဲ ရွှေခြည်ငွေ
ခြည်၊ပုတီးစေ့၊ပုလဲလုံး၊HealthClubအရောင်တွေအမျိုးမျိုးနဲ့လှအောင်ချုပ်ကြသေးတာပဲ။အမျိုးသမီးသဘာဝ
အတိုင်း လှချင်ကြတာမဆန်းပါဘူး။

  
သူကဒီဘယ်လီအကကိုစသင်ပြီးနောက်မှာကိုယ်အလေးချိန်ကတဖြည်းဖြည်းကျသွားခဲ့တာဆိုပဲ။အရင်ကလေ့
ကျင့်ခန်းလုပ်ဖိုSequinတွေအစုံဝင်ခဲ့ဖူးတယ်။ဘာမှမထူးခြားဘူး။နေ့စဉ်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ
ချည်းလုပ်ရတာငြီးငွေ့လာခဲ့တယ်။အခုဘယ်လီအကကသူတို့အခေါ်RaksSharkiက သူ့အတွက် ပျော်ရွှင်စ
ရာကောင်းတဲ့ ကိုယ်လက်လှုပ်ရှားမှုလို သဘော ထားလာခဲ့တယ်။ အလုပ်တွေများပြီး စိတ်ရှုပ်လာတဲ့အခါ အိမ်ပြန်ရောက်ရင် သီချင်းဖွင့်ပြီး ကလိုက်တယ်ဆိုရင် စိတ်ပေါ့ပါးသွားတာဆိုပဲ။ 
 
''ခင်လဲဒီအက ကကြည့်ပါလား။ တို့သင်ပေးမယ်၊ သိပ်မခက်ပါ ဘူး'' လို့ ပြောလိုက်တာနဲ့ ကျွန်မ အာမာန်မြို့ ယူနီဆက်မှာတာဝန်ကျစဉ်ကသိကျွမ်းခဲ့တဲ့စာရေးမလေးမိသားစုကိုသွားသတိရမိသွားတယ်။ သူ့သားငယ်က ''အန်တီ ဒီအကက သိပ်လွယ်ပါတယ်'' လို့ ပြောပြီး သင် ပေးခဲ့ပေမယ့် ကျွန်မ မတတ်ခဲ့ပါဘူး။
 
အဲဒီကတည်းကဒီအကကဖို့စိတ်လျော့ခဲ့တာကြောင့်Juniကို''သူငယ်ချင်းတို့အရွယ်နဲ့ သင်လို့ မဖြစ်တော့ဘူး၊ သင်ပေးမယ်ဆိုတာကျေးဇူးတင်ပါတယ်။တခြားကိုယ်နဲ့သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုပဲ လုပ်တော့မယ်'' လို့ ဖြေလိုက်ရတယ်။
 
ကျွန်မအရှေ့အလယ်ပိုင်းတစ်ခွင်မှာတာဝန်ကျတုန်းကသဲကန္တာရထဲကားကျွမ်းသုံးပတ်လည်ပြီး မှောက်သွား
ပြီးကတည်းက ရထားခဲ့တဲ့ဒဏ်ရာဟောင်းတွေကြောင့် အရိုးတွေ၊ အကြောတွေက သိပ်မကောင်း တော့လို့ ကျန်းမာရေး လေ့ကျင့်ခန်း တွေတောင် နေ့စဉ်မနည်း ကြိုးစားပြီး လုပ်နေရတာပါ။ 
 
ဒီဘယ်လီကကိုများကလိုက်လို့ကတော့အမလေးနော်တွေးတောင်မတွေးရဲပါဘူး။တစ်ခုခုများဖြစ်သွား လို့က
တော့လူကြားမကောင်းသူကြားမကောင်းဆရာဝန်ဖြစ်လျက်နဲ့ဒီအသက်အရွယ်ကျမှဘယ်လီကကရတယ်လို့
ဆိုပြီး မသနားဘဲ မေးငေါ့ကြမှာ မြင်ယောင်ပါသေးတယ်။


ဈေးကွက်ဂျာနယ် အွန်လိုင်း

0 comments:

Post a Comment