Pages

Wednesday, September 26, 2012

ကြံခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်ပိုင်းကို ရှေ့ လ ထဲမှာ ပြန်လည်ရွေးချယ်တော့မည်

၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကြံခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်ပိုင်းကို ရှေ့ လထဲမှာပန်လည်ရွေးချယ်မဲ့အကြောင်းပါတီအထွေထွေအတွင်းရေးမှုးဦးဌေးဥိးကိုကိုးကားပြီးAFP သတင်း
မှာ ရေးထားပါတယ်။ အောက်တိုဘာလ၁၁ရက်နေ့မှာပါတီညီလာခံကျင်းပပြီး လစ်လပ်နေတဲ့ ခေါင်းဆောင်ပိုင်း နေရာတွေကို ရွေး
ချယ်မဲ့အကြောင်းနဲ့ ဒါဟာ ပါတီကို ပိုပြီးခိုင်မာအားကောင်းစေဖို့ဖြစ်တယ်လို့ ဦးဌေးဥိးက ပြောပါ တယ်။ 
 
အရင်ကကြံ့ခိုင်ရေးပါတီဥက္ကဌအဖြစ်တာဝန်ယူခဲ့တဲ့ ဦးသိန်းစိန်ကို သမ္မတအဖြစ် ခန့်အပ်ခဲ့ပြီးတဲ့နောက်သူ့
နရာမှာ ဘယ်သူ့ကိုမှ အစားမထိုးဘဲ လစ်လပ်နေဆဲဖြစ်ပါတယ်။ 
 
လာမဲ့အောက်တိုဘာလ ကြံ့ခိုင်ရေးပါတီ ညီလာခံမှာတော့ လစ်လပ်နေတဲ့ ပါတီဥက္ကဌနေရာကို ရွေးချယ်ခန့်
အပ်နိုင်ကြောင်း AFP သတင်းမှာ ဖေါ်ပြထား ပါတယ်။

DVB

0 comments:

Post a Comment