Pages

Wednesday, September 26, 2012

မေ့မြောနေရာမှ သတိပြန်ရလာသည့် အမျိုးသမီး ၁၃ နှစ်ကြာ မှတ်ဉာဏ်များပျောက်ဆုံး

 
ဗြိတိန်နိုင်ငံမှအမျိုးသမီးတစ်ဦးသည်ကိုမာဝင်ကာမ့မြောနေပြီးနောက်ပြန်သတိလည်လာချိန်တွင်(၁၃)နှစ်ကြာ
မှတ်ဉာဏ်များပျောက်ဆုံးသွားခဲ့ကြောင်းသိရှိရသည်။အသက်(၃၂)နှစ်ရှိပြီဖြစ်ပြီးကလေး(၃)ဦး၏မိခင်ဆာရာ
သွမ်ဆင်သည် သူမနိုးထလာချိန်တွင် (၁၉၉၈)ခုနှစ်ဆီက မှတ်ဉာဏ်များထံ ပြန်လည် ရောက်ရှိသွားသည်။ သူမကိုယ်သူမဆယ်ကျော်သက်တစ်ဦးဟုထင်မှတ်နေပြီးခင်ပွန်းသည်ကိုလည်း မမှတ်မိတော့ချေ။ သူမသည် SpiceGirlsအဖွဲ့မပြိုကွဲသေးဘဲကမ္ဘာသိအောင်မြင်မှုများရရှိနေဆဲဟုထင်မှတ်နေသလိုမိုက်ကယ်ဂျက်ဆင် သေ
ဆုံးသွားသည်ကိုလည်း မသိရှိတော့ဘဲ ဖြစ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဆာရာကသူမစိတ်ထဲတွင်မိမိအသက်သည်(၁၉)နှစ်သာရှိနေသေးသည်ဟု ထင်မှတ်မိကြောင်း ဝန်ခံခဲ့သည်
။သူမသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက (၁၀)ရက်ကြာအလေးအနက်ကုသမှုများကို ခံယူခဲ့ရပြီးနောက်သတိ
လည်လာချိန်တွင် ယခုလို အတိတ်အချိန် အပိုင်းအစများအား မေ့ပျောက်သွားခြင်း ဖြစ်သည်။

ဆာရာသည်ကျောရိုးမကြီးအနီးရှိသွေးကြောများနေရာမှားယွင်းမှု ဖြစ်ပေါ်ပြီးနောက်ဦးနှောက်အတွင်းသွေး
ခဲခဲ့ရာ ယင်းကို ခွဲထုတ် ဖယ်ရှားခဲ့ရသည်။ သူမသည် ခွဲစိတ်မှုအပြီး ကိုမာဝင်နေခဲ့ရာ ပြန်သတိရလာချိန်တွင်
မှတ်ဉာဏ်ပျောက်ဆုံးမှုနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။


သူမသည် ITပညာရှင် တစ်ဦးဖြစ်သော ခင်ပွန်းသည်ကို မမှတ်မိဘဲ ယခင် ခင်ပွန်းဟောင်းနှင့် ပေါင်းသင်း
ဆဲဟု ထင်မှတ်မိကြောင်း ဆိုသည်။ ထို့အပြင်တစ်ခါတစ်ရံခင်ပွန်းဖြစ်သူကို ဆေးရုံဝန်ထမ်းဟု ထင်ခဲ့ကြောင်း
လည်းအိတ်စတာတွင်နေထိုင်သည့် ဆာရာက ပြောကြားခဲ့သည်။ "ကျွန်မ သတိရတော့ အခန်းထဲကို ကလေး
တွေ ပြေးဝင်လာတယ်။သူတို့ ဘယ်သူဆိုတာ ကျွန်မ မသိဘူး။ ကျွန်မ စိတ်ထင်တဲ့ နာမည်တွေ ခေါ်တယ်။

ပြီးတော့ ကျွန်မကို မြင်လို့ ဒီကလေးတွေ ဘာကြောင့် ခုလောက် ပျော်နေတယ်ဆိုတာ မတွေးတတ်ဘူး"ဟု သူမ၏ သတိရစ အတွေ့အကြုံကို ဆာရာက ဖွင့်ဟခဲ့သည်။ ဆာရာသည် ယခင်အိမ်ထောင်နှင့် ရခဲ့သည့် သားဖြစ်သူ မိုက်ကယ်ကိုလည်း မွေးကင်းစ ကလေးအဖြစ်သာ ထင်မြင်လျှက် ရှိနေသည်။

ကျန်ကလေးနှစ်ဦး မွေးဖွားမှုကို သူမ လုံးဝ မမှတ်မိတော့ရာ မိသားစုက အမှတ်တရ ရိုက်ကူးထားသောဓာတ်
ပုံများ၊ ဗီဒီယိုများကို ပြသပြီး သူမအား ရှင်းပြခဲ့ရသည်။


သူမက အစ်ကိုဖြစ်သူအား တွေ့မြင်ချိန်တွငထိပ်ပြောင်နေပြီဟု ရေရွတ်မိခဲ့ကြောင်း ဆိုသည်။ကျွန်မအိမ်ပြန်
လာတဲ့ထိ အားလုံးက စိတ်ရှုပ်စရာတွေချည်းပဲ။ ကျွန်မက ခင်ပွန်းဟောင်းနဲ့ ပေါင်းသင်းနေတုန်းပဲလို့ ထင်နေ
တာ။ ဒါပေမဲ့ အမေက ကျွန်မကို ရှင်းပြတယ်။

ကျွန်မယောက်ျားအကြောင်းလည်း သေချာ ပြောပြတယ်။ ဒါပေမဲ့ သူနဲ့ ဘယ်လို စတွေ့တယ် ဆိုတာတောင် မမှတ်မိတော့ပါဘူး"ဟုလည်း ဆာရာက ပြောကြားခဲ့သည်။ သို့သော်လည်း ယခုအခါတွင်မူ အသက်(၃၄)နှစ်
ရှိ ခင်ပွန်းသည် ခရစ်သွမ်ဆင်နှင့် ပြန်လည် ချစ်ကျွမ်းဝင်နေပြီဟုလည်း ဆိုသည်။ ခင်ပွန်းဖြစ်သူက သူမအား စိတ်ပျက်စရာ အခြေအနေများကို မေ့ပျောက်စေသူဟု ဆာရာက ချီးကျူးခဲ့သည်။


ကျွန်မသူ့ကိုချစ်မိသွားပြီလို့ခရစ္စမတ်မှာ ပြောခဲ့ပါတယ်။ကျွန်မအတွက်ပထမဆုံးလိုပါပဲ။အဲ့ဒီအချိန်တွေတုန်း
က ကျွန်မ ဆယ်ကျော်သက် တစ်ယောက်လို ဖြစ်နေတယ်။ဆံပင်ကို ရောင်စုံ ပြောင်းပြီး ဆိုးတယ်။သူကကျွန်
မကို ပုံစံသစ်နဲ့ အသားတကျ မဖြစ်ပေမယ့် သည်းခံခဲ့တယ်။

တကယ့်ကို အံ့ဩစရာပါပဲ။ ကျွန်မဟာ ဘယ်လို လူတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာ ပြန်ပြီး အဓိပ္ပါယ် သတ်
မှတ်ဖို့ ကြိုးစားရုန်းကန်ခဲ့မိတယ်။ ဒါပေမဲ့ အဲဒါဟာ ကျွန်မအတွက် အရေးမကြီးတော့ဘူးဆိုတာ ခုတော့ သိပါ
ပြီ"ဟု ဆာရာက ပြောဆိုခဲ့သည်။

သူမသည် ကွန်ပျူတာ အသုံးပြုနေရင်း ကျောဘက်နှင့်ကုပ်ပိုးမှ နာကျင်မှု ဝေဒနာ ခံစားရပြီးအမြင်အာရုံတွင်
အစက်အပြောက်များ ပေါ်လာကြောင်း ပြောဆိုပြီးနောက် သတိလစ်သွားခဲ့ခြင်းဟု သိရသည်။

ဆာရာသည် ယခုအခါတွင်မူ ခင်ပွန်းသည် ခရစ်အပြင် အသက်(၁၄)နှစ်ရှိသားကြီးမိုက်ကယ်၊အသက်(၅)နှစ်
အရွယ် သားငယ် ဒန်နီရယ်လ်၊ အသက်(၄)နှစ်ရှိ သမီးလေး အေမီတို့နှင့်အတူ မိသားစုဘဝကို ပြန်လည် ပိုင်
ဆိုင် ပျော်ရွှင်နေပြီဖြစ်သည်။


Planet Myanmar Network

0 comments:

Post a Comment