Pages

Wednesday, September 26, 2012

ကျောတစ်ခင်းစာ တိုက်ပွဲနှင့် ဆေးမရှိသေးသည့် အိမ်ကိုက်နာ (ရန်ကုန်မြို့နေ လူမှုဘ၀)


ဒီအချိန်ကသူတို့ဘဝအတွက်အခက်ခဲဆုံးအချိန်ဟုအီလက်ထ ရောနစ်Show Roomသာတစ်ခုတွင်လုပ်ကိုင်
သာအသက်၂၇နှစ်ရှိကိုမိုးကျော်(အမည်လွှဲ)က ပြောသည်။နောက်လဆိုလျှင်တိုက်ခန်းငှားထားသည့်ခြောက်
လစာချုပ်ပြည့်ပြီ။ ဆက်ငှားလိုပါကမူလဈေး ခြောက်သောင်းမရတော့။တစ်သောင်းတိုးကာခုနစ်သောင်းပေး
နိုင်လျှင် ဆက်ငှားမည်ဟု ပိုင်ရှင်က ရာဇသံထုတ်ထားသည်။
တစ်ပူပေါ်တစ်ပူဆင့်ပြန်သည်ကတစ်နှစ်နီးပါး။သူတို့လင်မယားနှင့်အတူစပ်ပေါင်းငှားနေသောလင်မယားက
သီးခြား ခွဲနေတော့မည့်အကြောင်း ဆိုင်း မဆင့်ဗုံမပါ ကြေညာသည်။

ရန်ကုန်ကတော့ဗျာ။သေတာကမှကျော်သူရှိနေတော့စိတ် အေးလက်အေး သေပစ်လိုက်လို့ရ ဦးမယ်။ အခု
]နေဖို့အတွက်တော့ ရူးတောင်ရူးချင်လာပြီ''ဟုကိုမိုး ကျော်ကစိတ်ဓာတ်ကျနေသည့် အသွင်ဖြင့် ပြောသည်
။သူရထားသည့်ဘွဲ့က သင်္ချာ။ ဝယ်သူလာလျှင်တီဗီများထမ်းရ၊တင်ရနှင့်ကူလီပါပဲဟုဘုတောသည့်အလုပ်က
လစာရှစ်သောင်း။

အလှကုန်ကုမ္ပဏီတစ်ခုတွင် ရုံးထိုင် ဝန်ထမ်းအဖြစ် လုပ်နေသည့် သူ့ အမျိုးသမီးကတော့ ယခုလမှ ခြောက်
သောင်းစရသည် ဆို၏။ယခင်ကတော့နှစ်ဦးပေါင်းလစာတစ်သိန်းကျော်ကျော်ဆိုသော်လည်း သူတို့လို လင်
မယားတစ်တွဲ နှင့် တွဲနေ၍ အိမ်လခက တစ်လမှ သုံးသောင်းသာ။တစ်နှစ်တိတိအဆင်ပြေနေခဲ့သော သူတို့
၏ ကျောတစ်ခင်းစာသည် ယခုတော့သေရေးရှင်ရေးအဖြစ် ခေါင်းလောင်း တီးနေပြီဖြစ်သည်။

အရင်နေခဲ့တဲ့ လှိုင်သာယာပဲ ပြန်ရွှေ့ရတော့မယ်ထင်တယ်။အဲဒီနေရာကသွားရေးလာရေး အဆင်မပြေဘူး
ဗျာ။ မိန်းမနဲ့ကျွန် တော် အလုပ်ဆင်းချိန်လည်း မတူ ဘူး။မိုးချုပ်တော့အပြန်ကားခက် တယ်။ အဲဒီဒဏ်မခံနိုင်
လို့ မြို့ထဲ အလုပ်နဲ့နီးနီးနားနားဒီဗဟန်းထဲမှာ ငှားနေတာပါ။ နယ်က မိဘတွေဆီ က ပိုက်ဆံတော့ လှမ်းချေး
ထား တာပဲ။ ဘာလုပ်ရမှန်းကို မသိတော့ ပါဘူးဗျာ''ဟု ဆိုရင်း ကိုမိုးကျော်က လက်ဖက်ရည်မရှိတော့သည့် ခွက် ကို အယောင်ယောင်အမှားမှား ကောက်မော့လိုက်ပြီးမှ သူ့ကိုယ်သူ တောက်ခေါက်သည်။

အိမ်သည် ဤအရပ်၌ ပျော်စရာ မဟုတ်ပါ  အိမ်သည် အားလုံးအတွက် တော့ ပျော်ရွှင်ဖွယ်ရာ မဟုတ်ပါ။ ထူး
အိမ်သင်၏ 'အမေ့အိမ်'သီချင်း အား လူကြိုက်များရခြင်းမှာ နွေး   ထွေးလုံခြုံသော အိမ်၏အဓိပ္ပာယ် ကို ဆုံးရှုံး
နေရ၍ဖြစ်မည်ဟုထင်ပါသည်။အထူးသဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ရန်ကုန်သို့ ရွှေရောင်မျှော်လင့်
ချက်ဖြင့် ဖောင်ဖျက်၍လာရောက်အလုပ်လုပ်ကိုင်နေ သော ကျေးလက်၊ နယ်မြို့များမှ သူများ အတွက်တော့
ရန်ကုန် ၏ ကျောတစ်ခင်းစာသည် သူတို့ မျှော်လင့်ထားသည်ထက်ပို၍ခက်ခဲ သောတိုက်ပွဲစစ်စစ် ဖြစ်လာခဲ့
ပါ ပြီ။

အခြေခံနှင့် အလယ်အလတ် လုပ်သားအများစု၏ ဝင်ငွေနှင့်လိုက် လေဝေးလေဖြစ်နေသောကုန်ဈေး နှုန်းမိုး
ထိထောင်နေသော လူနေမှု စရိတ်များနှင့်ဘဝရပ်တည်မှု၊လှုံ ခြုံမှု အာမခံချက်မရှိသော ကိုယ်ဖြစ်ကိုယ်ခံရန်
ကုန်တွင် ကျောတစ်ခင်း စာအတွက်ကိုမိုးကျော်တို့ကဲ့သို့ ဘဝအခြေပျက်မတတ်ရင်ဆိုင်နေ ရသူများအဖို့မူ
အားကိုးရာသည် နတ္ထိမှ တက်မလာသေးခြင်းကတော့ အမှန်တရားဖြစ်သည်။

ရန်ကုန်၏ မူလရှိရင်းစွဲလူဦး ရေအရမူ ပြဿနာမဟုတ်။သို့ သော်ဖွံ့ဖြိုးစနိုင်ငံငယ်များတွင် ကြုံတွေ့ရတတ်
သည့်အတိုင်းကျေး လက်နှင့် နယ်မြို့များကို စွန့်ခွာ၍ မြို့ကြီးပြကြီးများသို့ ပြောင်းရွှေ့အခြေချနေထိုင်သူများ
ရွှေ့ပြောင်းလုပ်သားများတစ်စတစ်စတိုးပွား လာခြင်းသည်ပင်အထက်ပါ ပြဿနာများ၏အစ ဖြစ်သည်။

အဆိုပါပြဿနာသည် ယခု နှစ်အတွင်း ပိုမိုသိသာလာနေပြီး အရပ်သားအစိုးရ အပြောင်းအလဲ၊ ပွင့်လင်းလာ
သောစနစ်နှင့်တိုးပွားလာမည့်အလုပ်အကိုင်အခွင့်အလမ်းများနှင့် အတူ ရှေ့သို့မဖြစ်မနေ အမီလိုက်ရတော့
မည့် နောက်ကျကျန်နိုင်ငံအတွက်အနာဂတ်စိန်ခေါ် မှုတစ်ခုလည်းဖြစ်လာနိုင်ပါသည်။

နိုင်ငံတကာ ရောဂါ

ယင်းကဲ့သို့ လူဦးရေတိုးပွား လာမှုကြောင့် အာရှ၏ အင်အားကြီး နိုင်ငံတစ်ခုဖြစ်သော ဂျပန်တွင် လည်း အိမ်
ရာမဲ့ ပြဿနာများ ရင်ဆိုင်ခဲ့ရသည်။ဂျပန်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာလက်ရှိကာလတွင် ၅ ဒသမ၂ ရာခိုင်
နှုန်းရှိပြီး ဆင်းရဲ နွမ်းပါး မှုနှုန်း ၁၅ ဒသမ ၇ ရာခိုင်နှုန်း အထိရှိနေကြောင်း၊ထို့အပြင် ဂျပန် နိုင်ငံသည် စက်မှု
ဖွံ့ဖြိုးတိုးတက်မှုအမြင့်မားဆုံးနိုင်ငံတစ်နိုင်ငံဖြစ် သော်လည်းအိမ်ရာမဲ့ဦးရေမှာ ၁၅၁၈ဝဝ အထိရှိနေကြောင်း
သိရ သည်။

တစ်ကိုယ်စာအခန်းဟိုတယ်

ဂျပန် အိမ်ရာမဲ့များသည် တစ် ကိုယ်စာ အခန်းငယ်ဟိုတယ်များ တွင် နေထိုင်လာကြကြောင်း နယူး ယောက်
တိုင်းမ်သတင်းစာ ခေါင်း ကြီးပိုင်း၌ မကြာသေးမီက ဖော်ပြ ခဲ့သည်။

အဆိုပါ တစ်ကိုယ်စာ အခန်း ငယ်လေးများတွင် တစ်ညတာ အိပ်စက်၊ တည်းခိုရုံမကတော့ဘဲရက်သတ္တတစ်
ပတ်ပြီး တစ်ပတ် နေလာကြပြီး လနှင့်ချီသည်အထိနေထိုင်လာကြကြောင်းယင်းဖြစ်ရပ်အပေါ်ဟိုတယ်ပိုင်ရှင်
များ သတိ ပြုမိလာပြီးတစ်လစီအတွက်အထူး နှုန်းလျှော့ဈေးများပေးလာခဲ့သည်။ ထိုကဲ့သို့ နေထိုင်ခြင်းသည် အလုပ် လက်မဲ့များနေဖို့ထိုင်ဖို့ အဆင်ပြေ စေသောကြောင့် အစိုးရကိုယ်တိုင် အဆိုပါဟိုတယ်လိပ်စာကို ၄င်း
တို့၏လက်ရှိနေရပ်လိပ်စာအဖြစ် ပေးရန် ခွင့်ပြုထားကြောင်း သိရသည်။

အချို့ အိမ်ခြေမဲ့များမှာမူ ၂၄ နာရီဖွင့်လှစ်သည့်အင်တာနက်ဆိုင်များတွင်ညလုံးပေါက်နေကြပြီး တစ်ဦးချင်း
အခန်း၊ ကိုယ်ပိုင်အခန်း စတာတွေငှား၍ရရှိကာတစ်လလျှင် ၁၅ ဒေါ်လာမှ ၂၅ဒေါ်လာသာကုန် ကျမှာဖြစ်
ကြောင်းလည်းသိရသည်။

ရန်ကုန်သည် ဂျပန်မဟုတ် သို့သော်

ရန်ကုန်မှာက နိုင်ငံလူဦးရေ ရဲ့ ၁ဝ ရာခိုင်နှုန်းလောက် နေထိုင် တာပါ။တစ်နှစ်တစ်နှစ်ကိုလည်း ပြောင်းရွှေ့
နေထိုင်သူတွေရှိလို့ အခန်းပေါင်း နှစ်သောင်းလောက် လိုပါတယ်။ ဒီအတွက် နောင်အနာ ဂတ်မှာ နိုင်ငံတော်
နဲ့ ကုမ္ပဏီတွေ ပေါင်းပြီး ဆောင်ရွက်မှအဆင်ပြေ မှာပါ။ စင်ကာပူဆို ရန်ကုန်မြို့ရဲ့ လေးပုံတစ်ပုံပဲ ရှိတာ။

ဒါပေမဲ့ အစိုးရက ချမ်းသာတဲ့အတွက် ရှေ့ ၁ဝ နှစ် အနှစ် ၂ဝ အတွက် ကြို ပြီး စီမံကိန်းတွေလုပ်တယ်။ ဒီအ တွက် အခက်အခဲမရှိဘူး။ လူတိုင်း အိုးပိုင်အိမ်ပိုင်ရှိတယ်။ ဒီမှာလည်း အစိုးရက
 အပြောင်းအလဲတွေ လုပ် လာပြီဆိုတော့ နိုင်ငံခြားအကူအညီ တွေကိုလည်း မျှော်လင့်ရတာပါပဲ'' ဟု Gold Cycle Engineering & Project International Co.,Ltd. မှ မန်နေးဂျင်းဒါရိုက်တာ ဦးသက် ခိုင်ကသုံးသပ်သည်။

အတက်ကြမ်းကြမ်းအိမ်ဇာတ်လမ်း

လက်ရှိအနေအထားအရ ရန် ကုန်မြို့အိမ်ငှားဈေးကွက်မှာ၂ဝ၁၂နှစ်ဦးမှစ၍ မြင့်တက်လာပြီး နေရာ ကောင်း
များတွင် ၃ဝ ရာခိုင်နှုန်းမှ ၄ဝ ရာခိုင်နှုန်းနီးပါး တိုးလာကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ကိုင် နေသူများ
ထံမှ သိရသည်။''အခြေခံနဲ့ လူလတ်တန်းစား တွေရဲ့ တစ်သိန်းအောက် အငှား ရာခိုင်နှုန်းကတော့ မှန်းလို့မရ
ဘူး။ ဒါပေမဲ့ ဝန်ထမ်းတွေနဲ့ ကျောင်း သားတွေကတိုက်ခန်းဈေးနှုန်း မြင့်လာတာနဲ့အမျှ ဈေးနှုန်းတိုးရင်တိုးသ
လောက် လူကို ပိုပြီး များများ စုနေလာကြတယ်။

အရင်တုန်းက

တစ်သိန်းခန်းက တစ်သိန်းခွဲဖြစ် သွားရင် အရင် လေးယောက်စုနေရာကနေ ဆယ်ယောက်လောက် စုပြီးနေ
ကြတာပေါ့။ အဲဒီလို ဖြစ် လာတယ်''ဟု စိုင်းခွန်နောင် အိမ်ခြံ   မြေအကျိုးဆောင်မှ စီမံမန်နေ ဂျာဦးရန်အောင်
က ပြောသည်။

အကျိုးမျှော်ကာ ထိုးဆော်ကြ သူများ

ရန်ကုန်အိမ်ငှားဈေးကွက်၏ ပုံမှန်သဘာဝအရမူ ဝါမဝင်မီအချိန် အိမ်ခန်းအပြောင်းအရွှေ့ လှုပ်ရှား တတ်ပြီး ယင်းကာလတွင်ဈေးနှုန်းအပြောင်းအလဲ ဖြစ်တတ်သော်လည်းယခုနှစ်တွင်မူလစဉ်နှင့်အမျှ အငှားဈေးကွက်
လှုပ်ခါနေသည်မှာထူးခြားမှုဖြစ်သည်။ထို့ပြင်ဘုရင့်နောင်၊ လှည်းတန်း၊ တာမွေနှင့် ရွှေဂုံတိုင်လမ်းဆုံများတွင်
ခုံးကျော် တံတားများ ဆောက်လုပ်သည့် စီမံကိန်းများကြောင့်လည်း အဆိုပါ နေရာဝန်းကျင်ရှိ တိုက်ခန်းများ
၏ အငှားဈေးနှုန်းမှာ အဆမတန် ခုန် တက်သွားကြောင်းအိမ်ပွဲစားအချို့ ထံမှ သိရသည်။

ထိုကဲ့သို့ အခြေခံနှင့် အလယ် အလတ်လုပ်သားများအများစု ဝင်ငွေအရအလုပ်လုပ်ခြင်းသည် ဘဝတိုးတက်
ရန်ထက် နေ့စဉ် ဝမ်း မီးနှင့် ကျောချရန်အတွက်သာ ရှာ ဖွေနေရသကဲ့သို့ ဖြစ်နေပြီး တစ် ကိုယ်ရေ တစ်ကာ
ယမဟုတ်သူများ အဖို့ကြီးမားသောပြဿနာ ဖြစ်ပါ သည်။

 ''မရှိလွန်းလို့သာ ငှားနေရ တာဗျာ။အခန်းကကျဉ်းလွန်းတော့ကျောချပြီးရင်ဟိုဘက်ဒီဘက် လှည့်လို့တောင်
 သိပ်မရချင်ဘူး။ တစ်ခါတစ်ခါဆို ကျွန်တော် တွေး မိတာ ရှိတယ်။ ငယ်ငယ်က သင်ခဲ့ ရတာလေ။ ရေနံမြေအ
လုပ်သမား တွေက ၁ဝ ပေပတ်လည်အခန်း ကျဉ်းလေးထဲမှာ နေရတယ်တဲ့။ အဲဒါ ကိုလိုနီခေတ်ကနော်။ အခု ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက် နေပြီ။ကျွန်တော်တို့နေရတဲ့အခန်း က ၅ ပေ ၈ ပေဆိုတော့ တစ်ခါတစ်
ခါရယ်ချင်သားဗျာ''ဟု ခနိုးခနဲ့ ရင်ဖွင့်သူက လမ်းမတော် (၅)လမ်း ရှိလင်မယားအဆောင်တွင် တစ်လ လေး
သောင်း၊ လချင်းရှင်းစနစ်ဖြင့် ငှားရမ်းနေထိုင်နေရသော ကိုချစ်နိုင် ဖြစ်သည်။

သူတို့လင်မယားက ယခင် အချိန် လှိုင်သာယာတွင် နေထိုင်သော်လည်းအလုပ်ရှိရာ မြို့တွင်းသို့ လာရသည့်
ခရီးစရိတ်နှင့်ကားစီးရ သည့်ဒုက္ခများကြောင့်ဤသို့ ကျဉ်း ကျဉ်း ကျုတ်ကျုတ်အခြေအနေကို ရွေးချယ်ရခြင်း
ဟု ဆိုပါသည်။

ကိုချစ်နိုင်က ဧရာဝတီဒေးဒရဲမြို့မှ ရန်ကုန်သို့ အလုပ်လာလုပ်ရင်း ရန်ကုန်သူနှင့် နဖူးစာ ရွာလည်ခဲ့သလို ဘ
ဝတွေလည်း ချာချာလည် ဟုရယ်ရယ်မောမောပြောပါသည်။လက်ရှိဘဝအနေအထားမှ ကျွတ်ချင်ပြီဟုသူဆို
သော်ငြား နှစ်သိန်းမပြည့်သည့် နှစ်ဦးပေါင်း လစာကြောင့် ထိုနေရာမှလွတ်လမ်း မမြင်သေးသည့်အပြင် ခြစ်
ကုတ်နေ ရခြင်းများလာ၍ ပျက်ကွက်ရသည့် လူမှုရေးများလည်း မနည်းတော့။

 ''အိမ်ထောင်ပရိဘောဂလည်း ဘာမှမရှိတော့ ဒီလိုမျိုး လင်မယား အဆောင်မှာ ခေါင်းဝင်ကိုယ်ဆံ့ နေလို့ရ
သေးတာပေါ့ဗျာ။ ဒါကြောင့် လည်း လူဦးရေတိုးမယ့်ကိစ္စကို တောင် ကာကွယ်ထားရတယ်ဟုမျိုးဆက်တာဝန်
 မကျေနိုင်သေး သည့်အပေါ် သူရှက်ရွံ့သည့်ပုံစံဖြင့် ပြောသည်။

အများစု ကြုံတွေ့နေရသည့်ပုံသဏ္ဌာန်အရမူအိမ်ငှားသည့်အခါအကျိုးဆောင်နှင့်ပွဲစားကအိမ်ရှင်ထက်တွင်
ရှိနေတတ်ပြီး ၄င်း တို့သတ်မှတ်ထားသည့် ဈေးနှုန်း အတိုင်းသာ ယူ မယူ ဆုံးဖြတ်ရန် မှလွဲ၍ အခွင့်အရေးမရှိ
ကြောင်းနှင့် ဝယ်သူအမြဲမှန်သည်ဆိုသည့်စကား မှာ ဤလောကတွင် ဟာသသာ ဖြစ်သည်ဟု ရန်ကုန်တွင်
ခြောက် နေရာခန့် ပြောင်းရွှေ့နေထိုင်ခဲ့ဖူးသည့်တက္ကစီယာဉ်မောင်းတစ်ဦး ဖြစ်သူကိုနေကျော်ကပြောသည်။

ကျွန်တော့်အတွေ့အကြုံအရ ပွဲစားရဲ့သဘာဝကသူတို့ မြိုး မြိုးမြက်မြက်ရဖို့ပဲစဉ်းစားကြတာ။ သူတို့ကလည်း
သူတို့စားဝတ်နေ ရေးအတွက် လုပ်ရတာပါလို့ ပြော ပေမယ့်တစ်ဖက်လူရဲ့အခက်အခဲကို တွေးမပေးဘူး။ ခင်
ဗျားကို အတင်း လည်းတောင်းပန်ပြီး ငှားခိုင်းမှာ မဟုတ်ဘူး။တန်းစီနေတာဗျ။အဲဒီတော့ ခြောက်သောင်းတန်
လောက်က ခုနစ်သောင်း ရှစ် သောင်းပြောလည်းခင်ဗျား ငှားမလား၊မငှားဘူးလား။ ဒါပဲလေ''ဟု သူက ပြော
သည်။

ပွဲစားမလိုပါဟု ပြတ်ပြတ်သား သား ကြေညာထားသည့် အိမ်ခန်း တိုက်ခန်းများရှိသော်လည်း ရှားပါး ပါသည်။ ရန်ကုန်မြို့တွင်ငှားရမ်း နေထိုင်သူအများစုမှာအိမ်ရှင်နှင့် နဖူးတွေ့ ဒူးတွေ့ဆုံရသည်မဟုတ်ဘဲပွဲစားနှင့်သာ
ပြီးရသည်က များ သည်။

ထို့အတွက်ကြောင့်လည်း အိမ်ငှားဈေးကွက်တွင် ပွဲစားသည် သာ ဘုရင်။

''ဈေးကတော့ အိမ်ရှင်သတ် မှတ်ထားတဲ့ နှုန်းအတိုင်း ပြော  တယ်။ပွဲခအတွက်အိမ်လခရဲ့ တစ်လစာကို အိမ်
ရှင်ဘက်ကရော အိမ်ငှားဘက်ကပါ ယူတယ်။ အိမ် ရှင်က ပွဲခမပေးရင်တော့ ပွဲညွန့် သဘောမျိုးနဲ့ သူသတ်
မှတ်ထားတဲ့ နှုန်းထက်ပိုတင်ပြီးအိမ်ငှားကို ပြောတယ်။လက်ခံရင်တစ်လစာ ပွဲခအပြင် ဈေးပိုတောင်းတဲ့နှုန်း
အတိုင်း အကုန်ရတယ်''ဟု ကျောက် မြောင်းမြို့နယ်မှ အိမ်ပွဲစား မလှဌေး က သူမတို့၏လုပ်ငန်းသဘာဝကို
ပြောပြသည်။

စမ်းချောင်းမြို့နယ်မှ အိမ်ပွဲစား ဒေါ်သီတာကလည်း ''အခုက အငှားဈေးတွေ မြင့်လာတော့ အိမ် ကြည့်တဲ့သူတွေက အရမ်းရွေးကြ တယ်။ အဓိကကတော့ ငွေမတတ် နိုင်တာပဲ။ တစ်ခါတစ်ခါ ပွဲခရဖို့ ဟိုဘက်ဒီဘက် ပြေလည်အောင် ညှိပေးရတာ မလွယ်ဘူး။ဒီနေရာ မှာတော့ အလယ်အလတ်တန်းစား လူတန်းစားတွေ ငှားကြတာ များပါ တယ်။ သာမန်လူတန်းစားကတော့ မကပ်နိုင်ကြဘူး'' ဟု ဆိုသည်။

အနာဂတ်ရောင်နီ မပီတပီ

အမှန်ဆိုရလျှင် အိမ်ငှားပြဿ နာများက မုန့်လုံးကို စက္ကူကပ်ခြင်း လို အိမ်ရှင်က အိမ်ငှားကို လက် ညှိုးထိုး၊
အိမ်ငှားကပွဲ စားကိုအပြစ်တင်နှင့်ချာချာလည်။ အခက်အခဲနှင့်မပြေလည်မှုများရှိသော်လည်း ဘဝအခြေမ
ပျက်စေရေးအတွက် အားလုံးကကျားကုတ်ကျားခဲရပ် တည်နေခြင်း ဖြစ်ပါသည်။ထိုအခြေအနေများ အတွင်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းဆို သည့်အသံများအနည်းငယ်ကျယ် လောင်လာခြင်းသည်ပင်ရန်ကုန် မြို့ပြမြစ်
အတွင်း နစ်နေသူများအ တွက် ကောက်ရိုးတစ်မျှင် ဖြစ်လာ မလားဟု နားစွင့်နေသူတွေက အများအပြား။အ
ဆိုပါစီမံကိန်းများအပေါ် စိုင်းခွန်နောင်အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီမှ စီမံမန်နေ ဂျာဦးရန်အောင်က ဤ
သို့ သုံးသပ် ခဲ့သည်။


'တန်ဖိုးနည်း အိမ်ရာစနစ်က ပေါ်သင့်တာ ကြာပါပြီ။ ဒါပေမဲ့ အခုမှ ခေတ်စနစ်ပြောင်းလာတဲ့အတွက်ကြောင့်
 ဒီစီမံကိန်း စလာတာပါ။တန်ဖိုးနည်းအိမ်ရာတွေရဲ့သဘောကကုမ္ပဏီတွေကဆောက်မယ်၊ အရစ်ကျရောင်း
မယ်၊ ဘဏ်တွေနဲ့ချိတ်ဆက်ပြီးတော့ အလုပ် လုပ်မယ်၊ ဘဏ်ကနေ ကုမ္ပဏီတွေ ကို ငွေချေးမယ်။ ဘဏ်က အတိုး ယူမယ်အရစ်ကျသွားမယ့်သဘော။

အဲဒါက နောက်ပိုင်း ပိုပြီး ဖွံ့ဖြိုးလာ မယ်''ဟု ၄င်းက ပြောသည် ။သို့ရာတွင် လက်ရှိအနေအ ထားအရမူ အိမ်
ရာစီမံကိန်းများ သည် ပြည်သူအများစု လက်လှမ်း မမီနိုင်ဘဲ အဝေးမှသာ ငေးနေရဆဲ အတွက်မူ၎င်းက''ဈေး
ကွက်စီး ပွားရေးစနစ် ပီပီပြင်ပြင် မဖြစ်သေး ဘူးလေ။

အဓိကကတော့ နှစ် ၂ဝ လောက်က စနစ်တွေမှားယွင်းခဲ့ တော့ အဲဒီရဲ့အကျိုးသက်ရောက်မှု က ဒီမှာလာပြီး အရှိန်နှေးနေတာ ပေါ့။ အခုကတော့ လူလတ်တန်း စားတွေတောင် မကပ်နိုင်သေးဘူး။တကယ်လည်း အပြိုင်
အဆိုင်တွေ မပေါ်သေးလို့ပါ။ စီမံကိန်းတွေ နည်းနေသေးတဲ့အတွက် အကောင် အထည်မပီပြင်သေးတာပါ'' ဟု ဆိုသည်။

Father Land ဆောက်လုပ် ရေးမှတာဝန်ရှိသူတစ်ဦးက''အိုးပိုင်အိမ်ပိုင် နေနိုင်အောင် နိုင်ငံတော်ကလုပ်ပေးဖို့
လိုလာပြီ''ဟု ဆိုသည်။

Golden Star မှ ဦးစိုးသန်း ကလည်း အိမ်ခန်းငှားရမ်းမှုဈေးနှုန်းများမြင့်တက်နေမှုနှင့် လက်ရှိ ပြဿနာအပေါ်
သုံးသပ်ရာတွင် ''နိုင်ငံတော်ကတန်ဖိုးနည်းဈေးနှုန်း ကျစေချင်တယ်ဆိုရင် နိုင်ငံပိုင်မြေ စီမံကိန်းတွေရေးဆွဲ
ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းလုပ်ဖို့ လိုပါတယ်။ နိုင်ငံတော်က မြေပေး မယ်ဆိုရင် အခွန်အခမပါ
တော့တဲ့ အတွက် ၅ဝ ရာခိုင်နှုန်းလျော့ကျ သွားမယ်''ဟု ဆိုသည်။

၎င်းအပြင် တန်ဖိုးနည်း အိမ် ရာများဆောက်လုပ်ပေးသင့်ပြီး နှစ် ရှည်အရစ်ကျစနစ်ဖော်ဆောင် နိုင်ပါက အ
ခန်းခများဈေးလျော့သွား နိုင်ကြောင်း၎င်းကထပ်လောင်းဆို သည်။မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအ
သင်းမှ အထွေထွေ အတွင်းရေးမှူးဒေါ်မိုမိုအောင်က'အစိုးရက မြေမပေးဘူး ဆိုရင် ဆောက်လုပ်ရေးလုပ်ငန်း
ရှင်တွေက မြေဝယ်ပြီးတော့ ဆောက်ရမှာပေါ့ နော်။ ဆောက်လုပ်ရေးလုပ်ငန်းရှင် တွေကလည်းသူတို့တွက်
ချေကိုက်မှ ဆောက်မှာ။ ရန်ကုန်နဲအလှမ်းဝေးတဲ့နေရာ ယုဇနဥယျာဉ်မြို့တော်လို နေရာမျိုးတွေမှာ ဆောက်
မယ်ဆို ရင် သူတို့အတွက် တွက်ချေကိုက် မယ်။ အစိုးရကမြေပေးရင် တစ်ဝက် လောက်သက်သာသွားမယ်။

ဒါဆို လူတိုင်းနီးပါးဝယ်နိုင်မယ်''ဟုသုံး သပ်သည်။မည်သို့ပင်ဆိုစေကာမူ လတ် တလောအနေဖြင့် ရန်ကုန်မြို
တော်တိုးချဲ့ရန်အတွက်နိုင်ငံတော်သမ္မတဦးသိန်းစိန်က နှစ်၃ဝ စီမံကိန်း အဖြစ် မြေဧကလေးသောင်းကိုစက်
တင်ဘာလ ၁၄ ရက်တွင် ခွင့် ပြုပေးလိုက်ပြီးနောက် မြေဈေးများ ကတော့ လှုပ်ခတ်မြင့်တက်သွား ခဲ့ကြောင်း
အိမ်ခြံမြေလုပ်ကိုင်နေ သူများထံမှ သိရသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ စိုင်းခွန်နောင် အိမ်ခြံ မြေအကျိုးဆောင်ကုမ္ပဏီမှစီမံမန် နေဂျာဦးရန်
အောင်က သုံးသပ်ရာ တွင်   ''မြန်မာနိုင်ငံမှာက ဘာမှား နေသလဲဆိုရင် မြို့မြေတိုးချဲ့ တယ်ဆိုရင် ဒီအတိုင်း
မြေကို လက် ညှိုးထိုးရောင်းတာ။

အဲဒီ့မြေပေါ်မှာ လမ်းတို့၊ မီးတို့၊ အခြေခံအဆောက် အဆုံတို့ ဘာမှ လုပ်မထားတော့ တကယ့်လူနေဖို့ အဆင်
သင့်မဖြစ် သေးဘူး။မဖြစ်တဲ့အတွက်အဲဒီမြေ တွေကိုဝယ်ရောင်းသမားတွေကပဲ ပါမစ်တွေ စလစ်တွေကိုင်ပြီး
ကစား နေကြတာ၊ မြေကြီးသက်သက်ကို လေး ငါးနှစ်ဒီအတိုင်းထားပြီး ဈေး တွေသာတက်လာတယ်''ဟု ဆို
သည်။ဈေးကွက်စီးပွားရေး စနစ်ပီ ပြင်သော နိုင်ငံများတွင် အိမ်ခြံမြေ စသဖြင့် ဝယ်ယူရာတွင် နှစ်ရှည် အရစ်
ကျစနစ်ဖြင့် ခွင့်ပြုထားပြီး ပေးသွင်းမှုမှာလည်း ဝင်ငွေ၏ ၁ဝ ရာခိုင်နှုန်းကိုသာ သွင်းရသည့် အတွက် ဝယ်ယူ
နိုင်ကြကြောင်း ၄င်းကထပ်မံပြောသည်။

ထူးမခြားနား ရန်ကုန်

သို့ရာတွင် အပြောင်းအလဲ များက အခုမှစသည် ဟူသောစကားလုံးများနှင့်သာအနာဂတ် ကိုငေးရင်း မြို့ပြ
နှင့်ဝေးရာ ငွေ သက်သာနိုင်မည့် အစွန်အဖျားမြို့ သစ်များတွင် ခိုအောင်းနေရင်း၊ ကျပ်သိပ်ပိတ် လှောင်နေ
သည့် ကားကို အတင်းတွန်းတိုက်စီးကာ သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ ပြေး ရင်းလွှာရင်း၊ တစ်လတာ ရုန်းကန်
ခဲ့ ရသည့် လုပ်အားအတွက် အသပြာ ကို မက်သော်လည်း အိမ်လခအတွက်လကုန်ရက်ကိုကြောက်လန့် နေ
သူများဖြင့် ဒီမိုကရေစီခေတ် ရန်ကုန်သည် ရှေ့သို့သာသွားနေဆဲ ဖြစ်ပါသည်။

သို့ရာတွင်...။''အဓိကနေစရာမရှိ သေးတာ နဲ့ပဲ သီတင်းကျွတ်ပေါင်းလည်းများ ပါပြီ။ကျွန်တော့် ကောင်မလေး
ကလက်ထပ်ကြမယ်လို့ ခဏခဏပြောနေပေမယ့်တကယ်တမ်းလက်ထပ်မယ်ဆိုရင် ယောက်ျားကလေး ဖြစ်
တဲ့ ကျွန်တော်က နေထိုင်စား သောက်မှုအတွက်ဦးဆောင်ရတော့မယ်။ဦးမဆောင်ချင်လို့တော့မဟုတ်ပါဘူး
ဗျာ။ ဒါပေမဲ့ ရန်ကုန် ရဲ့နေထိုင်မှု အခြေအနေက ဘယ် လောက်ဈေးရှိတယ်ဆိုတာ သိနေ တော့ ကျွန်တော့်
အတွက် သောက များပါတယ်'' ဟု ညှိုးငယ်သော မျက်နှာဖြင့်ရင်ဖွင့်နေသူမှာကုန် တိုက်တစ်ခုတွင်လုံခြုံရေး
ဝန်ထမ်း အဖြစ်လုပ်ကိုင်နေသူ သာကေတ မြို့သား အသက် ၃ဝ ဝန်းကျင်ရှိ ကိုမင်းခန့်ပင် ဖြစ်သည်။

ရည်းစားသက်တမ်း ၇ နှစ်၊ချစ်သူမျှော်လင့်နေသော ရင်ခွင်ရိပ်၊ နှစ်ဦးပေါင်းလစာ ကျပ်တစ်သိန်းနှစ် သောင်း
နှင့် မေ့ချင်ယောင် ဆောင် ထားရသော မီးထွန်းပွဲတော်ည များ။''စားတာက ဘယ်လိုစားစားရတယ်။ နေစရာ
မရှိရင်ဘယ်လို မှမရဘူး။ကျွန်တော့်ချစ်သူကောင်မလေးကိုအားနာပေမယ့်လည်း အတူနေဖို့တော့ မစဉ်းစား
နိုင်သေး ဘူးဗျာ။ လက်ထပ်ပြီးတော့မှ နှစ်ယောက်စလုံးမပြည့်စုံတဲ့ဘဝမှာစိတ်ညစ်နေကြရမှာလားဟု ပြော
ရင်း သူအဝေးကိုငေးနေပါ သည်။

အိမ်ဆိုသည်မှာအားလုံးအတွက်တော့ပျော်ရွှင်မှုမဟုတ်ပါ။ရန်ကုန်၏ မြင့်မားသောအဆောက်အအုံများ၊ခံ့ညား
သစ်လွင်သောကွန်ဒိုကြီးများ၊အပန်းဖြေစရာများ နှင့်အဆင့်မြင့်အိမ်ရာများကြားစိတ်လက်ပေါ့ပါးစွာကျောမချ
နိုင်သေးသည့်ညများဆိုသည်မှာ ဘဝ များစွာကို ကိုက်ခဲနေသည့် အနာ ဖြစ်ပါသည်။

အောင်ဇော်၊ တက်လူ၊ ဝေမာထွန်း၊ အိမ်စည်စိုးစံ၊ သီင်္ဂီဝင်း၊

Popular Myanmar News Journal

0 comments:

Post a Comment