Pages

Wednesday, September 26, 2012

အထက (၂) ကမာရွတ်တွင် ကျာင်းအုပ်ဆရာမကြီး ဒေါ်မေလှရီ မှ ကျောင်းသားမိဘများထံမှ အလှူငွေအတင်း အကျပ်ကောက်ခံနေ

 
မြန်မာပြည်မှာမိမိကိုယ်ပိုင်ကားများကိုထုခွဲရောင်းချကာကျောင်းဆော င်သစ်ဆောက်လုပ်နေသောကျောင်း
အုပ်ကြီးတစ်ယောက်အ ကြောင်းကတော့ နဲနဲဆန်းမည်ဟုထင်ပါသည်။
အထက(၂)ကမာရွတ်၊ရန်ကုန်ကျောင်းကကျာင်းအုပ်ဆရာမကြီးဒေါ်မေလှရီ သည် ကျောင်းဆောင်သစ်
ဆောက်လုပ်ရန်အတွက်ကျောင်းသားမိဘများကိုတစ်ရက်လျှင်တစ်တန်းစီ အစည်းအဝေးခေါ်ယူပြီး ကျောင်း
သားမိဘတစ်ဦးလျှင်အနည်းဆုံးငွေကျပ်တစ်သိန်းစီထည့်ဝင်ရန်အတင်းအကျပ် လက်မှတ်ထိုးခိုင်းနေပါသ
ဖြင့် ငွေကြေးမတတ်နိုင်သော ကျောင်းသားမိဘများအတွက် အခက်ကြုံနေရပါ သည်။

ကျောင်းသားမိဘများ အတင်းအကျပ်ဖြည့်စွက်ရသည့်ဖောင်
အစည်းအဝေးမတက်ရောက်သော မိဘများကိုလည်း နောက်တစ်နေ့ ကျောင်း လွှတ်ချိန်တွင် ကျောင်းသား
ငယ်များနှင့် အလှူခံပုံစံ ဖြည့် စွက်စေပါသည်။ ငွေတစ်သိန်းလှူမည်ဟု ကတိပြုစေပြီး အရစ်ကျပေးသွင်းနိုင်
ကြောင်းပြောပါသည်။
 
MRTV4မှကျောင်းသားမိဘများနှင့်တွေဆုံခြင်းအခန်းတွင်လည်းဒုသမ္မတဒေါက်တာ စိုင်းမောက်ခမ်းမှ
ကျောင်းအုပ်ကြီးထံပေးအပ်သောအလှူငွေသိန်း၃၀၀၀မှာ စက္ကူပုံးသာရကြောင်း ငွေတစ်ပြားမှမရကြောင်း၊ 
ကျောင်းဆောင်သစ်ဆောက်လုပ်ရန်MTPဆောက်လုပ်ရေးနှင့်သိန်း၅၀၀၀သဘောတူညီပြီး စတင်ဆောင်
ရွက်နေကြောင်း၊
 
 လောလောဆယ်သိန်း၅၀၀၀ကိုMTPဆောက်လုပ်ရေးမှစိုက်ထုတ်ထားသဖြင့် အရစ်ကျပြန်ပေးရမှာဖြစ်
ကြောင်း၊မိမိ(ကျောင်းအုပ်ကြီး)suzukiR + ကားများကိုလည်း ရောင်းချပြီး စိုက်ထုတ်ထားရသဖြင့် မိမိမှာလည်း ကုန်ပြီဖြစ်ကြောင်း၊အလှူငွေများပြန်ရလျှင်မိမိကားဖိုးပြန်ဖြတ်ယူမည်ဖြစ်ကြောင်း၊မိမိသတင်းများ အင်တာ
နက်ပေါ်တွင်ပလူပျံနေသည်ကိုသိရှိပါကြောင်း၊အမှတ်(၃)အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ဆောက်
လုပ်နေဖြင်းဖြစ်သဖြင့် လူကြီးများလည်းသိရှိပြီးဖြစ်ပါသဖြင့် အင်တာနက်သတင်းများကို ဂရုမစိုက်ကြောင်း၊ မိမိမှာလည်းပင်စင်ယူရန်လပိုင်းသာလိုသဖြင့်ပြုတ်မှာမကြောက်ကြောင်း၊ပင်စင်မယူခင် အပြီးဆောက်မှာ
ဖြစ်သဖြင့် အမြန်ဆုံးလှူဒါန်းကြရန် တိုက်တွန်းကြောင်းပြောကြားသွားပါသည်။
 
အစည်းအဝေးခန်းမအတွင်းProjectorဖင့်အဆောက်အဦကိုရှင်းပြစဉ်ကျောင်းသားမိဘ အင်ဂျင်နီယာတစ်ဦး
မှာယင်းခြောက်ထပ်အဆောက်အဦသိန်း၅၀၀၀ကုန်သည်ဆိုသည်မှာမည်သို့မျှမဖြစ်နိုင်ကြောင်းမှတ်ချက်ပေး
သွားခဲ့ပါသည်။
 
၎င်းဆရာမကြီးသည်နှစ်စဉ် သူငယ်တန်းကျောင်းသား မြို့နယ်ကျော် ၂၀၀ အတွက် ကျောင်းသားတစ်ဦးလျှင် အသားတင်၅သိန်းနှုန်းဖြင့်သိန်း၁၀၀၀အပြင်၎တန်းမှ၅တန်းပြောင်းရွှေ့လာသော မြို့နယ်ကျော်ကျောင်း
သားများ တစ်ဦး ၅ သိန်းနှုန်းဖြင့် ၂၀၀ ဦးအတွက် သိန်း ၁၀၀၀ နှစ်စဉ် ကန်တော့ငွေများ (လာဘ်ငွေများ) ရရှိနေကြောင်း၊၎င်းဖြစ်စဉ်ကိုအထက(၂)ကမာရွတ်ကျောင်းသားမိဘတိုင်း သိရှိပါ ကြောင်း၊ ကျောင်းဖွင့်ရာ
သီတွင် လာရောက်မေးမြန်းစုံစမ်းနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။
 
 
 
ကျောင်းသားမိဘများ
အထက (၂) ကမာရွတ်

မိုးမခ

0 comments:

Post a Comment